တာချီလိတ်နယ်စပ်မှတစ်ဆင့် နိုင်ငံခြားသား ခရီးသွား နှစ်သိန်းကျော် လာရောက်လည်ပတ်

၂၀၁၆ တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သည့် တာချီလိတ်နယ်စပ် ဝင်ထွက် ပေါက်မှ တစ်ဆင့် လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီး သွားဧည့်သည် နှစ်သိန်းကျော် ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


၂၀၁၆ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၀၈,၀၀၀ ကျော်အထိ တာချီလိတ် နယ်စပ်မှ လာရောက်လည်ပတ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘တာချီလိတ်နယ်စပ်ဟာ နိုင် ငံခြားသားခရီးသွားဧည့်သည်တွေ အများဆုံးလာတဲ့ အပြည်ပြည်ဆိုင် ရာ နယ်စပ် ဝင်ထွက်ပေါက်တွေ ထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင် ငံက ခရီးသွားဧည့်သည်တွေ အများဆုံးလာလေ့ရှိပြီး
နိုင်ငံတကာ က ခရီးသွားဧည့်သည်တွေလည်း အဲဒီကနေတစ်ဆင့် လာရောက် လည်ပတ်တာလည်း ရှိပါတယ်’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြား ရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက
ပြောသည်။

 တာချီလိတ်နယ်စပ် ဝင် ပေါက်မှ လာရောက်လည်ပတ် သည့် နိုင်ငံခြားသားခရီးသွားဧည့် သည်အများစုသည် ထိုင်းနှင့် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက်လည်ပတ် သည့် နိုင်ငံတကာ ခရီးသွား
ဧည့်သည်များ ပါဝင်သည်။

 တာချီလိတ်နယ်စပ် ဝင် ထွက်ပေါက်မှ လာရောက်လည် ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် တာချီလိတ် မြို့ရှိ လည်ပတ်စရာ နေရာများ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ မန္တလေး၊ ရန်ကုန် နှင့် ကျိုက်ထီးရိုးဒေသများသို့သွား ရောက်လည်ပတ်ခဲ့ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားခရီး သွားဧည့်သည်များထဲတွင် ထိုင်း နိုင်ငံသားများသည် နံပါတ်(၁) အများဆုံးနေရာ၌ ရပ်တည်လျက်ရှိကာ တရုတ်နိုင်ငံသားများသည် နံပါတ်(၂)၊ ဂျပန်နိုင်ငံသားများ သည် နံပါတ်(၃)နေရာတွင် ရပ် တည်နေသည်။

More in Tourism Section