ကသာမြို့တွင် လမ်းချဲ့ရန် ရေမြောင်းတူးရာမှ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးသီးဟောင်း ၁၄ လုံးတွေ့ရှိ

တူးဖော်တွေ့ရှိသော ကမ္ဘာစစ်ကျန်ဗုံးသီးဟောင်းများကို ဒေသခံများက ကြည့်ရှုနေစဉ် (ဓာတ်ပုံ − အေးလွင် ဖေ့စ်ဘွတ်ခ်)

ကသာမြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်က လမ်းချဲ့ရန်ရေမြောင်းတူးဖော်ရာမှဒုတိယ ကမ္ဘာစစ် လက်ကျန်ဗုံးသီးဟောင်း ၁၄ လုံးတွေ့ရှိခဲ့ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

ကသာမြို့နယ် စည်ပင် သာယာရေးအဖွဲ့က ကသာမြို့ စစ်ဝင်းဆိပ်အနီး လမ်းချဲ့စဉ် ရေ မြောင်းတူးရာမှ အဆိုပါဗုံးသီး ဟောင်းများကို တွေ့ရှိခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးဝင်းအောင်ကပြောသည်။

‘‘ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးဟောင်းတွေ စုစုပေါင်း ၁၄ လုံးပေါ့။ တပ်မတော်က တာဝန်ရှိ သူတွေလာယူသွားတယ်။ စစ် လက်နက်လုပ်ထုံးလုပ်နည်းတွေ နဲ့ဆက်လုပ်ကြမှာပေါ့’’ဟု ဦးဝင်း အောင်ကပြောသည်။

ဗုံးသီးများ တွေ့ရှိသော စစ် ၀င်းဆိပ်သည် ကိုလိုနီခေတ်က စစ်တပ်ဝင်းနေရာဖြစ်ခဲ့ပြီး ဒုတိ ယကမ္ဘာစစ်လက်ကျန် ပစ္စည်းအ မြောက်အမြား တွေ့ရှိခဲ့သည့် နေရာဖြစ်ကြောင်း ဒေသခံစာရေး ဆရာအေးလွင်(ကသာ)ကပြော သည်။

More in Regional Section