ကျောင်းသားများကို ဖိအားလျော့ကျသွားစေသော စာမေးပွဲအဆင့်သတ်မှတ်ချက်စနစ်

အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် စာမေးပွဲအောင်စာရင်း ကြည့်ရှုနေသော ကျောင်းသားနှင့် မိဘများကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

အခြေခံပညာကျောင်းများတွင် စာမေးပွဲရလဒ်များကို အမှတ်ဖြင့် ထုတ်ပြန်ရာမှ အေ၊ ဘီ၊ စီ၊ ဒီ အဆင့်သတ်မှတ်ချက်ဖြင့် ပြောင်း လဲထုတ်ပြန်မှုသည် ကျောင်းသား များကို ဖိအားလျော့ကျစေခဲ့ ကြောင်း ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ပြောသည်။

ဒီချုပ်အစိုးရသစ်လက်ထက် တွင် အခြေခံပညာစာမေးပွဲရလဒ် များကို အဆင့်သတ်မှတ်ချက်ဖြင့်  ထုတ်ပြန်ရန် ညွှန်ကြားမှုသည် ပညာရေးပြောင်းလဲတိုးတက်မှုအ တွက် သက်ရောက်မှုမရှိသော် လည်း ကျောင်းသားနှင့် ဆရာများ အတွက် ဖိအားလျော့ကျစေသည် ဟု ဆိုသည်။


‘‘ကျောင်းသားတွေကြားမှာ  အပြိုင်အဆိုင်တော့ နည်းသွား တယ်။ အရင်ကလို အမှတ်ဘယ် လောက် တစ်မှတ်၊ နှစ်မှတ်လေး က အစ ပြိုင်တာတွေ၊ မိဘတွေအ ပြိုင်အဆိုင်လုပ်တာမျိုး သိပ်မရှိ တော့ဘူး။ ဒီစနစ်က ပညာရေး ပြောင်းလဲမှုအတွက် ထူးထူးခြား ခြားတုံ့ပြန်မှု မရှိပေမယ့် အမှတ် အလိုက် အပြိုင်အဆိုင် လုပ်တဲ့ ဖိအားတွေ နည်းသွားတယ်’’ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အ ထက်တန်းပြဆရာမ ဒေါ်ဖြိုးပပ အောင်က ပြောသည်။

စာမေးပွဲအမှတ် အတိအကျ သိလိုသော ကျောင်းသားမိဘအ ချို့ရှိနေသကဲ့သို့ အမှတ်သိခွင့်ရ ရန် တောင်းဆိုမှုအချို့ ရှိသော် လည်း လှို့ဝှက်ထားခဲ့ကြောင်း၊ အမှတ်ပေးမှုနှင့်ပတ်သက်၍ မှား ယွင်းမှုအချို့ကို ယခင်က ဖြေရှင်း ခဲ့ရသော်လည်း ယခုအခါယင်းအ ခြေအနေမျိုး မရှိတော့ကြောင်း ၄င်းက ဆိုသည်။

ကျောင်းသားမိဘများအ ကြား အမှတ်အနည်း၊ အများ ပြိုင် ဆိုင်မှု ပြင်းထန်နေသောကြောင့် ၂၀၁၆ သြဂုတ်ကစတင်၍ စာမေးပွဲ များတွင် အမှတ် ၈၀ နှင့် အထက် ကို အေအဆင့်၊ အမှတ် ၆၀ မှ ၇၉ မှတ်အထိ ဘီအဆင့်၊ အမှတ် ၄၀ မှ ၅၉ မှတ်အထိ စီ အဆင့်နှင့် အမှတ် ၄၀ အောက်ကို ဒီအဆင့် သတ်မှတ်ခြင်းဖြစ်သည်။

‘‘အခုလိုပြောင်းလိုက်တာ ကောင်းပါတယ်။ ကျောင်းသား တွေကြားမှာ အပြိုင်အဆိုင် အ ရမ်းလျော့ကျသွားတယ်။ အား နည်းချက်ကတော့ ကိုယ်ကျတဲ့ ဘာသာရပ်မှာ ဘယ်နေရာမှားပြီး ကျတယ်၊ အမှတ်ဘယ်လောက် နည်းတယ် မသိရတာပဲ။ ကျောင်း သားတွေအတွက် ပြိုင်ဆိုင်မှုရှိရင် ပိုကောင်းတာ မှန်ပေမယ့် အလွန် အကျွံ ပြိုင်ဆိုင်တာနဲ့ မိဘတွေရဲ့ ပြိုင်ဆိုင်မှုဖိအားတွေပါလာရင် တော့ ဖိအားဖြစ်ပြီး မကောင်းဘူး ပေါ့။ ကျောင်းသားမိဘတွေက တော့ အမှတ်မသိရလို့ မကျေနပ် တာတွေတော့ရှိတယ်။ ပညာရေး စနစ်ကို ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး’’ဟု အထက (၂) ကမာရွတ်မြို့နယ်မှ အဋ္ဌမတန်းကျောင်းသား မောင် စောဖြိုးဝေကျော်က ပြောသည်။ 

အုပ်ချုပ်ရေးစနစ်ဆိုးရွားခဲ့မှု များကြောင့် အဘက်ဘက်မှ နိမ့် ကျသွားသော မြန်မာ့ပညာရေး စနစ်တွင် ကျောင်းသားများသာ မက မိဘများလည်း ဓားစာခံဖြစ် သွားပြီး ပြုပြင်ပြောင်းလဲမှုများ လို အပ်နေကြောင်း ပညာရေးလေ့ လာသူများက သုံးသပ်သည်။ 

‘‘ဒီစနစ်က နိုင်ငံတကာမှာ လည်း ကျင့်သုံးတဲ့စနစ် ဖြစ်ပါ တယ်။ ပညာရေးစနစ်မှာ ကျောင်း သားတွေတင်မကဘူး မိဘတွေပါ စနစ်ရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။ စနစ် ကောင်းသွားပြီ ဆိုရင် မိဘတွေပါ နားလည်ပြီး ပြောင်းလဲသွားမယ်။ ကောင်းသွား မယ်လို့ ယုံကြည်ပါတယ်။ မိဘ တွေကတော့ သားသမီးကို ကောင်း စေချင်ဖြစ်စေချင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လူမှုစနစ်ထဲမှာ အ ဆင့်(၁)ရတဲ့လူတွေကြီးပဲ ဖွဲ့စည်း ထားတာ မဟုတ်ဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်အရာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ပြော သည်။

အခြေခံပညာ သင်ယူနေ သော ကျောင်းသား၊ ကျောင်းသူ များက အမှတ်ပေးစနစ်ဖြင့် စာ မေးပွဲရလဒ်ထုတ် ပြန်နေသည့်အ စား အဆင့်သတ်မှတ်ချက်ဖြင့် စာ မေးပွဲရလဒ်ထုတ်ပြန်မှုကို ပိုမိုနှစ် သက်သဘောကျကြောင်း ဆို သည်။

‘‘Grade နဲ့သတ်မှတ်တာကို ပိုကြိုက်တယ်။ အမှတ်တွေမပြ တော့ ပိုကောင်းတယ်။ အမှတ် တွေပြရင် တစ်မှတ်၊ နှစ်မှတ်နဲ့ပြိုင် တာတွေရှိတယ်။ အမှတ်မပြတော့ ပြိုင်တာတွေနည်းသွားတယ်။ အဲ ဒါကြောင့် Grade နဲ့ ပြတာကို ပို ကြိုက်တယ်’’ဟု ကိုယ်ပိုင်ကျောင်း တွင် ဆဋ္ဌမတန်းတက်ရောက်နေ သော မသင်းနဒီစိုးက ပြောသည်။ 

စာမေးပွဲရလဒ်ထုတ်ပြန်မှု ပုံစံ ပြောင်းလဲလိုက်သောကြောင့် ကျောင်းသားများ ဖိအားလျော့ကျ စေသည့်အတွက် သဘောကျ ထောက်ခံကြောင်း ကျောင်းသား ဖခင်တစ်ဦးကပြောသည်။

‘‘မိဘတော်တော်များများက တော့ ပြိုင်ကြတာပေါ့ဗျာ။ ကြား ထဲက ကလေးတွေက မြေစာပင် ဖြစ်ရတာပေါ့။ ကျောင်းထားရမယ့် အရွယ်ရောက်တာနဲ့ ကိုယ်နေတဲ့ မြို့နယ်ထဲက ကိုယ် တကယ်ထား ရမယ့် ကျောင်းကို မစဉ်းစားကြ ဘူး။ နယ်ကျော်ပြီး ဒဂုံ (၁)တို့၊ TTC တို့ကို မှန်းကြတယ်။ အဲဒီမှာ တည်းက စပြီး လမ်းလွဲနေတယ်။ ကျွန်တော်ကတော့ စနစ် ပြောင်း မှာကို အရမ်းသဘောကျတယ်။ ဒီ Grade စနစ်ကိုသုံးတဲ့အတွက် ကလေးတွေ က သဘောကျတယ်။ သူတို့အနေနဲ့သိပ်မပြိုင်ရတော့ဘူးပေါ့ဗျာ။ အရင် အမှတ်စနစ်နဲ့ ပေးတဲ့အခါကျတော့ ကလေးတွေ ထက် မိဘတွေကပိုပြီး ပြိုင်ကြ တဲ့သဘောဖြစ်တယ်။ အခု Grade စနစ်က ကလေးတွေအတွက် ဖိအားလျော့စေတဲ့ စနစ်ဖြစ်တဲ့အ တွက် သူတို့အတွက် ပိုကောင်း တယ်’’ဟု ကျောင်းသားမိဘ ဦးအောင်ပြည့်ဖြိုးက ပြောသည်။

ကျောင်းသားများ၏ အရည် အချင်းနှင့်ပတ်သက်၍ အသေး စိတ်မသိရသောကြောင့် အမှတ် ဖြင့် စာမေးပွဲရလဒ် ထုတ်ပြန်သော စနစ်ပြောင်းလဲမှုအပေါ် သဘောမ တွေ့သော ကျောင်းသားမိဘများ လည်း ရှိနေသည်။

‘‘ကျွန်မက အမှတ်ပေးတဲ့ စနစ်ကို ပိုသဘောကျတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီစနစ်ကြောင့် ကိုယ့်ကလေးက သူများကလေး တွေနဲ့ ဘာတွေကွာလဲဆိုတာ ပို သိရတယ်။ အခုက Grade နဲ့ဆို တော့ ဘယ်သူက ဘယ်နှမှတ် ရ တယ်။ ဘယ်သူက ကိုယ့်ကလေး ထက် ပိုတော်တယ်ဆိုတာ မသိရ တော့ဘူး ဖြစ်သွားတာပေါ့။ ဒီလို ပြောင်းလိုက်တာကိုတော့ သ ဘောမကျဘူး။ ကိုယ့်ကလေးကို တော့ အတော်ဆုံးဖြစ်ချင်တာ လေ။ ဒီစနစ်က Grade A က အတော်ဆုံးသတ်မှတ်ပေမယ့် အဲဒီအဆင့်ရမယ့်သူတွေက အ များကြီးဖြစ်မှာဆိုတော့ အရင်လို (၁)တွေ(၂) တွေရှိတော့မှာမဟုတ် ဘူးလေ’’ဟု ကျောင်းသားမိဘတစ် ဦးဖြစ်သော ဒေါ်ကေသွယ်ဦးက ပြောသည်။

စာမေးပွဲရလဒ် ထုတ်ပြန် သော စနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့မှုသည် ကျောင်းသားများအ တွက် ဖိအားနည်းသွားသော်လည်း မိဘများကို ပြန်လည်ပညာပေးရန် လိုအပ်နေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဝေဖန် ထောက်ပြ ထားသည်။

‘‘စိတ်ဝင်စားဖို့ ကောင်းတာ က စပြီး ပြောင်းတာမှာ ကျောင်း သူ၊ ကျောင်းသားတွေက သဘော ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အပေါ်မှာ ဖိအားပိုပြီးနည်း သွားတယ်။ တစ်ယောက်နဲ့ တစ် ယောက် အမှတ်လေး သုံး၊ လေး မှတ်ကွာတာနဲ့ကို ပြိုင်နေရတဲ့ ဖိအားတွေ နည်းသွားတယ်။ ဒါပေမဲ့ သဘောမကျတာက မိဘ တွေ၊ မိဘတွေကို ပြန်ပြီး ပညာ ပေးမှဖြစ်မယ်။ သူတို့ကို ကျောင်း တက်ခိုင်းမှ ဖြစ်မယ်။ နောက်ပြီး သူတို့ကို စာမေးပွဲဖြေခိုင်းရမယ်။ အဲဒါမှ Pressure (ဖိအား)ဘယ် လောက်များလဲဆိုတာ သိမှာ’’ဟု ဇန်န၀ါရီ ၁ ရက်က နေပြည်တော် တွင် ပြုလုပ်သော လူငယ်များနှင့် စကားဝိုင်း၌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများ တွင် စာမေးပွဲရလဒ်ထုတ်ပြန်သော စနစ်ပြောင်းလဲမှုကို ကြိုဆိုသော် လည်း ဆရာ၊ ဆရာမများ လူမှု ဘ၀မြင့်မားရေး၊ အရည်အချင်း မြှင့်တင်ရေး၊ ကျောင်းသား၊ ဆရာ အချိုးကြီးမားမှု လျော့နည်းစေ ရေး၊ ကျူရှင်စနစ်ကြီးထွားနေမှု လျော့ကျစေရေး စသည့် အ ပြောင်းအလဲများလည်း လိုအပ်နေ ကြောင်း ပညာရေးလေ့လာသူများ က ဝေဖန်ထောက်ပြသည်။