စားသုံးရန်မသင့်သည့် တရုတ်နိုင်ငံထုတ် အေးခဲကြက်အဆီဘူးများ မန္တလေးတွင် ဖမ်းမိ

ဖျက်ဆီးရန်ပြင်ဆင်နေစဉ်(ဓာတ်ပုံ−ညီညီဇော်)

မန္တလေးမြို့တွင် စားသုံး ရန်မသင့်သည့် တရုတ်နိုင်ငံထုတ် အေးခဲကြက်သားအဆီဘူးအထုပ် ပေါင်း ထောင်ချီဖမ်းမိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁၄ရက် နေ့လယ်က ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း-မန္တလေးလမ်း၊ တမ္ပ၀တီ ရပ်ကွက်၊ ရာမရပ်အကွက်(၄၇၉)  ရှိ ခြံဝင်းအတွင်း၌ အများပြည်သူ စားသုံးရန်မသင့်လျော်သော တရုတ်နိုင်ငံထုတ် အေးခဲကြက်သားအဆီဘူးများကို သိုလှောင်ထား ကြောင်း သတင်းရသဖြင့် သွား ရောက်စစ်ဆေးခဲ့သည်။ ယင်းခြံ ၀င်းအတွင်း အများပြည်သူစား သုံးရန်မသင့်သော တရုတ်နိုင်ငံ ထုတ် အေးခဲကြက်အဆီဘူးများ ကို ပီနန်အိတ်ကြီး ၁၈အိတ်အတွင်းထည့်ထားသည့် အထုပ်ပေါင်း ၁,၇၂၈ထုပ် (စုစုပေါင်း ၁,၀၃၆ပိဿာခန့်)ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း  မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန်သည်။

      တရုတ်ဘာသာစကားစာတန်း ပါ အေးခဲကြက်သား၊ အေးခဲဘဲသားများသည်  လက်ရှိတွင် တရုတ်ပြည်ဘက်မှ မန္တလေးဈေးကွက်အတွင်း ၀င်ရောက်လျက် ရှိပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကစစ်ဆေးထားခြင်းမရှိကြောင်း ဈေးကွက်အတွင်းသို့ တရားမ၀င်ဖြန့်ဖြူးနေ၍ အများပြည်သူ များ ရောဂါရနိုင်သဖြင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီစည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြား သည်။

‘‘အရင်က ဖမ်းမိတာ အဆီ ဘူးတော့မဟုတ်ဘူး။ ကြက်ရင်ပုံ သားတွေပေါ့။ အချိန်ဒီလောက် မ များဘူး။ အများဆုံးကတော့ ဒီ တစ်ခါပဲ။ ပိဿာတစ်ထောင်ကျော်နီးပါးရှိတယ်။ အရင် ပိဿာ ၂၀၀ တို့၊ အများဆုံး ၅၀၀ လောက်အထိပဲ ဖမ်းမိတာပါ’’ဟု ရဲမှူးငြိမ်း ချမ်းအောင်က ပြောသည်။

ကြက်အဆီဘူးများနှင့်ပတ် သက်၍ ပိုင်ရှင်ကို စစ်ဆေးခဲ့ရာ မူဆယ်မြို့မှ ကယ်ရီကားဖြင့် မှယူတင်ဆောင်လာပြီး နေအိမ်တွင် သိုလှောင်ထားရှိကာ လာရောက်မှာယူသူများအား ပြန်လည်ဖြန့်ဖြူးရောင်းချသည်ဟု စိစစ်တွေ့ရှိရကြောင်းမန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပိုင်ရှင်ကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဥပဒေအရ အရေးယူထားပြီး အေးခဲ ကြက်အဆီဘူး များကို FDA သို့ စစ်ဆေးရန် နမူနာပေးပို့ခဲ့ကာ ဖေဖော်ဝါရီ ၁၄ရက် ညနေတွင် အေးရိပ်ငြိမ် သုသာန်၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မန္တလေးမြို့တော်   စည်ပင်သာယာရေးကော်မတီထံမှ သတင်း ရရှိသည်။