ဂွမြို့နယ် ပင်လယ်ကမ်းခြေအနီးတွင် ဘင်္ဂါလီများပါရှိသော စက်လှေတစ်စီးတွေ့

 ရခိုင်ပြည်နယ် ဂွ မြို့နယ် ဆပ်သွားကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ဘင်္ဂါလီ ကိုးဦးနှင့် သေဆုံးနေသည့် ဘင်္ဂါ လီ တစ်ဦး၏အလောင်း ပါဝင် သည့် စက်လှေတစ်စီးကို ဖေဖော် ၀ါရီ ၁၅ ရက်၌ ကျေးရွာဒေသခံ များက တွေ့ရှိခဲ့ကြောင်းသတင်း ရရှိသည်။

 အဆိုပါ ဘင်္ဂါလီများပါရှိ သည့် စက်လှေကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်တွင် ဆပ်သွား ကျေးရွာသားများက တွေ့ရှိ ခဲ့ပြီး ဂွမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် လ.၀.က က တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆပ်သွားကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

‘‘စက်လှေပေါ်မှာ ပါလာတဲ့ သူတွေက မြန်မာစကားတစ်လုံးမှ မပြောတတ်တော့ ဘယ်ကလာပြီး ဘယ်ကိုသွားတယ်ဆိုတာ မေးလို့ အဆင်မပြေဖြစ်နေပါတယ်’’ဟု ၎င်းကပြောသည်။

စက်လှေပေါ်တွင် ပါလာ သည့် ဘင်္ဂါလီများကို သက်ဆိုင်  ရာတာဝန်ရှိသူများက ဂွမြို့သို့ ခေါ်ဆောင်သွားကြောင်း ဆပ် သွားကျေးရွာဒေသခံအများစုက ပြောသည်။

Top News