သက်တော် (၁၀၀)ရှိ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး ပျံလွန်တော်မူ

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ရုပ်ကလာပ်ကို ပြင်ဆင်ထားစဉ် (ဓာတ်ပုံ − ထက်သာဦး)

မန္တလေးမြို့ မဟာဝိ သုဒ္ဓါရုံတိုက်သစ် မဟာနာယက ဝါဆိုဆရာတော် (၁၄ ပါးမြောက် ရွှေကျင်သာသနာပိုင်) ဘဒ္ဒန္တအဂ္ဃိ ယမဟာထေရ် သက်တော် (၁၀၀)နှစ်၊ သိက္ခာတော် (၈၀)ဝါသည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ ကြောင်း သတင်းရရှိသည်။

နိုင်ငံတော် ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ရွှေကျင်နိကာယဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာ ပတိ ရွှေကျင်နိကာယ သံဃရာဇာ စုဒ္ဒသမရွှေကျင်သာသနာပိုင် ဇဃမေဒနီဘဒ္ဒန္တအဂ္ဃိယမဟာထေရ် သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁ နာရီခွဲက မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့ ကြောင်း တပည့်ဆရာတော်တစ် ပါးက မိန့်ကြားသည်။

‘‘ဆရာတော်ကြီးက သက် တော်လည်း ၁၀၀ ရှိပြီ။ ဆေးရုံ တင်ထားရတာလည်း ကြာပြီ။ အခု ပျံလွန်တော်မူတာက လူကြီး ရောဂါနဲ့ ပျံလွန်တော်မူတာပါ’’ဟု အဆိုပါ ဆရာတော်က မိန့်ကြား သည်။

ဆရာတော်ဘုရားကြီး၏ ရုပ် ကလာပ်တော်ကို ဝိသုဒ္ဓါရုံတိုက် သစ် အောင်မြေသာစည်အလယ် တိုက်တွင် ငါးရက်သာ ပူဇော်ခံ ထားရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်ကျော် ၇ ရက်)တွင် မန္တလေးမြို့ မြောက်ဘက် ရွှေမန်းတောင်အားကစားကွင်း (ယခင် မြင်းပြိုင်ကွင်းဟောင်း)၌ အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

‘‘မူလက ၁၅ ရက်၊ ၇ ရက် စသဖြင့် ဘယ်လောက်အပူဇော်ခံ ထားမလဲဆိုပြီး တိုင်ပင်ကြတယ်။ ရွှေကျင်ဂိုဏ်းရဲ့ ထုံးတမ်းစဉ်လာ အရနဲ့ အကြောင်းအမျိုးမျိုးကြောင့် ငါးရက်သာ အပူဇော်ခံထားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်’’ဟု ဈာပန ကျင်းပရေးကော်မတီဝင် ဆရာ တော်တစ်ပါးက မိန့်ကြားသည်။

ရုပ်ကလာပ်တော် သယ် ဆောင်မည့် နိဗ္ဗာန်ယာဉ်ကို သီတဂူဆရာတော်ကြီးက တာဝန်ယူကာ မြန်မာ့လက်မှုပညာရှင်တမ္ပဝတီဦးဝင်းမောင်က ဒေါင်းပျံနှစ် စင်းမှ ဆရာတော်ဘုရားကြီး အ ထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော ထူပါစေတီကို သယ်ဆောင်သည့် ပုံစံဖြင့် တည်ဆောက်မည်ဟု သတင်းရရှိသည်။

ဆရာတော် ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ် လောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၇၉ တန်ခူး လပြည့်ကျော် ၁၀ ရက်တွင် ဖွား မြင်ခဲ့ပြီး အသက် (၁၁)နှစ်အရွယ် တွင် ရှင်သာမဏေပြုကာ ၁၂၉၈ ဝါဆိုလဆန်း ၁၂ ရက်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၃၆၅ တွင် (၁၄)ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် စုဒ္ဒသမရွှေကျင်သာသနာပိုင် ရွှေ ကျင်နိကာယသံဃရာဇာဆရာ တော်အဖြစ်သို့ ရောက်ရှိခဲ့သည်။

Top News