ကန်ပက်လက်မြို့နယ်ရှိ ဘော်ဒါဆောင်တစ်ခု မီးလောင်၊ ကျောင်းသားငါးဦးသေဆုံး

ချင်းပြည်နယ် ကန်ပက် လက်မြို့နယ် ခင်ရွာရှိ ဘော်ဒါ ဆောင်တစ်ခုတွင်  မီးလောင်မှု ကြောင့် မူလတန်းကျောင်းသား ငါးဦး မီးလောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကန်ပက်လက်မြို့နယ် မာ ကြားကျေးရွာအုပ်စု ခင်ရွာတွင် ဇန်န၀ါရီ ၉ ရက်ညက ယင်း မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်သောနေအိမ်သည်ဘော်ဒါဆောင်ဖွင့်ကာ ကလေးများအား စာသင်ပေးနေသောအိမ်ဖြစ်ပြီး KG တန်းတက်နေသော ကလေး နှစ်ဦး၊ ပထမတန်းကျောင်းသား တစ်ဦး၊ ဒုတိယတန်းကျောင်းသား တစ်ဦးနှင့်ကျောင်းသူတစ်ဦး စုစု ပေါင်းငါးဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။


‘‘ကျောင်းသူကျောင်းသား တွေ စာကျက်တဲ့နေရာကနေ စ လောင်တာ။ ဘော်ဒါဆောင် အဲဒီ အိမ်မှာ မီးလောင်တဲ့အချိန်မှာ ကလေးတွေချည်းပဲရှိနေတာ။ ကလေးငါးဦးဆုံးသွားတာမှန်ပါ တယ်’’ဟု ကန်ပက်လက်မြို့နယ် ရဲစခန်းမှ ရဲဒုတိယတပ်ကြပ် မနား ထန်ကပြောသည်။

မီးလောင်မှုဖြစ်စဉ်ကို ကန် ပက်လက်မြို့နယ်ရဲစခန်းတွင် အ မှုဖွင့် စစ်ဆေးနေသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးက ‘‘ချင်းတောင်မှာ မီးလောင်ရင်မလွယ်ဘူး။ အခု မီး လောင်တဲ့နေရာနဲ့ မြို့ကဝေး တော့ မီးသတ်ကားလည်း ချက် ချင်းမသွားနိုင်ဘူး။ ကလေးတွေရဲ့ မိသားစုဝင်တွေအတွက် လိုအပ် တာ ထောက်ပံ့ပေးသွားမှာပါ’’ ဟု ပြောသည်။

Top News