ဟစ်ဟော့ပ်တေးသံရှင် ကြက်ဖနှင့်တွေ့ဆုံခြင်း

‘‘မူးယစ်ဆေးဝါးဖြတ်ဖို့ ကြိုးစားခဲ့ရတာကတော့ ငါးပါးသီလဆိုတဲ့ ခေါင်းစဉ်နဲ့ပါ’’

ဟစ်ဟော့ပ်လောက၏ ဒုတိယမျိုးဆက်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကြက်ဖသည် ဂီတလောကနှင့် နှစ်အနည်းငယ်ကြာ အဆက်ပြတ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေသည်။
လတ်တလောတွင် ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်း၊ ဆုမြတ်နိုးဦးတို့နှင့်အတူ ‘အိမ်ကြက်’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နေသည့် ကြက်ဖကို သရုပ်ဆောင်အဖြစ် ဇာတ်ကားများရိုက်ကူးဖြစ်သည့်
အကြောင်းအရာများ အပါအဝင် ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


‘အိမ်ကြက်’ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေသလို အခုနောက် ပိုင်း သရုပ်ဆောင်အနေနဲ့ ဇာတ် ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေ တဲ့အကြောင်း ပြောပြပေးပါဦး။

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်တယ်ဆိုတာလည်း ခေါ် ရင် ဆက်တိုက်ရိုက်ဖြစ်ပါတယ်။ ပြီးရင် ဒါက အားလုံးပေါင်းပြီး အချိန်ပေးရတာဖြစ်တဲ့အတွက် ဦးစားပေးရပါတယ်။ ဥပမာ ကျွန်တော်က ကျွန်တော့်ဖီးလ်တစ်ခုနဲ့ သီချင်း တစ်ပုဒ်ရေးဖို့ ဒီရက်တည်ထား တယ်။ ဒီရက်မှာပဲ ဇာတ်ကားတစ် ခုက လာကမ်းလှမ်းရင် အဲဒါကို ဦးစားပေးပြီး ကျွန်တော်တို့ဟာကို ဖျက်ရပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့က တစ် ယောက်တည်းက အချိန်မရွေးလူ စုလို့ရပါတယ်။ အများနဲ့လုပ်ရ တာကျတော့ သူတို့အားတဲ့အချိန်ကို ပေါင်းပြီးလုပ်ရတာဖြစ်တဲ့အ တွက် ရက်ကို ဦးစားပေးလုပ်ရပါတယ်။ အိမ်ကြက်မှာ ပါဝင်ဖြစ်တာ ကလည်း ရှုတင်မန်နေဂျာ ဦးနီက မေမြို့မှာ
ရိုက်တဲ့ ကားရယ်၊ အိမ်ကြက်တစ်ကားရယ် ကမ်းလှမ်းပါတယ်။ ကျွန်တော်က ရိုက်ရက် လွတ်နေတာက တစ်ကြောင်း ဟာသကား ဖြစ်နေတာကတစ် ကြောင်းကြောင့် ပါဝင်ဖြစ်ပါ တယ်။

အရင်လည်း သရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေရိုက်ဖြစ်တာတော့ တွေ့ဖူးတယ်။ ဂီတထက်သရုပ် ဆောင်ဘက်ကို ဘာကြောင့် လုပ် ဖြစ်နေတာလဲ။

ကျွန်တော်ဂီတလမ်းမှာ နာမည်မကြီးခင်ကတည်းက သရုပ်ဆောင်လောကမှာ ကြီးပြင်းခဲ့တာ ပါ။ နာမည်တော့ မကြီးခဲ့ဘူး။ ဒါ ပေမဲ့ လေဆာသွားတိုက်ဆေး ကြော်ငြာကိုလည်း ပွင့်တို့နဲ့ ကြော် ငြာရိုက်ခဲ့တယ်။ အဲဒီရှေ့မှာလည်း
သရုပ်ဆောင် ပြိုင်ပွဲတို့၊ ရွေးပွဲတို့မှာ စပြီးဝင်ရောက်လေ့လာလိုက် စားဖြစ်တာ၊ ကြီးပြင်းဖြစ်တာ၊ ကြိုးစားဖြစ်တာ သရုပ်ဆောင်လောက မှာပါ။ ပြီးတော့မှ အဆိုဘက်မှာ နည်းနည်းအောင်မြင်သွားတော့ အဲဒီဘက်ကို
ရောက်သွားပြီး ဒီ ဘက်ကို အဆက်အသွယ်ပြတ် သွားတာ။ အဲဒီအချိန်မှာ ယုန်လေး က ‘ကိုယ့်သမိုင်းကိုယ်ရေးသူများ’ ဆိုပြီး  ရုပ်ရှင်တွေရိုက်ဖြစ်တော့ သူ ကလည်း သူငယ်ချင်းဆိုတော့ ငယ်ငယ်ကတည်းက ကျွန်တော် ဒါတွေလုပ်တတ်တာသိတော့ ခေါ်ရိုက် ရင်း ဒီဘက်လောကကို တစ်လှည့် ပြန်ရောက်လာတဲ့ သဘောပါ။

အစ်ကို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ  မူးယစ်ဆေးဝါးပြတ်သွားပြီလို့ တင်ဖြစ်ခဲ့တာကကော ဘာကြောင့်ပါလဲ။

တင်ဖြစ်ခဲ့တာကတော့ ကျွန်တော် မေမြို့ရောက်နေပြီး အမေ့ကို သတိရတယ်။ အမေနဲ့ဓာတ်ပုံ လေးတွေကို စတေးတပ်တင်ချင် တယ်။ တင်ချင်တဲ့အချိန်မှာ အမေနဲ့ ကျွန်တော့်ကြားမှာ ဖြစ်ခဲ့တဲ့အထင်ကရ မှတ်တိုင်တစ်ခုဆိုလို့ အမေစိတ်ချမ်းသာအောင် ကျွန်တော်လုပ်နိုင်ခဲ့တာက ဒီတစ်ခုပဲရှိတယ်။ အဲဒါလေးကို အမေလည်း စိတ်ချမ်းသာစေ၊ တခြားမိသားစု တွေကြားထဲမှာလည်း ဒီလိုကွင်းဆက်အဖုအထုံးလေးတွေရှိနေ ခဲ့ရင် အဲဒါလေးတွေ
ပြေလျော့ပါ စေ။ ပြီးရင် နည်းလမ်းရှာတွေ့ပါ စေဆိုတဲ့ ဆန္ဒလေးနဲ့ပါ။

မူးယစ်ဆေးဝါးကို ဘယ်အချိန် လောက်ကတည်းက စပြီးသုံးဖြစ်ခဲ့ တာလဲ။ ဖြတ်ဖို့အတွက်ကော ဘယ်လောက် ကြိုးစားခဲ့ရလဲ။

မူးယစ်ဆေးဝါးဖြတ်ဖို့ ကြိုးစားခဲ့ရတာကတော့ ငါးပါးသီလဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ စဖြစ်ခဲ့တာကတော့ ၂၀၀၇ ဝန်းကျင်လောက်မှာ စပြီးငြိတွယ်ခဲ့တယ်။ ကြိုးစားဖြစ် ခဲ့တာကတော့ ၂၀၁၆ ထဲမှာမှစပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချပြီး နှစ်စလောက်ကတည်းက ကြိုးစားလာတာ။ New Year တွေ New Yearတွေရောက်တိုင်း ဒီနှစ်တော့ ငါကြိုးစားမယ်ကွာနဲ့ နှစ်တွေများလာခဲ့ တာ။ ၂၀၁၆ မှာလည်း အဲဒီလိုပဲ။နှစ်စကတည်းကလုပ်မယ်ကွာဆို ပြီး လုပ်ခဲ့ပေမယ့် မရခဲ့ဘူး။ သီတင်းကျွတ်လပြည့်ညမှာ ထူးထူးဆန်းဆန်း အဲဒါကိုယတိပြတ် ပြတ်သွားနိုင်ခဲ့တယ်။

ဒီလိုကိစ္စတွေကြုံခဲ့ရတာက အစ် ကို့ရဲ့ အနုပညာခရီးမှာဆိုရင် ဘယ်လိုဆိုးကျိုးတွေရှိခဲ့လဲ။

ဘယ်လောက မဆိုပါပဲ။ မကောင်းတာကတော့ မကောင်း ပါဘူး။ ဆိုလိုတာကတော့ အရက်ပြန်ကို ဘယ်လောက်သားသောက် သောက် အရက်ပြန်ရဲ့အာနိသင်မိမှာပါပဲ။ ကျွန်တော့်အတွက်ဆိုရင် တော့ ကျွန်တော်က နဂိုကတည်းက အားနာတတ်တယ်။ ပြီးရင် ကိုယ့် ဟာကိုယ် Confidence မရှိတဲ့နေ ရာလေးတွေရှိတယ်။ အဲဒါကိုပိုပြီးတော့ သူက လှုံ့ဆော်ပေးတယ်။ ပိုပြီးထောက်ပံ့တယ်။ သူကမကောင်းတာတွေ တော်တော်များများ
ထောက်ပံ့တယ်။ သံသယဝင် လွယ်တယ်။ စိတ်တိုလွယ်တယ်။ စိတ်ဓာတ်ကျလွယ်တယ်။

အနုပညာလောကမှာ အောင်မြင်ဖို့ မူးယစ်ဆေးဝါးက အတားအဆီး တစ်ခုလိုဖြစ်နေတော့ နောက်တက်လာမယ့် လူငယ်တွေအ တွက် ဘယ်လိုအကြံပေးစကား ပြောချင်လဲ။

ဘယ်လောကသားရယ်မှမဟုတ်ပါဘူး။ သူက ဆရာဝန်ကြီး ဖြစ်နေပလေ့စေ၊ အင်ဂျင်နီယာ ကြီးဖြစ်နေပလေ့စေ။ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်တစ်ရာရှိရင် ၉၀ ရာခိုင်နှုန်းက ဒီလောကထဲမှာပဲ။ ဒီလောကထဲမှာဆိုတာက မူးယစ်လောကထဲကို ရောက်နေကြ တယ်။ အဲဒီအတွက် ကျွန်တော်တို့အညွန့်တုံးသွားလိမ့်မယ်။ အခုဆိုရင် မြင်နေရတယ်။ ကလေးသူငယ်တွေကအစ သိပ်ပြီးမကင်း ချင်ကြတော့ဘူး။ ပြီးရင်
ဆေးလိပ် သောက်တဲ့လူ၊ ဘီယာသောက်တဲ့လူက အနည်းဆုံးအပြစ်မရှိဘူးလို့ ခံစားတတ်လာပြီ။ အဲဒါ မှားတယ်။အဲဒါတစ်ခုက ဝမ်းနည်းဖို့တော် တော်ကောင်းတယ်။ တစ်နိုင်ငံလုံးစာနဲ့ ရည်ညွှန်းမယ်ဆိုရင်။ အခုက ဘယ်လောက ဘယ်လောကရယ် မဟုတ်ဘူး။ တစ်နိုင်ငံလုံးက လူငယ်ထုတွေအတွက် မျှော်လင့်ချက်နည်းနည်းလေးမှေးမှိန်နေတယ်။ အဲဒီအတွက် အားလုံးကြိုးစားရ မယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။

အစ်ကို့ရဲ့ သီချင်းအသစ်တွေကို မျှော်နေတဲ့ ပရိသတ်တွေလည်းရှိတယ်။ အွန်လိုင်းမှာ တင်ထားတဲ့‘စကား’ သီချင်းကိုလည်း ပရိ သတ်တွေ ကြိုက်ကြတယ်ဆိုတော့ ဂီတလှုပ်ရှားမှုတွေအနေနဲ့ ဘာ တွေလုပ်ဖြစ်နေလဲ။

ကျွန်တော်ပြန်ပြီး အရှိန်ယူတဲ့အချိန်တိုင်း ကျွန်တော့်အတွက် မေးခွန်းတွေပေါ်လာတယ်။ ကျွန်တော် တစ်ယောက်တည်းလုပ်မလား။ တခြားသူငယ်ချင်းတွေ (သို့ မဟုတ်) ကလေးတွေ (သို့မဟုတ်) ညီတွေနဲ့လုပ်မလား။ အဲဒီလို
မေးလိုက်တဲ့ အချိန်တိုင်းမှာ ကိုယ့်ဟာကိုယ်တစ်ယောက်တည်းကို မရေးဖြစ်ဘူး။ စုပေါင်းခြင်းရဲ့ အင်အားကို ကျွန်တော်တွေ့ထားတယ်။ Solo လုပ်တာ Single လုပ်တာ ကလည်း မကောင်းဘူးမဟုတ်ဘူး။ ကောင်းတယ်။
တစ်ယောက်တည်းအရသာကလည်း မိုက် တယ်။ ဒါပေမဲ့ Solo ရဲ့ သဘောကကျွန်တော့်သူငယ်ချင်းတွေဆို ဒီအရွယ်မှာ ဘယ်သူမှ မအားတော့ဘူး။ ကလေးရတဲ့သူနဲ့၊ အိမ်ထောင်ကျတဲ့သူနဲ့ အလုပ်နဲ့ ဖြစ်ကုန်ကြပြီ။
တော်ရုံတန်ရုံ အချိန်ပေးဖို့ မလွယ်တော့ဘူး။ ကလေးတွေကကျတော့ ကျွန်တော်တို့ငယ်ငယ် တုန်းကလိုပဲ အားနေကြတယ်။ အလုပ်လည်း လုပ်တဲ့လူလည်းရှိ တယ်။ ဒါပေမဲ့ အားနေကြတယ်။အချိန်ပေးလို့ လည်းရတယ်။ ကျွန်တော် ပြန်ကြည့်လိုက်တော့ ကျွန်တော်တစ်ယောက်တည်း Soloလုပ်တာက ကျွန်တော် မသေမချင်းတစ်ယောက်တည်း ရေးလို့ရတယ်။ သူတို့နဲ့ကျတော့ သူတို့အခုလို လွတ်လွတ်လပ်လပ်ရှိနေ သေးတဲ့ အချိန်မှာပဲ လုပ်လို့ရတာ။ပြီးတော့ သူတို့ရဲ့ ကာလာလေးတွေကိုလည်းကြိုက်တယ်။ တစ်ဖက်ကလည်း သီတင်းကျွတ်လ ပြည့်နေ့ နောက်ပိုင်းမှာ လူရောစိတ်ရော ခံစားချက်တွေအားလုံး ပြောင်းလဲလာနိုင်တဲ့အချိန်မှာ ခံစားချက်အသစ်တွေနဲ့  သီချင်း ပုံစံ၊ အရသာအသစ်လေးတွေ ဖန်တီးချင်တယ်။

အစ်ကို့ကို အခုအချိန်အထိ အား ပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ကျွန်တော့်ကို အားပေးနေ သလိုပဲ စောစောကပြောတဲ့ နည်းနည်းယိုင်လဲနေတဲ့ လက်မှိုင်ချနေတဲ့ ခေတ်လူငယ်တွေကို ဝိုင်းပြီးအားပေးကြပါဦး။ အားပေးပုံချင်း တော့မတူဘူးပေါ့။ ကျွန်တော့်ကို အားပေးတာက ကျွန်တော် ဖန်တီး  ထားတဲ့ အနုပညာကို အားပေးတာ။ သူတို့တွေရဲ့ ကျနေတဲ့ စိတ်ဓာတ်လေးတွေကို တစ်နည်းတစ် ဖုံနဲ့ အားပေးကြရအောင်။ လူငယ် လူထုတစ်ခုလုံးအတွက် ကျွန်တော် တို့ အခုထိလည်း အမှိုက်ပစ်တဲ့ လူတွေရှိနေ
သေးတယ်။ အခုပိုဆိုးလာတာဆိုရင် မိဘလူကြီးသူမ စကား၊ ဆရာသမားစကား မလိုက်နာကြတော့ဘူး။ လူကြီးကိုလည်းမရိုသေ မလေးစားကြတော့ဘူး။ ကျွန်တော်တို့ ခေတ်မှာတုန်းက ဆိုရင် ဆရာတစ်ခွန်းပြောရင် တစ်ခွန်းပဲ။  စောစောကပြောသလို ကလေးတွေအတွက် ဆေးလိပ်၊ ဘီယာဆိုတာက မထူးဆန်းသလို ဖြစ်နေတယ်။ ဒါအပြစ် မရှိဘူးလို့တောင် သူတို့ကိုယ်သူတို့ ထင်နေ ကြတယ်။ အဲဒီဟာတွေကို ဘယ် လိုပြုပြင်ပေးနိုင်မလဲ။ ဆိုလိုတာက ကျွန်တော်တို့ အနုပညာမှာ တန်ခိုးတစ်ခုရှိတယ်။ နောက်ပြီး  ကျွန်တော်တို့ ဒီမျိုးဆက်ကလည်း ခေတ်တစ်ခေတ်ရဲ့ချို့ယွင်းချက် တွေ၊ အားနည်းချက်တွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကုစားနေတဲ့ အချိန်ဖြစ်တယ်။ အဲဒီအတွက် ဘာလုပ်ရမလဲဆိုရင် ကျွန်တော် တို့ ဝိုင်းပြီးဆေးဖော်ပေးရမယ်။ ဒါမှ ဒီရောဂါကြီးပျောက်သွားပြီး အပြစ်အနာအဆာတွေ ကင်းကင်းနဲ့ နောင်တစ်ချိန်မျိုးဆက်မှာ ဒါတွေကို ကာကွယ်ပြီးသားဖြစ်မယ်။ အခုကတော့ ကုသတဲ့ကာလလို့ ထင်တယ်။

ကျေးဇူးတင်ပါတယ်။

Top News