အကြမ်းဖက်မှုဖြစ်ပွားပြီး လေးလကြာချိန်အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဗီဇာဖြင့် ဖြတ်သန်းမှုကို ပိတ်ထားဆဲဖြစ်

မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရာ မောင်တောမြို့ အ၀င်၊ အထွက်ဂိတ်ကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)

 မောင်တောအခြေ စိုက်နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခု အကြမ်းဖက် တိုက် ခိုက်ခံရချိန်ကစ၍ လေးလကြာမြင့်သည်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်စပ် ဗီဇာဖြင့် သွားလာမှုကို ဆက်လက် ပိတ် ထားဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြတ်ကျော်သွားလာမှုကို ခုနစ် ရက်ဗီဇာနှင့် တစ်ရက်ဗီဇာ ဟူ၍ ဗီဇာနှစ်မျိုးဖြင့် သွားလာခွင့်ပြုခဲ့ သော်လည်း ရဲဌာနချုပ်နှင့် စခန်း နှစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ သည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်ကစ၍ ပိတ်ထားခဲ့ရာ ယခု ၂၀၁၇ ဖေဖော်ဝါရီ ၉ ရက်တွင် လေးလရှိပြီဖြစ်သည်။

‘‘နယ်စပ်လုံခြုံရေးအခြေအ နေအရ ပိတ်ထားရတာ ဖြစ်ပါ တယ်။ တဖြည်းဖြည်းတော့ လျှော့ ပေါ့သွားမှာပါ’’ ဟု မောင်တော နယ်စပ်လုံခြုံရေး အရာရှိတစ်ဦး က ပြောသည်။

မောင်တော နယ်စပ်ဒေသ တွင် ထိတွေ့တိုက်ခိုက်မှုများမရှိ သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများ၏စွပ်စွဲ ချက်များရှိနေသဖြင့် အခြေအနေ ဆက်လက် ရှုပ်ထွေးနေဆဲ ဖြစ် သည်။

 ယင်းသို့ အခြေအနေများ  ကြောင့် နယ်စပ်ဖြတ်ကျော်သွား လာမှုကို ရပ်ဆိုင်းထားရခြင်းဖြစ် ကြောင်း အထက်ပါလုံခြုံရေးအ ရာရှိက ဆက်လက် ပြောကြား သည်။