အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လေးလကြာပိတ်ထားသည့် မောင်တောနယ်စပ် ၀င်၊ ထွက်စခန်း ပြန်လည်ဖွင့်လှစ်

မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိရာ မောင်တောဝင်၊ ထွက် စခန်း (၁)ကို တွေ့ရစဉ်(ဓာတ်ပုံ−မောင်ကံ)

အကြမ်းဖက်တိုက် ခိုက်မှုဖြစ်စဉ်များကြောင့် လေးလ ကျော် ပိတ်ထားခဲ့သည့် မောင် တောမြို့ အမှတ် (၁) ၀င်၊ ထွက် စခန်း (POE) ကို ပြည်နယ်အစိုး ရ၏ ခွင့်ပြုချက်ဖြင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရုံးက ပြန်လည်ဖွင့်လှစ်လိုက် ကြောင်း သတင်းရရှိသည်။

စခန်းဖွင့်လှစ်မှုကို ဖေဖော် ၀ါရီ ၁၂ ရက်က စတင်ခွင့်ပြုခဲ့ သော်လည်း သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ အကြောင်းကြား စာကို ဖေဖော်ဝါရီ ၁၃ ရက်က လက်ခံရရှိခဲ့ကြောင်း မောင်တော ခရိုင်လ၀ကဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား အမှတ် (၁)၀င်၊ ထွက်စခန်းမှ ၀င်၊ထွက်မှုများ ရပ် ဆိုင်းခဲ့သဖြင့် နိုင်ငံတော်၏ အခွန်ရငွေ  လျော့နည်းမှုများရှိနေပြီး လက်ရှိတွင် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိလာသဖြင့် စခန်းကိုပြန်လည်ဖွင့်လှစ်ရန် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးမှ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြား သည့်စာတွင် ဖော်ပြထားသည်။

အမှတ် (၁) ၀င်၊ ထွက်စခန်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ် သဖြင့် မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်သွား လာခွင့်များကိုလျှောက်ထား၍ သွားရောက်နိုင် ကြောင်း သိရသည်။

 ‘‘နယ်စပ်ဖြတ်ကျော်သွား လာခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်ပါ တယ်။ လောလောဆယ်တော့ သွားတဲ့ သူနည်းနေတာ တွေ့ရပါ တယ်’’ဟု မောင်တောမြို့ခံတစ်ဦး က ပြောသည်။

  အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောနယ်စပ်ကုန်သွယ် ရေးစခန်းကို ပြီးခဲ့သည့်နှစ် ဒီဇင် ဘာ ၂၄ ရက်က ပြန်လည်ခွင့်ပြု ပေးခဲ့သည်။

Top News