လူစွမ်းကောင်းတစ်ယောက်ရဲ့ အိမ်ပြန်ချိန်

သေနတ်သမားကြည်လင်းအား အသက်စွန့်ဖမ်းဆီးခဲ့သည့် ဦးနေဝင်း၏ ဈာပနအခမ်းအနား (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် ဘောလုံးကွင်းထဲတွင် လူပေါင်း၊ ကားပေါင်းများစွာ ပြည့်ကျပ်၍နေသည်။ မွန်းတည့်နေက ခေါင်း တည့်တည့်ရောက်နေသည့် အချိန်ဖြစ်သော်လည်း လူပေါင်းများစွာ တိုးကြိတ်ရင်း ဖုန်အလိမ်းလိမ်းကွင်းထဲတွင် စောင့်ဆိုင်းနေကြ သည်။

ထိုရာနှင့်ချီသော လူအစုအဝေးက ၎င်းတို့ရပ်ကွက်ငယ်လေးမှ ထွက်ပေါ်လာသော သူရဲကောင်းတစ်ဦး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်မည့်သူများပင်ဖြစ်၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် လူသတ်သမားကို ဖမ်းဆီးရန်ကြိုးစားရင်းသေဆုံးခဲ့ရသူ အသက် (၄၈) နှစ်အရွယ် ဦးဝင်း လွင်(ခေါ်) ဦးနေ၀င်း၏ ဈာပနကို

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဇန်န၀ါရီ ၃၁ ရက် နေ့လယ် ၁ နာရီတွင် ဂူသွင်း သဂြုင်္ိဟ်ခဲ့ခြင်းဖြစ်၏။

ဦးနေ၀င်း၏ နာရေးသို့လိုက် ပါပို့ဆောင်ရာတွင် ကားကြီးတစ် စီးမှ မပါဝင်။ အငှားယာဉ်မောင်း ဦးနေ၀င်း၏ လုပ်ဖော်ကိုင်ဖက် ယာဉ်မောင်းများက ကူညီအား ဖြည့်ကာ နာရေးရှုသူများကိုလိုက်လံပို့ဆာင်ပေး၏။ ကြံခင်းစုကွင်း ထဲတွင် အငှားယာဉ်နှစ်ရာခန့်က နေရာယူထား၏။ ရေဝေးသုသာန် သို့ပို့ဆောင်တော့လည်းထိုအငှား ယာဉ်တန်းရှည်ကြီးက ဦးနေ၀င်း အတွက် နောက်ဆုံးခရီးကို ၀မ်း နည်းဖွယ် ပုံဖော်နေသည်။

ဈာပနအခမ်းအနားမစမီ တစ်နာရီအလိုလောက်မှာပင် ရေ ဝေးခန်းမထဲသို့ လူများတဖွဲဖွဲ ၀င် ရောက်နေကြပြီဖြစ်သည်။ တ ဖြည်းဖြည်းနှင့် အသုဘရှုသူအရေ အတွက်က ရာနှင့်ချီများပြားနေပြီ ဖြစ်သည်။ ပန်းစည်း၊ ပန်းခွေများ ဂုဏ်ပြုစာများနှင့် ပြည်သူကိုယ် တိုင်နာမည်ရှေ့ သူရဲကောင်းတပ် ၍ အပ်နှင်းသည့်ဝိသေသကို ဦး နေ၀င်းမသိနိုင်တော့။ ဇနီးဖြစ်သူ မစုသက်နိုင်က သားနှစ်ယောက် ကို ဘေးမှာထားရင်း အလောင်း ကို ဖုံးအုပ်ထားသည့် ဇာပါးပေါ် မျက်ရည်စက်လက်ဖြင့် မျက်နှာ အပ်၍ ဦးနေ၀င်းကို နောက်ဆုံး စကားပြောနေသည်။

ဦးနေ၀င်း၏ နောက်ဆုံးခရီး ဈာပနကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းအစိုး ရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံ လင်း၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ၈၈ မျိုဆက်ကျောင်းသား ခေါင်းဆောင်များနှင့် ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ် ချုပ်မျိုးဇော်သိန်း စသည့် အထင် ကရ ပုဂ္ဂိုလ်များအပါအ၀င် လူဦး ရေ ထောင်ချီလာရောက်ပို့ဆောင် ခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းမှာ ဦးနေ၀င်း၏ နာရေးသို့ လိုက်ပါပို့ဆောင်ခြင်း မရှိခဲ့သော်လည်း ၀န်ကြီးချုပ်နှင့် ဇနီးက ၀မ်းနည်းကြောင်းပန်းခြင်း ပေးပို့ခဲ့သည်။ ထို့အပြင် မြန်မာ နိုင်ငံရဲချုပ် ဇော်ဝင်းနှင့် ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်း နိုင်တို့ကလည်း ၀မ်းနည်းကြောင်း ပန်းခြင်းများ ပေးပို့ခဲ့သည်ကို တွေ့ရသည်။

ထောင်ချီလာရောက်သော လူထုကြီးကို တန်းစီစေပြီး ဦးနေ ၀င်း၏ ရုပ်အလောင်းကို နောက် ဆုံးအချိန် ကြည့်ရှုစေခဲ့သည်။ ထို့ အပြင် အဖွဲ့ချုပ်နာယက သူရ ဦးတင်ဦး၊ ဦးနိုင်ငံလင်းနှင့် ဦးမင်း ကိုနိုင်တို့က ဦးနေ၀င်းအတွက် ဂုဏ်ယူစရာကောင်းသည်များကို ပြောကြားခဲ့သည်။

‘‘ကျေးဇူးတင်စကားအရင် ပြောချင်တာပါ။ သူအဲဒီနေ့က မ စွန့်စားလိုက်ဘူးဆိုရင် ဒီကနေ့မှာ တစ်မျိုးတစ်ဖုံဖြစ်နေနိုင်ပါတယ်။ ကျွန်တော်အားလုံး အချင်းချင်း တွေကြားမှာ သံသယတွေကြီးစွာ တစ်ယောက်နဲ့တစ်ယောက် တစ် စုနဲ့တစ်ဖွဲ့တွေ အင်မတန်စိုးရိမ် စရာကောင်းတာတွေ ဖြစ်နေနိုင် ပါတယ်။ သူပေးလိုက်တဲ့အသက် ဟာ ထိုက်တန်တယ်၊ မထိုက်တန် ဘူးမပြောရက်ပေမယ့် များစွာ သော ကြီးတဲ့အန္တရာယ်တော့ ကာလတစ်ခုမှာ တားထားနိုင်ခဲ့ပါ တယ်’’ဟု ဦးမင်းကိုနိုင်က ဂုဏ်ပြု ပြောကြားသည်။

ထို့အပြင် ကျန်ရစ်ခဲ့သည့် ကလေးငယ်သုံးဦးအတွက် လူမှု အဖွဲ့အစည်းများက ပစ်ပယ်ထား မည်မဟုတ်ကြောင်းဦးမင်းကိုနိုင် ကဆိုသည်။

‘‘အဲဒီကလေးတွေ မင်းတို့အ တွက် လူ့အဖွဲ့အစည်းကြီးတစ်ခု လုံးဟာ ဟောဒီပြည်ထောင်စုကြီး တစ်ခုလုံးက ကြောင့်ကြမဲ့မနေပါ ဘူး။ မင်းတို့အဖေရဲ့စွန့်လွှတ်မှု တွေကို အလေးအမြတ်ပြုပြီး တော့ မင်းတို့ဘ၀တွေကို စောင့် ရှောက်ကြပါလိမ့်မယ်။ မင်းတို့ လက်ထပ်ကြရင် လူကိုအချင်း ချင်း လက်နက်အားကိုးရမ်းကား တဲ့အကြမ်းဖက်မှုမျိုးတွေက ကင်း ကြပါစေ။ မင်းတို့ကောင်းစွာ ပ ညာတတ်နိုင်အောင် မြန်မာ တစ် ပြည်လုံးက အလှူရှင်များစွာက ကရုဏာတရားတွေနဲ့ စောင့် ရှောက်ပြီးတော့ အင်မတန်ကောင်း တဲ့ကျောင်းတွေမှာ ဘ၀အာမခံ ချက်ရအောင် ထားပေးပါလိမ့် မယ်’’ ဟု ဦးမင်းကိုနိုင်က ပြော သည်။

‘‘တိုင်းပြည်တာဝန်ကျေဖို့ဆို တာ ၀န်ကြီးတစ်ယောက်ဖြစ်နေဖို့ မလိုပါဘူး။ ၀န်ကြီးချုပ်တစ် ယောက်ဖြစ်နေစရာမလိုပါဘူး။ တိုင်းပြည်ရဲ့ အခိုက်အတန့်လေး တစ်ခုမှာ သူ့ဆုံးဖြတ်ချက်ချလိုက် တာလေးတစ်ခုက သူ့ရဲ့တန်ဖိုးကို ဖြတ်လိုက်တယ်ဆိုတာ ကျွန် တော်တို့ပြည်သူတွေအားလုံး သိ ရမယ့်အချက်လေးတစ်ခုပါပဲ’’ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ဦးနေ၀င်း၏ကျန်ရစ်ခဲ့သော ကလေးငယ်သုံးဦးအတွက် ဘဏ် စာရင်းဖြင့် ထောက်ပံ့ငွေလက်ခံခဲ့ ရာ ၁၆ နာရီအတွင်း ကျပ် ၃၂၃ သိန်းရရှိခဲ့သည်။

ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီကျော်က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်အထွက်တွင်လုပ်ကြံခံရပြီး နောက် သေနတ်သမားတရားခံ ကြည်လင်းကို ၀ိုင်းဝန်းဖမ်းဆီး စဉ် သေဆုံးခဲ့သော အငှားယာဉ် မောင်း၏ ကျန်ရစ်သောမိသားစု အတွက် စေတနာရှင်များကကူညီ ထောက်ပံ့နေကြသည်။

ဖေ့စ်ဘွတ်ခ်တွင် လူသိများ ပြားသည့် အရည်ကြို၊ ကိုမောင် မောင်အေးနှင့် ပရဟိတလူငယ် အကျိုးဆောင်ရှစ်ဦးတို့သည် ဦး နေ၀င်းသေဆုံးခဲ့သည့် ဇန်န၀ါရီ ၂၉ ရက်ညက ဧရာဝတီဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ခဲ့ပြီးဦးနေ၀င်း ၏ ကလေးငယ်သုံးဦးအတွက် ထောက်ပံ့ငွေလက်ခံခဲ့ခြင်းဖြစ် သည်။

ဦးနေ၀င်း မောင်းနှင်နေ သည့် ပျံသန်းနေသော ပျံလွှား တက္ကစီအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကလည်း ဦးနေ၀င်းအတွက် အ မိန့်ပြန်တမ်းကို ဖတ်ကြားပေးခဲ့ သည်။

‘‘တကယ်လည်း စိတ်မ ကောင်း ဂုဏ်ယူဖြစ်မိတယ်။ ကျွန်တော်တို့အဖွဲ့က လေဆိပ်မှာ အစောဆုံးတက္ကစီအဖွဲ့။ အဲဒီ က တည်းကသူရှိနေတာ။ နှစ်ပေါင်း ကြာတော့ မိသားစုလိုကိုဖြစ်နေ တာ။ ရပ်ရွာရေး အဖွဲ့အရေးဆို ရင်လည်း အမြဲရှေ့ကရှိခဲ့တာ။ သေနတ်သမားဖမ်းတုန်းကလည်း သိသိချင်းသူ အရှေ့ဆုံးကလိုက် တာ။ အခုလို နိုင်ငံတော်က အ ခမ်းအနားလုပ်ပေး၊ မိသာစုအ တွက် ကူညီပေးဆိုတော့ကျွန် တော်တို့အစ်ကို့အတွက်လည်း ရင်အေးရပါတယ်။ သူ့မိသားစုက သူ့အပေါ်မှီခိုနေတာ။ သူကိုယ် တိုင်လည်း အုံနာကားမောင်းတာ ဆိုတော့သိပ်ပြေပြေလည်လည် မဟုတ်ဘူးပေါ့။ အဲဒီနေ့ကလုပ် ရပ် အတွက်လည်း အခုလိုချီး မြှောက်ခံရတာ တန်ပါတယ်’’ ဟု ပျံသန်းနေသော ပျံလွှားတက္ကစီ အဖွဲ့မှ ကိုထွန်းဝေဦးကပြော သည်။

နေ့လယ် ၁ နာရီအချိန်တွင် ဦးနေ၀င်၏ ရုပ်အလောင်းကို မြေ မြှုပ်သဂြုင်္ိဟ်ရန် ခန်းမဆောင်အ တွင်းမှ သယ်ယူသွားခဲ့သည်။ လိုက်ပါလာသည့် လူအုပ်ကြီးက ‘‘ဂုဏ်ယူပါတယ် ကိုနေ၀င်း’’ဟု သံပြိုင်အော်ဟစ်၍ ပို့ဆောင်ပေး ခဲ့သည်။