တံဆိပ်တွေကို ကြည့်နေရမယ့် အချိန်အခါမဟုတ်ဘူး

၂ဝ၁၅ ဧပြီလက ပြည်သူ့လွှတ်တော်တွင် တွေ့ရသော ဦးခိုင်မောင်ရည် (ဓာတ်ပုံ − MOI)

ပါတီကိုမကြည့်ဘဲ လူကို ကြည့်ကြရမယ့် အချိန် ရောက်ပြီလို့လာ မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ ကနေ ၀င်ပြိုင်ဖို့ပြင်ဆင် နေတဲ့ အမျိုးသားဒီမိုကရေစီအင် အားစု (NDF ပါတီ) က ဦးခိုင် မောင်ရည်က ပြောလိုက်ပါတယ်။ ၂၀၁၁-၂၀၁၅ ကာလမှာတော့ သူကအလုံမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ မကြာသေးခင်က ဦးခင်မောင် ရည်နဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ သူက လက်ရှိလွှတ်တော် အနေ အထား၊ နိုင်ငံရေးအခင်းအကျင်း၊ အာဏာရပါတီအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) နဲ့ ရွေး ကောက်ပွဲတွေအကြောင်း ပြောပြ ထားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာ လဲ။

ပထမတော့ ၀င်ပြိုင်ဖို့စိတ် ကူးမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆို တော့ ပြည်သူ့အစိုးရတစ်ရပ်ပေါ် လာပြီ။ အဲဒီအစိုးရကလည်း အ နိုင်ရပါတီကနေ တည်ဆောက် ထားတဲ့အတွက် ပြည်သူ့လိုလား ချက်တွေ ပီပီပြင်ပြင်နဲ့ အကောင် အထည်ဖော်သွားလိမ့်မယ်။ တိုး တက်လာမယ့် နိုင်ငံရေးအခြေအ နေတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ကို မျှော်မှန်းပြီး ဒီကြားဖြတ်ရွေး ကောက်ပွဲမှာ တခြားပါတီတွေ ၀င်စရာမလိုဘူးလို့ သုံးသပ်ခဲ့တာ။ ဒါပေမဲ့ ထင်ထားတဲ့ပုံစံမျိုး မဖြစ်တဲ့အပြင် အစိုးရနဲ့ လွှတ်တော်ညှိပြီး လုပ်တယ်ဆိုတဲ့ ပုံသဏ္ဌာန်တွေ မြင်တွေ့ကြားနေရတယ်။ မဏ္ဍိုင်ကို သုံးရပ်အပြန်အလှန် ထိန်းကျောင်းဖို့ဆိုတဲ့ ကဏ္ဍပျောက် သလောက် ဖြစ်လာတယ်။ တရား စီရင်ရေး မဏ္ဍိုင်ကို အစိုးရနဲ့လွှတ်တော်တို့ကထိန်းကျောင်းဖို့ဆို တာ ခက်ခဲနေတယ်။ အစိုးရကို လွှတ်တော်က ပြန်ထိန်းကျောင်းရ မယ့် ကဏ္ဍပါ ပျောက်တော့မယ် ဆိုရင် တိုင်းပြည် တိုးတက်ဖို့က တုံ့နှေးခက်ခဲလာလိမ့်မယ်။ ဒါ တွေက အားရမှုမရှိတော့ တခြား ပါတီက အသံမတူတဲ့ ပြည်သူ့အ ကျိုးကို ရှေးရှုမယ့်သူတွေ အများ ကြီးလိုအပ်တာ တွေ့မြင်ရတယ်။ အဲဒီဟာကို ဖြည့်ဆည်းပေးဖို့ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ချစ် တဲ့သူတွေအားလုံးမှာ တာဝန်ရှိ တယ်။ ပါတီမရှိတောင် တစ်သီး ပုဂ္ဂလအဖြစ် ၀င်ပြိုင်ဖို့တောင် လိုအပ်တယ်။ ဒါမှလွှတ်တော်ထဲ မှာ အများကြီးစုံညီနေမယ်။ ဒီရွေး ကောက်ပွဲမှာ ပြည်ထောင်စုအ ဆင့် လစ်လပ်နေရာက ကိုးနေရာ ပဲ ရှိတယ်။ ဒီလိုရှားရှားပါးပါး နေရာလေးအတွက် တခြားပါတီ တွေဟာ အင်တိုက်အားတိုက်နဲ့ ၀င်ပြိုင်ပြီး လွှတ်တော်မှာ ပြည်သူ့ အတွက် ရယူသင့်တယ်လို့ မြင် တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို မဲပုံပေး ခဲ့ကြတယ်။ အခုလည်း ပြည်သူ တွေရဲ့ ဆန္ဒက NLD အပေါ် တိမ်း ညွှတ်နေဦးမယ်လို့ ယူဆသလား။

ရန်ကုန်တိုင်းဒေသကြီးမှာ လစ်လပ်နေရာ ငါးနေရာပါ။ ရန်ကုန်ပြည်သူတွေကလည်း နိုင်ငံရေးရေချိန်မြင့်တဲ့သူတွေပါ။ NLD ကို တိမ်းညွှတ်နေသူတွေ လည်း ရှိနိုင်ပါတယ်။ လက်ရှိနိုင်ငံ ရေးအခင်းအကျင်းကို စိတ်ပျက် နေသူတွေလည်း အများကြီးရှိပါ တယ်။ လူကိုမကြည့်ဘဲ ပါတီကို မဲပေးတယ်လို့ ပြောခဲ့သူတွေဟာ အခုဆို ငါတို့လူကိုကြည့်ဖို့ လို အပ်နေပြီလို့ ယူဆမယ်ဆိုတာကို တစ်ထစ်ချယုံကြည်ပါတယ်။ ဒါ ကြောင့် ဒီတစ်ခါတော့ ပါတီကို မကြည့်ဘဲ လူကိုကြည့်ပြီး မဲပေး ကြမယ်လို့ ကျွန်တော်တို့ယူဆလို့ ၀င်ပြိုင်တာပါ။

NLD ဟာ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်မှုပေးနေတဲ့ ပါတီဖြစ်တယ်လို့ အများကယူဆ ထားကြတော့ ဒီပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ လွယ်ပါ့မလား။

ပြည်သူဆိုတာက မိမိတို့ရဲ့ စားဝတ်နေရေးအောက်မှာ နိစ္စဓူဝရုန်းကန်လှုပ်ရှားနေကြရတာပါ။ စစ်အစိုးရ ဖိနှိပ်နေတုန်းက နိုင်ငံ ရေးလုပ်ကြတဲ့သူတွေကို အားပေး ကြသူတွေရှိသလို တိုင်းပြည်မှာ ဘာတွေပဲဖြစ်ဖြစ် မိမိစားဝတ်နေ ရေးကိုပဲ ဦးစားပေးတာတွေလည်း ရှိပါတယ်။ ၂၀၀၇ သံဃာအရေး အခင်းဖြစ်တာကိုတောင် မသိတဲ့ သူတွေ ရှိတယ်။ တိုင်းပြည်ကို ဘယ်သူပဲ အုပ်ချုပ်၊ တက်လာတဲ့ အစိုးရ ငါတို့အစိုးရပဲလို့ ယူဆတဲ့ သူတွေအများကြီးရှိတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD ဘက်မှာ တိမ်းညွှတ်နေတာ တော့ မဟုတ်နိုင်ပါဘူး။

NLD နဲ့ NDF ပါတီနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ပြည်သူတွေဘယ်ဟာကိုရွေးချယ်လိမ့်မယ်လို့ ယူဆလဲ။

ဒီကြားဖြတ်ရေးကောက်ပွဲ ဟာ တံဆိပ်တွေက အရေးမကြီး ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိမှုတွေ က ပိုအဓိကကျလိမ့်မယ်လို့ မျှော် လင့်တယ်။ တံဆိပ်တွေကို ကြည့် နေရမယ့်အချိန်အခါ မဟုတ်ဘူး လို့ ပြောရမယ်။ NLD က ဘာ့ ကြောင့် ဒီကြားဖြတ်ရွေးကောက် ပွဲကို ၀င်လာလဲလို့  ပြည်သူကမေး ရမှာ ဖြစ်တယ်။ ၂၀၁၅ ရွေး ကောက်ပွဲတုန်းက အစိုးရဖွဲ့ချင် လို့ပါ။ တိုင်းပြည်ရဲ့ ပြည်သူ့အာ ဏာရချင်လို့ပါလို့ ပြောခဲ့တယ်။ အခုအစိုးရလည်း ဖွဲ့လို့အုပ်ချုပ် ရေးအာဏာရနေပါပြီ။ လွှတ်တော်မှာလည်း အခုထိမဲအများ ဆုံးပါပဲ။ အခုကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်ထောင်စုအဆင့်မှာ ၁၀ ဦးတောင် မပြည့်ပါဘူး။ အခုလွှတ် တော်ထဲကို လူ ၉၀ လောက် တခြားပါတီက လူတွေထည့်လိုက်ရင် လည်း NLD ရဲ့ လွှတ်တော်အ တွင်း မဲတွေလုံးဝထိခိုက်မှာ မဟုတ်ဘူး။ ဒီနေရာလေးဟာ တခြားပါ တီက လူတွေအတွက်ပဲ ဖြစ်ထိုက် တယ်လို့ ကျွန်တော်ပြောလိုတယ်။ ဒီလိုပဲတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လစ်လပ်တဲ့မဲ ဆန္ဒနယ်တွေဟာလည်း သက်ဆိုင်ရာတိုင်း ရင်းသားပါတီ အဖွဲ့အစည်းတွေ က ရသင့်တယ်လို့ မြင်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲက လစ်လပ်နေရာတွေဟာ NLD အတွက် မလိုအပ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒီနေရာလေးတွေကိုပါ NLD က အကုန်သိမ်းကျုံးယူမယ်ဆိုတဲ့ပုံစံမျိုးက နိုင်ငံရေးအာဏာကိုရသမျှ အကုန်ယူမယ်ဆိုတာ မျိုးလားလို့ ဝေဖန်စရာ ဖြစ်နေပါ တယ်။

ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အရင်လွှတ်တော်နဲ့ NLD အား ကောင်းတဲ့ အခုလွှတ်တော်တို့ရဲ့ အခြေအနေကိုလည်း နှိုင်းယှဉ်သုံး သပ်ပေးပါဦး။

စစ်အစိုးရကနေ ပြောင်းလဲ လာတဲ့ ပထမအကြိမ်လွှတ်တော် ဟာ ရှေ့မှာနမူနာကြည့်စရာ မရှိ ပါဘူး။ ခေတ်ဟောင်းကဟာတွေ နဲ့ လွှတ်တော်ဆောင်ရွက်ဖို့ ခက် ခဲတယ်။ ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ စွမ်းရည်နဲ့ လေ့လာအား၊ နိုင်ငံရေးအင်အားတွေနဲ့သာ လွှတ်တော်ထဲမှာ စွမ်းဆောင်ခဲ့ကြတာ ဖြစ်တယ်။ အခုလွှတ်တော်က အ ရင် ငါးနှစ်တာကာလက လွှတ် တော်ကို ထိုင်ကြည့်ခဲ့ကြသူတွေ ဖြစ်တယ်။ အရင်လွှတ်တော်မှာ သုံးနှစ်ခွဲဝင်ပါခဲ့တဲ့ NLD ထဲက လူ ၄၀ ကျော်ဟာ အခုလွှတ်တော်မှာ လည်း ဆက်ပါနေကြတာတွေ ရှိတဲ့အတွက် အခြေခံကောင်းရ ထားပြီး ဖြစ်တယ်။ ဒီလိုအခြေအ နေတွေမှာ အကြံတူရင် နောက်လူ သာစမြဲဖြစ်ရမှာပါ။ အဲဒီအခွင့်အ ရေးရှိပါလျက်နဲ့ အရင်လွှတ်တော် ကိုတောင် အခုလွှတ်တော်အခြေ အနေက မမီသေးဘူးလို့ ရှင်းရှင်း ပဲ ပြောရမယ်။ ပထမအကြိမ် လွှတ်တော်စကတည်းက ကျွန် တော်တို့တွေဟာပြုပြင်ပြောင်းလဲ မှုတွေ စခဲ့ကြပါတယ်။ ပြည်သူ တွေစာပေကင်ပေတိုင်လို့ စွပ်စွဲ ခဲ့ကြတဲ့ စာပေစိစစ်ရေးကိစ္စနဲ့ ပြန်ကြားရေးကို မေးခွန်းပေါင်း များစွာမေးခဲ့ပြီး ပြောင်းလဲဖို့ ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒီအ ချိန်က ပြန်ကြားရေးဝန်ကြီးကို တောင် အယုံကြည်မရှိ အဆိုတင် သွင်းဖို့အထိ ပြောဆိုဆွေးနွေးခဲ့ ကြတယ်။ အဲဒီအချိန် လွှတ်တော် ရဲ့ စွမ်းဆောင်မှုနဲ့ လွှတ်တော်ဆိုင် ရာ ခုံရုံးကိုတောင် ဖြုတ်ချနိုင်ခဲ့ပါ တယ်။ လွှတ်တော်ကို ထိခိုက်ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ၀န်ကြီးတစ်ဦးလွှတ်တော်မှာ တရားဝင်လာ တောင်းပန်တာလည်း ရှိခဲ့ဖူးပါတယ်။ လွှတ်တော်ကြောင့် အစိုးရက သူ့ရဲ့ဝန်ကြီးတွေကို မညှာမတာအနားပေးတာတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေကို ပြောင်းလဲတာတွေ လုပ်နိုင်ခဲ့တယ်။ အစိုးရကို လွှတ်တော်ကထိန်းကျောင်းမှု တွေ တော်တော်လေးလည်း လုပ်နိုင်ခဲ့တယ်။ အခု လွှတ်တော်ဟာ ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူး။ အရင်လူတွေရဲ့ ခြေရာကိုနင်းပြီးတော့မှ ကောင်းသည်ထက်ကောင်းအောင် မလုပ်နိုင်သေးတာဟာ အရင်နဲ့အခုကွာခြားမှုတွေပါ။

အခု NLD ပါတီကအစိုးရနဲ့ လွှတ်တော်နှစ်ခုစလုံးကို ထိန်း ချုပ်လွန်းတယ်လို့ ဝေဖန်ခံနေရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ် လိုယူဆလဲဗျ။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါ တီက ထိန်ေးကျာင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ ဖြစ်သွားပြီဆိုရင်တော့ ပါတီရဲ့ ထိန်းကျောင်းမှုအောက်မှာရှိတာ မျိုး မဖြစ်သင့်တော့ဘူး။ သမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးတွေက ပါတီ ကိစ္စမလုပ်ရဘူး။ သမ္မတနဲ့ အစိုးရ အဖွဲ့ကိုထိန်းကျောင်းနေတဲ့ အ တိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ ပါတီဥက္ကဋ္ဌလုပ်သင့်၊ မသင့်ဟာ (အခြေခံ)ဥပဒေပြဿနာတစ်ခု ဖြစ်နေ တယ်။ ဦးသိန်းစိန်တုန်းက ပါတီ အစည်းအဝေးတစ်ခုကို သွားတက်လို့ အားလုံးဝိုင်းဝေဖန်ကန့်ကွက်တာနဲ့ ပါတီနဲ့ မပတ်သက်တော့ ဘဲ ပါတီဥက္ကဋ္ဌတာဝန်ကို သူရ ဦးရွှေမန်းက ယူခဲ့ရတယ်။ နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အစိုးရနဲ့ဝန်ကြီးတွေ ကို လွှမ်းမိုးတာမျိုးတွေ မရှိခဲ့ပါ ဘူး။ အခုကပါတီက နေရာတကာ ၀င်ပါပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေတောင် ခင်ဗျားထွက် တော့လို့ ပါတီထိပ်ပိုင်း ပုဂ္ဂိုလ်က ပြောနိုင်တယ်ဆိုတာ အတော့်ကို အံ့သြဖို့ကောင်းတယ်။     ။