မြန်မာနိုင်ငံကိုခြိမ်းခြောက်လာသော အကြမ်းဖက်အန္တရာယ်

မောင်တောတိုက်ခိုက်မှုတွင် မသင်္ကာသူတစ်ဦးအား ၂၀၁၆ အောက်တိုဘာ ၉ ရက်က စစ်တွေရဲစခန်းသို့ ခေါ်ဆောင်သွားစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

ရခိုင်ပြည်နယ် ကျောက်နီ မော်က မသီတာထွေး အသတ်ခံရ မှုကနေစခဲ့သော မြန်မာဘင်္ဂါလီ ရိုဟင်ဂျာများ၏ ပြဿနာသည် မွတ်စလင်အစွန်းရောက် အ ကြမ်းဖက်သူများ၏ အာရုံစိုက် ခြင်းခံနေရပြီဖြစ်သည်။ မြန်မာ နိုင်ငံသည်လည်း ကမ္ဘာမှာဒုတိယကိုးကွယ်မှုအများဆုံး ဘာသာဝင်များဖြစ်သော လူဦးရေသန်းပေါင်း တစ်ထောင့်ခြောက်ရာရှိ မွတ်စလင်ကမ္ဘာနှင့် ထိပ်တိုက်တိုးနိုင်သည့် အလားအလာများမြင်နေရသည်။

 ပင်လယ်ကွေ့နိုင်ငံများမှ ငွေကြေးချမ်းသာသူများနှင့် အ ဝေးရောက် ရိုဟင်ဂျာများကရခိုင် ပြည်နယ်တွင် ပေါ်ပေါက်လာ သည့် သူပုန်လက်သစ်များအား ငွေကြေးနှင့် သင်တန်းများပို့ချနေ ကြောင်း ယုံကြည်ရသောသတင်း များ ရခဲ့သည်ဟု အမေရိကန် အစိုးရ တာဝန်ရှိသူများကို ကိုး ကားပြီး အေပီသတင်း၌ ဖော်ပြ ထားသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က လည်း ရိုဟင်ဂျာပြဿနာကို ဖြေ ရှင်းရန်လိုကြောင်း၊ သို့မဟုတ်ပါ က ပြင်ပအဖွဲ့များ ၀င်ရောက်လာ ပြီး သည်ပြဿနာကို အကြမ်းဖက် မှုဖြစ်လာအောင်လုပ်လိမ့်မည်ဟု မြန်မာအစိုးရကို အမေရိကန် အခွင့်အရေးဌာန အကြီးအကဲတွမ်မီလမ်နိုစကီကဆိုသည်။

‘‘အခုဖြစ်နေတာကိုကြည့်ရ တာ အဲဒီလိုပုံစံမျိုးပဲ။ အနည်းဆုံး အသေးစားလောက်တော့ ဖြစ်နေ ပြီ’’ဟု သူက အေပီသတင်းဌာနအား ပြောကြားခဲ့သည်။

အာဆီယံဒေသမှာ ရခိုင်အ ရေးနှင့်ပတ်သက်ပြီး မြန်မာကို အ ပြင်းထန်ဆုံး စွပ်စွဲပြောကြားသူမှာ မွတ်စလင်နိုင်ငံ တစ်နိုင်ငံဖြစ် သည့် မလေးရှားနိုင်ငံဖြစ်သည်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ကိုယ် တိုင်ဦးဆောင်ပြီး မြန်မာပြည်က ရိုဟင်ဂျာများအရေးနှင့်ပတ်သက် ပြီး စီတန်းလှည့်လည်ပွဲတစ်ခုကို  ပင် ကျင်းပခဲ့သည်။ သူက ဒေါ် အောင်ဆန်းစုကြည်သည် ရိုဟင် ဂျာများကို လျစ်လျူရှုထားသည် ဟု စွပ်စွဲပြစ်တင်ခဲ့၏။ အာဆီယံ ဒေသမှာမွတ်စလင်လူဦးရေ အ များစုဖြစ်သော အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေးသမားများကလည်း မြန် မာကို အာဆီယံအဖွဲ့ကနေ ထုတ် ပယ်ဖို့အထိ တောင်းဆိုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းမှာ အာဆီယံအနေဖြင့် မြန်မာအကူ အညီမတောင်းသရွေ့ မြန်မာပြည် တွင်းရေးမှာဝင်မစွက်ဖက်သင့်ဟု အင်ဒိုနီးရှားနိုင်ငံ အစိုးရက သူ၏ ရပ်တည်မှုကိုပြခဲ့သည်။

အာဆီယံဒေသအတွင်းက ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံက သည်ကိစ္စနှင့် ပတ် သက်ပြီး မြန်မာအစိုးရသည် လျစ် လျူရှုမထားကြောင်း၊ မြန်မာအစိုး ရအနေဖြင့် သည်ပြဿနာကို ဖြေ ရှင်းရန် အချိန်လိုသည်ဟု ပြော ကြားကာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ရပ်တည်ခဲ့သည်။

‘‘မြန်မာအစိုးရကလည်းရခိုင် က ရိုဟင်ဂျာပြဿနာကို စိုးရိမ် စိတ်ပူနေပါတယ်။ ဒါပေမဲ့ သတိ ထားဖို့လိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အထိအခိုက်မခံ တဲ့ ဒီပြဿနာကို ကြိုးစားဖြေရှင်း နေပါတယ်။ ကျွန်တော်တို့ထိုင်း နိုင်ငံကလည်း ဒီပြဿနာနဲ့ပတ် သက်နေတဲ့ လူတွေရဲ့ဘ၀တွေ ကို ဘယ်လိုတိုးတက်အောင်ကူညီ ပေးရမလဲ စဉ်းစားနေပါတယ်’’ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပါ ရာမူဒါဝိနိုင်က ပြေကြားသည်။

ထို့အပြင်ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာအရေးကိုဖြေ ရှင်းရာတွင် ဘာသာရေးနှင့်မရော ယှက်ရန်၊ အဘယ်ကြောင့်ဆို သော် ကမ္ဘာ့မွတ်စလင် လူဦးရေ ၄၁ ရာခိုင်နှုန်းသည် အာဆီယံဒေသမှာရှိနေသည်ဟု သူကသတိ ပေးခဲ့သည်။

တကယ်တမ်းတွင်မူ​ ရိုဟင် ဂျာပြဿနာသည် ဒေါ်အောင် ဆန်းစုကြည်ပြောကြားသကဲ့သို့ မြန်မာနိုင်ငံ၏ ပြည်ထဲရေးသာဖြစ် သည်။ သို့သော် သည်ပြဿနာကို လူ့အခွင့်အရေးပြဿနာအဖြစ် မွတ်စလင်ကမ္ဘာက ၀င်ရောက်စွက်ဖက်ခွင့်ရလာသည်မှာ မြန်မာ နိုင်ငံက ဘာသာရေး အစွန်း ရောက်အချို့က သည်ပြဿနာကို ဘာသာရေးအဖြစ် ဦးတည်လှုပ် ရှားလာသည့်အတွက်ဖြစ်သည်။ ရိုဟင်ဂျာများကို အကြောင်းပြပြီး မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့် ကျင်မှုများက အစွန်းရောက်လာ သည့်အတွက် မွတ်စလင် ကမ္ဘာ ကပါ သည်အရေးမှာ ပါဝင်ပတ် သက်လာသည်။ ပြီးခဲ့သည့်အပတ် ကပင် မြန်မာနှင့်ပတ်သက်ဆက် ဆံမှုမရှိသည့် အီရန်ကဲ့သို့ နိုင်ငံ များကပင် မွတ်စလင်လူမျိုးများ ကြုံနေရသောဒုက္ခများ အဆုံး သတ်ရန် မြန်မာကိုချက်ချင်းအ ရေးယူပေးဖို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ကို တောင်းဆိုလိုက် သည်။

အဆိုးဆုံးအချက်မှာ အိုင် အက်စ်ကဲ့သို့ စွန်းရောက်မွတ်စ လင်အကြမ်းဖက်အဖွဲ့များက မြန် မာကို တိုက်ခိုက်ရန် ကြံစည်လာ ခြင်းဖြစ်သည်။ မြန်မာသည် မွတ် စလင်အကြမ်းဖက်များကို သွား ပြီးရန်စသကဲ့သို့ဖြစ်လာသည်။ သူတို့ကရိုဟင်ဂျာများကို အကြမ်း ဖက်အဖွဲ့ဝင်များအဖြစ် စတင်စု စောင်းလာပြီး လက်နက်ကိုင်သင် တန်းများ ပေးခဲ့သည်။ အောက်တို ဘာလကရခိုင်မှာ နယ်စပ်ရဲစခန်း များ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် များ အသတ်ခံရမှု၏နောက်ကွယ် မှာ မွတ်စလင် အကြမ်းဖက်အဖွဲ့ များရှိကြောင်း အထောက်အထား များတွေ့ခဲ့ရသည်။

သည်ပြဿနာမှာ မှန်သည် မှားသည်ဆိုသည်ထက် မိမိနိုင်ငံ ၏ အခြေအနေကို သဘောပေါက် နားလည်ရန်လိုသည်။ မြန်မာ သည် အာဆီယံဒေသမှာပင် အ ဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ကျန်း မာရေး၊ ပညာရေး၊ စီးပွားရေး အ ဖက်ဖက်က ချွတ်ခြုံကျနေသည်။ လျှပ်စစ်မီးပင် တစ်နိုင်ငံလုံးမရ သေးသည့် နိုင်ငံဖြစ်၏။ အိမ်နီး ချင်း ထိုင်းနိုင်ငံထက် အနှစ် ၃၀ ခန့် ခေတ်နောက်ကျနေသည်။  တစ်သက်လုံး ပြည်တွင်းစစ်နှင့်စစ် အုပ်ချုပ်ရေး လက်အောက်မှာ နောက်ကျလာခဲ့သမျှကို ယခုမှ စတင်တိုးတက်ရန် နိုင်ငံတကာ အကူအညီများဖြင့် ကြိုးစားနေရ ဆဲဖြစ်သည်။ ပြည်တွင်းမှာ အ ဆင်မပြေမှုကြောင့် မွတ်စလင် နိုင်ငံများဖြစ်သည့် အာရပ်စော် ဘွားများပြည်ထောင်စု၊ ဒူဘိုင်း၊ မလေးရှားနိုင်ငံများမှာမြန်မာအ လုပ်သမားများသောင်းနှင့်ချီ အ လုပ်လုပ်နေရသည်။

အိုင်အက်စ်လို မွတ်စလင်အ ကြမ်းဖက်အဖွဲ့များသည် မြန်မာ ကဲ့သို့ အင်အားနည်းသော၊ လုံခြုံ ရေးအားနည်းသောနိုင်ငံများပင် မဆိုထားနှင့် ပြင်သစ်၊ ဘယ်လ်ဂျီ ယံ၊ ဂျာမနီ၊ အမေရိကန်နိုင်ငံကဲ့ သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ပင် ခြိမ်းခြောက်နေသော အကြမ်း ဖက်အုပ်စုများဖြစ်သည်။ အဆိုပါ အဖွဲ့မျိုးများက မြန်မာကို အာရုံ စိုက်လာကြသည်ဆိုသည်မှာ အ လွန်အန္တရာယ်ကြီးလှသည်။ မ လေးရှားနိုင်ငံ အကြမ်းဖက်မှု ပြန် တုံ့ပြန်ရေးအဖွဲ့အကြီးအကဲ အာ ရွတ်ခန်မိုင်ဒင်ပစ်ချေက မွတ်စ လင်စစ်သွေးကြွများသည် ရိုဟင် ဂျာများကို ထောက်ခံမှုပေးရန် ကြိုးစားနေကြပြီဟု ပြီးခဲ့သည့် အ ပတ်က သတင်းဌာနတစ်ခုအား ပြောကြားခဲ့သည်။ ထိုသူများသည် ပြည်တွင်းနှင့်ပြည်ပရှိ မြန်မာများ ကို ပစ်မှတ်ထား တိုက်ခိုက်လာ တော့မည်ဟုဆိုသည်။

‘‘သူတို့ရဲ့ ရိုဟင်ဂျာမွတ်စ လင်ညီအစ်ကိုတွေအတွက် အိုင် အက်စ်နဲ့ တခြားအုပ်စုတွေက နည်းလမ်းရှာပြီးမြန်မာကို သွား တိုက်ကြဖို့ အများကြီးဖြစ်လာနိုင် စရာရှိတယ်’’

 အမေရိကန် နိုင်ငံခြားရေး ဌာနက တွမ်မီလမ်နိုစကီက မြန် မာအရပ်သားအစိုးရကို ကူညီရန် အတွက် အကြမ်းဖက်တိုက်ခိုက်မှု များနှင့်ပတ်သက်သည့် ယုံကြည် စိတ်ချရသောသတင်းများကို မျှ ဝေပေးရန် ပြင်ဆင်ထားမည်ဟု ပြောကြားခဲ့သည်။ မြန်မာပြည်သူ များနှင့် နယ်စပ်ဒေသကို ကာကွယ်သွားရန် မြန်မာအစိုးရကို သူတို့ ပံ့ပိုးပေးချင်သည်ဟုဆိုသည်။

သို့ရာတွင် အမေရိကန်သမ္မ တသစ်ဒေါ်နယ်ထရန့်လက်ထက် မှာ မြန်မာအပေါ်ထားရှိသည့် အမေရိကန်အစိုးရ၏ မူဝါဒမှာ သေချာရေရာမှုမရှိလှသေး။ မြန် မာနိုင်ငံကိုကူညီအားပေးခဲ့သော သမ္မတအိုဘားမားလက်ထက်က အမေရိကန်သံအမတ်များနှင့် နိုင် ငံခြားရေးဝန်ကြီးအပါအ၀င် အ ကြီးတန်းအရာရှိများမှာ သမ္မတ သစ်ထရန့်အာဏာရသည့် ဇန်န ၀ါရီ ၂၀ ရက်နေ့ကစပြီး ရာထူးက နေ နုတ်ထွက်ရမည်ဖြစ်သည်။ သူ တို့နေရာမှာ ထရန့်က သူ့လူများ ဖြင့် အစားထိုးမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင်ပြောကြား ခဲ့သော ထရန့်၏စကားများအရ  သူက နိုင်ငံတကာအရေးထက် သူ့ပြည်တွင်းရေးကို ဦးစားပေး သွားမည်။ သမ္မတအိုဘားမားကဲ့ သို့ မွတ်စလင်အကြမ်းဖက်များ ကို သွားရောက်တိုက်ခိုက်ဖို့ထက် သူ့ပြည်တွင်းကိုသာ မွတ်စလင် အကြမ်းဖက်များဝင်မလာအောင် တားဆီးမည်။ မွတ်စလင်လူမျိုး များကို ပြည်ဝင်ခွင့်ဗီဇာတင်းကျပ် မည်ဟုသာဆိုခဲ့သည်။ထို့ကြောင့် သမ္မတသစ် ထရန့်လက်ထက်မှာ အိုဘားမားလက်ထက်ကကဲ့သို့ မြန်မာအနေဖြင့် အကူအညီများ ရရှိရန် မသေချာသေးပေ။

ထို့ကြောင့် သည်အချိန်မှာ လုံခြုံရေးအင်အားမကောင်းလှ သည့် မြန်မာနိုင်ငံအနေဖြင့်မိမိ ပြည်သူပြည်သားများ လုံခြုံရေး ကို အလေးထားဆောင်ရွက်သင့် နေပြီဖြစ်သည်။ မွတ်စလင်ကမ္ဘာ နှင့် ထိပ်တိုက်မဖြစ်ရေးအတွက် ပြည်တွင်းမှ မွတ်စလင်မုန်းတီးရေးဝါဒီများအနေဖြင့်လည်း မိမိ နိုင်ငံ၏ အကျပ်အတည်းအနေအ ထားကို သဘောပေါက် နားလည် သင့်သည်။ မိမိ၏ အပြုမူကြောင့် တိုင်းပြည်ကို အန္တရာယ်တွင်းထဲကျနိုင်သည်ကို တွက်ဆသင့်သည်။ ခြိမ်းခြောက်သည်ပဲ ဖြစ်စေ၊ လုပ်ကြံသတင်းပဲဆိုဆိုအန္တရာယ် အငွေ့အသက်များက မြန်မာနိုင်ငံကိုဝေ့လာပြီဖြစ်သည့်အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါ။      ။