ကွယ်လွန်ပြီးမှ ရောင်းအားအကောင်းဆုံး တေးသံရှင်ဆုချီးမြှင့်ခံရတဲ့ သန်းဖေလေး

စီးတီးအက်ဖ်အမ်ဆုပေးပွဲတွင်ဆုလက်ခံ နေသည့် သန်းဖေလေး၏ မိသားစုဝင်များ

 စီးတီးအက်ဖ်အမ်ရေဒီ ယို၏ (၁၅)နှစ်မြောက် အထိမ်း အမှတ် နှစ်ပတ်လည်အခမ်းအနား ၌ ဂီတဆုများ ပေးအပ်ခဲ့ရာ အဆိုတော်သန်းဖေလေးသီဆိုထား သည့် ‘လေရူးမလေး မိမိမော်မှမခင်နှင်းဆီသို့ တမ်းချင်း’တေးစီး ရီးနှင့် အဆိုတော်ရွှေထူး၏ ‘စိတ် ကူးယဉ်စာအုပ်’ တေးစီးရီးက ဆုနှစ်ဆုစီ ရရှိခဲ့သည်။

အဆိုပါ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဂီတနှင့် သက်ဆိုင်သည့် ဆုရှစ်ဆုချီးမြှင့်ခဲ့သည်။

၂၀၁၆ အတွင်း ရောင်းအား အကောင်းဆုံး တေးစီးရီးများအ ဖြစ် မြန်မာသံစဉ်တွင် အမျိုးသား တေးသံရှင်ဆုကို သန်းဖေလေး၊ အမျိုးသမီးတေးသံရှင်ဆုကို ဝင်း လဲ့ချယ်ရီနှင့် ထုတ်လုပ်သူဆုကို အဆိုတော် သန်းဖေလေး၏ ‘လေ ရူးမလေး မိမိမော်မှ မခင်နှင်းဆီသို့ တမ်းချင်း’တေးစီးရီး ထုတ်လုပ်သူ နုနုရီတေးထုတ်လုပ်ရေးက ဆုရရှိ ခဲ့သည်။

စတီရီယိုတွင် အမျိုးသား တေးသံရှင်ဆုကို ရွှေထူးနှင့် အမျိုးသမီးတေးသံရှင်ဆုကို မိစန္ဒီတို့က ရရှိခဲ့ပြီး ထုတ်လုပ်သူဆုကို ရွှေ ထူး၏ ‘စိတ်ကူးယဉ်စာအုပ်’ တေးစီးရီးထုတ်လုပ်သူ ပြုံးထုတ်လုပ် ရေးက ရရှိခဲ့သည်။

အဆိုတော် သန်းဖေလေး ကွယ်လွန်သည်မှာ (၁၆)နှစ်ခန့် ရှိပြီဖြစ်ပြီး ယခုဆုရရှိသည့်အခွေ သည် ၂၀၁၆ အတွင်း ထွက်ရှိခဲ့ သည့် အခွေဖြစ်ကာ ယင်းအခွေမှ ရရှိသည့် အကျိုးအမြတ်များကို ပြွန်တန်ဆာမြို့ရှိ ဆောက်လုပ်ဆဲ စက္ကုဒါနဆေးရုံသို့ လှူဒါန်းခဲ့ သည်။

ထို့အပြင် နှစ်စဉ်ချီးမြှင့်သည့် ရေပန်းအစားဆုံး ပရိသတ် တောင်းဆိုမှု အများဆုံးတေးသံ ရှင်များကို ဆုချီးမြှင့်ခဲ့ရာ ဝေလ နှင့် နီနီခင်ဇော်တို့က ရရှိခဲ့ကြ သည်။

အဆိုပါ အခမ်းအနားသို့ ရုပ်ရှင်ဂီတမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် ဖိုးကာ၊ ဟဲလေး၊ ဝေလ၊ Idiots၊ ဝိုင်းစု ခိုင်သိန်း၊ ရတနာမိုင်၊ နီနီခင်ဇော်၊ ပိုပိုဟေသာနှင့် ဖူးဖူးသစ်တို့က သီချင်းများ သီဆိုဖျော်ဖြေခဲ့ သည်။