ထူးခြားတဲ့ ဇာတ်ရုပ်နဲ့ တွေ့ရမယ့် အောင်မင်းခန့်

ဓာတ်ပုံ-နစ်ကီ

ထူးခြားသော ဇာတ်ရုပ်အသွင် သစ်ဖြင့် ပါဝင်သရုပ်ဆောင်ထားသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲသစ်ကို လာမည့် ဖေဖော်ဝါရီတွင် ပရိသတ်များ တွေ့မြင်ရမည်ဟုသရုပ်ဆောင်   အောင်မင်းခန့်က ပြောသည်။


‘‘ဒီဇာတ်ကားက ကျွန်တော် အရင်သရုပ်ဆောင်ခဲ့တဲ့ ကားတွေ နဲ့မတူပါဘူး။ အချစ်ဇာတ်လမ်း ဖြစ်ပေမယ့် သူက အကောင်တွေ နဲ့ ဂရပ်ဖစ်တွေလည်း သေချာလုပ် ထားတဲ့အတွက် ကျွန်တော့်ပရိသတ်တွေ ကြည့်တဲ့အချိန်မှာ အရင် ဇာတ်ကားတွေနဲ့ မတူတဲ့ နှစ်လို ဖွယ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်’’ဟု အောင်မင်းခန့်က ပြောသည်။

‘ရတနာထဲမှ ရတနာ’ အမည် ရှိ အဆိုပါမြန်မာဇာတ်လမ်းတွဲ သစ်တွင် အောင်မင်းခန့်၊ ကောင်း မြတ်စံ၊ မြတ်သူသူဇင်နှင့် စိုပြေမြင့်တို့ အဓိကပါဝင်ထားပြီး MRTV-4 ရုပ်သံလိုင်းက ဖေဖော်ဝါရီလဆန်း တွင် စတင်ပြသမည်ဖြစ်သည်။

‘‘ဒီကားထဲမှာ ကျွန်တော်က နဂါး၊ ကောင်းမြတ်စံက ဂဠုန်၊ ဂဠုန်နဲ့ နဂါးဆိုတော့ ထုံးစံအတိုင်း မတည့်ဘူး။ သူနဲ့ ကျွန်တော်နဲ့က ဟိုးရာဇဝင်ထဲက ဖိုက်တဲ့သူတွေ ပေါ့။ သူက နဂါးမကို ဂဠုန်က ကြိုက်ချင်ယောင်ဆောင်ပြီး ကျွန်တော့် ကို တိုက်ခိုက်တာမျိုးပေါ့။ အဲဒီကနေစပြီး လူ့ဘဝ ဒီခေတ် ဒီအခါရောက်လာတဲ့အချိန်ထိ သူ နဲ့ ကျွန်တော် ကံဆုံပြီး ပြိုင်ဖြစ်နေ တဲ့ ဇာတ်လမ်းလေးကို ထိုင်းနိုင်ငံ က ဒါရိုက်တာက ရိုက်ကူးပေးထား တာပါ။ အရင်ဇာတ်လမ်းတွေနဲ့ မတူတော့ ပရိသတ်လည်း ကြိုက် မယ် မျှော်လင့်တယ်’’ဟု အောင် မင်းခန့်က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲသည် သရုပ်ဆောင် အောင်မင်းခန့်၏ လေးကားမြောက် ရုပ်သံဇာတ် လမ်းတွဲဖြစ်ပြီး ၎င်းသည် ‘ထာဝရ မန္တလေး’၊   ‘ဝင်္ကပါစံအိမ်’  နှင့် ‘ဝိညာဉ်ရှိုက်သံ’စသည့်မြန်မာရုပ် သံဇာတ်လမ်းတွဲများတွင် ပရိသတ် အားပေးမှုရရှိထားသည်။

 

Top News