တိုက်ပွဲများကြောင့် ဇိုင်းအောင်ယာယီစခန်းရှိ စစ်ဘေးဒုက္ခသည်များ ထပ်မံတိမ်းရှောင်

ရန်ကုန်- တိုက်ပွဲများပြန်လည်ဖြစ် ပွားခဲ့မှုကြောင့် ဇိုင်းအောင်စစ် ဘေးဒုက္ခသည်စခန်းမှ စစ်ဘေး ရှောင်များသည် ဘေးလွတ်ကင်းရာနေရာများသို့ ထပ်မံတိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။

တရုတ်နယ်စပ်ဇိုင်းအောင် ယာယီစခန်းမှ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်မှာ ပြီးခဲ့သည့်ဒီ ဇင်ဘာနှောင်းပိုင်းက တပ်မတော် နှင့် ကေအိုင်အေကြား ဖြစ်ပွား သည့် တိုက်ပွဲများကြောင့် အနီး ဝန်းကျင်ရှိ ခေါင်ရှောင်စခန်းအပါ အဝင် ဘေးလွတ်ကင်းရာဒေသ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ 


ထို့အပြင် ဇန်နဝါရီ ၈ ရက်က တပ်မတော်နှင့်ကေအိုင်အေတို့အ ကြား ဖောင်းတောဒေသတွင် ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဇိုင်းအောင်စခန်းမှ စစ်ဘေးဒုက္ခ သည်များ တရုတ်နယ်စပ်အနီး သို့ ထပ်မံတိမ်းရှောင်ခဲ့ရခြင်းဖြစ် ကြောင်း ဒေသတွင်း ကူညီစောင့် ရှောက်ရေးအသင်းအဖွဲ့များက ဆို သည်။ 

တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့သည့် ဒေသဝန်းကျင်တွင် စစ် ဘေးဒုက္ခသည်စခန်းသုံးခုရှိပြီး စစ်ဘေးရှောင်ခြောက်ထောင်ကျော်ရှိကြောင်း သတင်းရရှိ သည်။ 

လက်ရှိ ပဋိပက္ခဖြစ်ပွားတဲ့ ဧရိယာနဲ့ဆက်စပ်နေတာက အခု တိမ်းရှောင်ရတဲ့ ဇိုင်းအောင်ကမ့် ရှိတယ်။ နောက် သူ့အထက်ဘက် က ခေါင်ရှောင်ရယ်၊ ဒီဘက် အောက်ဘက် ပြန်ဆင်းလာရင် မဂါယန်ဆိုတဲ့ ကမ့်ရှိတယ်။ ဒီသုံး ခုပေါင်းရင် လူဦးရေခြောက် ထောင့်ငါးရာလောက်ရှိတယ်’’ဟု အရပ်ဘက်အကူအညီပေးရေးလူ မှုအဖွဲ့အစည်းကိုးဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့(JST)ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်က ပြောသည်။ 

တပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ်တွင် ပဋိပက္ခ များ ဆက်လက်ဖြစ်ပွားနေပြီး ဝိုင်းမော်မြို့နယ် ဇိုင်းအောင်ယာယီ စခန်းမှ နေရပ်စွန့်ခွာသူ နှစ်ထောင့်ခုနစ်ရာကျော်မှာ ခေါင်ရှောင်စ ခန်းအနီးတစ်ဝိုက်တွင် ယာယီအမိုးအကာများဖြင့် နေထိုင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း UNOCHA က ဇန်နဝါရီ ၉ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

ဆောင်းရာသီဖြစ်ပြီး အမိုးအကာလုံလောက်မှုမရှိခြင်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိ ကြောင်း UNOCHA က ဆိုသည်။

More in News Section

Top News