မောင်တောအကြမ်းဖက်မှု ဦးဆောင်ခဲ့သူတစ်ဦးကို သေဒဏ်ချမှတ်

၎င်းကိုစွဲဆိုထားသော ကျန်ပုဒ်မများအတွက် ဆက်လက်တရားရင်ဆိုင်ရမည်

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ ရက်က မောင် တောအခြေစိုက် နယ်ခြားစောင့် ရဲဌာနချုပ်အပါအ၀င် ငါးခူရနှင့် ကိုးတန်ကောက်ရဲစခန်းတို့ကို အ ကြမ်းဖက်တိုက်ခိုက်ရာတွင် ဦး ဆောင်သူ မာမတ်နူ(ခ)အူလာ ကို စစ်တွေခရိုင်တရားရုံးကသေဒဏ် ချမှတ်ကြောင်းသတင်းရရှိသည်။

အူလာသည် ရသေ့တောင် မြို့နယ် ကိုးတန်ကောက်နယ်ခြား စောင့်ရဲစခန်းကို စီးနင်းတိုက်ခိုက် ရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ် သည်။

ပြစ်မှုကျူးလွန်သူကို စစ် တွေခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂(၁)(ဂ)ဖြင့်ဖေဖော်ဝါရီ ၁၀ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း စစ်တွေခရိုင် တရားရုံးမှ သိရ သည်။

‘‘ကြားပါတယ်။ စာဝင်တာ ကတော့ မတွေ့သေးဘူး။ ကျွန် တော်က ခရီးထွက်နေတော့’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်ကပြောသည်။

ယခုသေဒဏ်အမိန့်ချမှတ်ခံ ရသူသည် ၎င်းကိုစွဲဆိုထားသည့် ကျန်အမှုများကိုလည်း ဆက် လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘သူကျူးလွန်တဲ့ပြစ်မှုအား လုံး ရင်ဆိုင်ရမှာပါ။ စွဲထားတဲ့ ပုဒ်မတွေ ဆက်စစ်ဖို့ရှိသေးတယ်’’ ဟု ရဲမှူးကြီးခင်ကျော်ကဆက် လက်ပြောကြားသည်။

အူလာကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ များဖြင့် ဆက်လက် တရားစွဲဆိုထားသည်။

မောင်တောအခြေစိုက် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် စခန်းနှစ် ခုကို အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်တွေခရိုင်တရား ရုံးတွင် စစ်ဆေးနေသူ ၁၄ ဦးရှိ ကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ်အောက်တို ဘာ ၉ ရက်က မောင်တောအခြေ စိုက် နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (ဌာနချုပ်) အပါအ ၀င် ငါးခူရနှင့်ကိုးတန်ကောက်ရဲ စခန်းတို့ကို အကာလ်မူလ်မူဂျာဟီ ဒင်န်အဖွဲ့နှင့်ဒေသတွင်း စစ်သွေး ကြွဘင်္ဂါလီများက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး တပ်ဖွဲ့ဝင်မိသားစုနှင့် အရပ်သားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

သေဒဏ်ချမှတ်လိုက်သော် လည်း တရားစွဲဆိုထားသည့် ပြစ် မှုများကို ဆက်လက်ရင်ဆိုင်ရ မည်ဖြစ်ပြီး သေဒဏ်ကို နောက် ဆုံးကျခံရမည်ဖြစ်ကြောင်း ရှေ့ နေတစ်ဦးကပြောသည်။

More in News Section

Top News