ရွှေတိဂုံစေတီတော်သို့ ရွှေပြားလှူဒါန်းဈေး တစ်ကျပ်သား ကျပ်နှစ်သိန်း တိုးမြှင့်သတ်မှတ်

အလှူရှင်နှစ်ဦးက လာရောက်လှူဒါန်းနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ရွှေတိဂုံစေတီတော်တွင် ရွှေပြားကပ်လှူရန် ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းခန့် ဈေး နှုန်းတိုးမြှင့်သတ်မှတ်လိုက်သော် လည်း လာရောက် လှူဒါန်းသူ လျော့နည်းမသွားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သ တင်းရရှိသည်။

ယခင်က ရွှေတစ်ကျပ်သား လှူဒါန်းမှုအတွက် ၆၁၀,၀၀၀ ကျပ် ကောက်ခံခဲ့သော်လည်း ရွှေဈေး နှုန်းတက်လာ၍ ၂၀၁၇ ဇန်နဝါရီ ၁ရက်မှ စတင်ကာ ရွှေတစ်ကျပ် သားလျှင် ၈၁၀,၀၀၀ ကျပ် နှုန်းဖြင့် ဈေးနှုန်း ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 ‘‘အရင်ကတော့ ခြောက် သိန်းကျော်နဲ့ ဘုရားအတွက် အ လှူခံဖွင့်ပေးထားတယ်။ ကာလ ပေါက်ဈေးတွေ တက်လာတော့ ရွှေတစ်ကျပ်သားအတွက် လိုတဲ့ ငွေကို ပြန်စိုက်ထည့်ပေးရတယ်။ အခု ဈေးနှုန်းကလည်း ကာလ ပေါက်ဈေးထက် နည်းပါတယ်။ အလှူရှင်တွေ လှူရတာ အဆင် ပြေမယ့် ဈေးနှုန်းသတ်မှတ်ပေး ထားတာပါ’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။

 ကျပ် ခြောက်သိန်းတစ် သောင်းနှုန်းဖြင့် ရွှေပြားလှူဒါန်းမှု ကို ဒီဇင်ဘာ ၃၁ ရက်အထိ ခွင့်ပြု ခဲ့သည့်အတွက် အဆိုပါလအ တွင်း လာရောက်လှူဒါန်းမှုသည် အခြားလများထက် အနည်းငယ် များပြားခဲ့ပြီး ငါးနှစ်လျှင် ရွှေပြား တစ်သောင်းကျော် အလှူခံရရှိ ကြောင်း ရွှေတိဂုံစေတီဂေါပက အဖွဲ့မှူးရုံးမှ ဦးထွန်းအောင်ငွေက ပြောသည်။

‘‘ဈေးနှုန်းပြောင်းလဲတဲ့ရက် ပိုင်းလောက်မှာတော့ လာလှူတဲ့ သူတွေ အရင်ထက်ပိုများတယ်။ ဈေးပြောင်းလဲပေမယ့်လည်း လာ ရောက်လှူဒါန်းတဲ့ သူတွေက တော့ ပုံမှန်ရှိပါတယ်။ ဈေးတက် သွားလို့ နည်းသွားတာမရှိပါဘူး။ ကိုယ့်အဓိဋ္ဌာန်နဲ့ ကိုယ် လာလှူတဲ့ သူတွေရှိပါတယ်’’ဟု ၎င်းက ပြော သည်။ ရွှေတိဂုံစေတီတော်သို့ ခုနစ် ရက်သားသမီးများ လှူဒါန်းငွေ ကုဋေငါးထောင့်ငါးရာကျော်ကို ဘဏ်တွင် အပ်နှံထားပြီး ရရှိထား သည့် အလှူငွေများကို ဘက်စုံ ပြုပြင်ရန်နှင့် စီမံခန့်ခွဲမှုအတွက် မျှဝေသုံးစွဲသည်ဟု ဆိုသည်။

‘‘ဘုရားကြီးပြုပြင်တဲ့အခါ လိုအပ်ငွေကို ခုနစ်ရက်သားသမီး တွေ လှူတဲ့ငွေနဲ့ အသုံးပြုပါတယ်။ ဘုရားမှာ ဖွင့်တဲ့ ဈေးဆိုင်တွေရတဲ့ ငွေကို ရုံးအဖွဲ့လစာကုန်ကျစရိတ် အတွက် သုံးပါတယ်’’ ဟု ဦးထွန်း အောင်ငွေက ပြောသည်။

More in News Section