ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆုတွေ စံချိန်တင်ဆွတ်ခူးသွားတဲ့ La La Land ဇာတ်ကား

 ဇန်န၀ါရီ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သော (၇၄) ကြိမ်မြောက် Golden Globes ဆုပေးပွဲတွင် La La Land ဇာတ် ကားက ဆုပေါင်း ခုနစ်ဆုကို စံ ချိန်တင်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဂီတသမားတစ်ဦးနှင့် မင်း သမီးတစ်ဦးတို့ လော့စ်အန်ဂျလိစ် တွင် တွေ့ဆုံ၍ ချစ်ကျွမ်းဝင်ခဲ့ပုံ ကို ပုံဖော်ရိုက်ကူးသော ထိုဇာတ် ကားသည် အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး ဓာတ်ပုံဆုအပါအ၀င် အသက် (၃၁) နှစ်အရွယ် ဒါရိုက်တာ ဒါမီ အန်ချာဇီလာကလည်း အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။

La La Land ဇာတ်ကားတွင် အဓိကပါဝင်သရုပ်ဆောင်ခဲ့သော မင်းသား ရိုင်ယန်ဂိုစလင်းနှင့် မင်းသမီးအန်မာစတုန်းတို့သည် လည်း အကောင်းဆုံးဟာသဇာတ် မြူးမင်းသားဆုနှင့် အကောင်းဆုံး ဟာသဇာတ်မြူးမင်းသမီးဆုတို့ ကို ရရှိခဲ့သည်။

La La Land ဇာတ်ကား သည် ယင်းဆုများအတွက် ကနဦးအမည်စာရင်းတင်သွင်းမှုတွင် ပါဝင်ခဲ့ပြီး နောက်ဆုံး၌ အမှန်တကယ်ဆုများစွာ သိမ်းပိုက်နိုင်ခဲ့ သည်။ယင်းဇာတ်ကားကို ၂၀၁၆ ဒီဇင်ဘာ ၉ ရက်တွင် Summit Entertainment မှ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။