အများပိုင်ဘတ်စ်ကားကုမ္ပဏီ ယာဉ်မောင်းဦးရေ ၇၀၀ ခန့် ခေါ်ယူမည်

ရန်ကုန်မြို့ပြအများပြည်သူသယ် ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်(YUPT)မှ ပြေးဆွဲမည့် ဘတ်စ်ကားတစ်စီး (ဓာတ်ပုံ - ကျော်ဇင်သန်း)

အများပိုင်ဘတ်စ်ကားပြေးဆွဲမည့် ရန်ကုန်မြို့ပြအများပြည်သူသယ် ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် (YUPT)က ယာဉ်မောင်း ၇၀၀ ခန့် ခေါ်ယူခန့်အပ်မည်ဟု သတင်းရရှိ သည်။ 


ယင်းကုမ္ပဏီသည် မထသ ကို အမည်ပြောင်းလဲကာ ဘတ်စ်ကားပြေးဆွဲခြင်းတွင် ဆက်လက်ပါဝင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ယာဉ်သစ်အစီးရေ ၆၀၀ ခန့် အသုံးပြုပြေးဆွဲရန် စီစဉ်နေသဖြင့် ယာဉ်မောင်းကို ယာဉ်စီးရေနှင့် မျှတစွာ ခေါ်ယူရန် စီစဉ်နေကြောင်း မထ သ(ရန်ကုန်တိုင်းဒေသကြီး)မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘လက်ရှိမှာတော့ ကားအ သစ်စီးရေ ၁၀၀ ကျော်လောက် ရောက်နေပြီ။ နောက်ထပ်ရောက် လာမှာတွေလည်း ရှိတယ်။ ကျွန် တော်တို့က ယာဉ်အသစ်စီးရေ ၆၀၀ လောက်အထိ ပြေးဆွဲဖို့ရှိနေ တော့ တကယ်လိုမှာလည်း ယာဉ် မောင်းက ၆၀၀ လောက်ဖြစ်မယ်။ အရန်ယာဉ်မောင်းပါ ခေါ်ရမှာဆို တော့ ဦးရေ ၇၀၀ လောက်တော့ ခေါ်ရမှာပေါ့’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။ 

ယာဉ်မောင်းတစ်ဦးအား တစ်လလျှင် လစာကျပ်သုံးသိန်းပေး မည်ဖြစ်ပြီး ခေါက်ရေတစ်ခေါက် လျှင် ကျပ် ၂,၀၀၀ နှင့် တစ်ရက်လျှင် လေးခေါက် ပြေးဆွဲရမည်ဟု ကြေညာထားသည်။ 

ထို့အပြင် လေးခေါက်ထပ်ပို ၍ ပြေးဆွဲနိုင်ပါက အပိုပြေးဆွဲ သည့်အခေါက်အတွက် ခေါက်ရေ ကြေးနှစ်ဆပေးမည်ဟု ဆိုသည်။ 

ယာဉ်မောင်းသည် တစ်ပတ် လျှင် တစ်ရက်နားရက်ယူနိုင်ပြီး အခြားရက်များ ပျက်ကွက်ပါက လစာထဲမှ ဖြတ်တောက်မည်ဟု သိရသည်။ 

လျှောက်ထားမည့် ယာဉ် မောင်းသည် လိုင်စင်အနက်ကိုင်ဆောင်ထားသူ ဖြစ်ပါကလည်း လျှောက်ထားနိုင်မည်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးသယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကလည်း အများ ပိုင်ဘတ်စ်ကား စနစ်သစ်တွင် မောင်းနှင်မည့်ယာဉ်မောင်းများကို သတ်မှတ်ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ သင်တန်းများ တက်ရောက်စေပြီး လိုင်စင်အနက် ဖြင့် မောင်းနှင်ခွင့်ပေးမည်ဟု ကြေ ညာထားသည်။ 

သို့သော် ယာဉ်မောင်းသည် သတ်မှတ်ယာဉ်လိုင်းတစ်ခုတွင် သာ အတည်တကျမောင်းနှင်ရ မည်ဖြစ်ပြီး အခြားယာဉ်လိုင်းသို့ ကူးပြောင်းမောင်းနှင်ပါက အရေး ယူခံရမည်ဟုဆိုသည်။ 

YUPT ကုမ္ပဏီက ယာဉ် မောင်းအလုပ်သမားရာချီခေါ်ယူမှု ရှိလာသော်လည်း အခြားယာဉ် လိုင်းများကမူ လက်ရှိ ယာဉ်လုပ် သားများဖြင့်သာ စတင်ရန် ပြင်ဆင်နေသည်ဟု ယာဉ်ပိုင်ရှင်အချို့က ပြောသည်။