လာလီဂါဖလားရရှိရေး ရီးရဲလ်အပေါ်တွင် မူတည်ဟု ဘာကာနည်းပြပြော

ဗီလာရီးရဲလ်ကို နောက် ဆုံးမိနစ်အလွတ်တည်ကန်ဘော မှတစ်ဆင့် သွင်းသောဂိုးဖြင့် တစ် ဂိုးစီသရေကျခဲ့ပြီးနောက် ဘာစီ လိုနာနည်းပြ လူးဝစ်အင်းနရစ်က မိမိတို့အနေဖြင့် ဖလားအတွက် စိန်ခေါ်နိုင်ဆဲဖြစ်သည်မှာ သေချာသော်လည်း ရီးရဲလ်၏အခြေအနေ ပေါ်တွင် မူတည်သည်ဟု ပြော ကြားသည်။


ကိုပါဒယ်ရေးဖလားနောက် ဆုံး ၁၆ သင်းအဆင့် ပထမအ ကျော့တွင် ဘီလ်ဘာအိုကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး သုံးရက်အကြာ ၌ ဘာစီလိုနာသည် မက်ဆီ၏ အလွတ်တည်ကန်ဘောမှ သွင်းယူသော ဂိုးမတိုင်မီ အခြေအနေမကောင်းဖြစ်ခဲ့သည်။

‘‘ကျွန်တော်တို့ ဒီထက်ပို ထိုက်တန်ပါတယ်။ အနိုင်ရထိုက် ပါတယ်။ ဒါပေမဲ့ တစ်မှတ်ပဲရ ယူနိုင်ခဲ့ပါတယ်။ ရာသီကုန်ဖို့ ပွဲတွေ အများကြီးကျန်ပါသေး တယ်။ ကျွန်တော်တို့ ဖလားရဖို့ တိုက်ပွဲဝင်လို့ ရနိုင်ဆဲပဲဆိုတာ သေချာပေမယ့် ကျွန်တော်တို့ဟာ မက်ဒရစ်အပေါ်မှာမူတည်နေပါ တယ်’’ဟု ဘာစီလိုနာနည်းပြ အင်းနရစ်က ပြောကြားသည်။

ဗီလာရီးရဲလ်ကွင်းလယ်လူ ဘရူနိုဆိုရီယာနိုက ကြီးကျယ် သော ကစားသမားမက်ဆီ၏ အ ရည်အချင်းကြောင့် မိမိတို့ အသာ ရထားသော အခြေအနေမှ အ နိုင်ရလဒ်ဖြစ်မလာခဲ့ဟု ပြောကြားသည်။

ယင်းပွဲတွင် မက်ဆီသွင်းယူ သော ဂိုးမှာ ယခုရာသီလာလီဂါ တွင် ၎င်း၏ ၁၃ ဂိုးမြောက်ဖြစ်ပြီး ၁၇ ပွဲကစားပြီးချိန်၌ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ဘာစီလိုနာသည် ဂရင်းနေဒါကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ထိပ်ဆုံးမှ ရီးရဲလ်နှင့် ငါးမှတ်ကွာသွားပြီး ဒုတိယနေရာမှ ဆီဗီလာထက် တစ်မှတ်လျော့နည်းနေ သည်။ သို့သော်ရီးရဲလ်တွင် တစ်ပွဲ လက်ကျန်ရှိနေသေးသည်။

ဘီလ်ဘာအိုသည် ကိုပါဒယ် ရေးဖလားတွင် ဘာစီလိုနာကို အနိုင်ရခဲ့သော်လည်း လာလီဂါပွဲ စဉ်၌ အလာဗတ်စ်အိမ်ကွင်းတွင် ဂိုးမရှိ သရေကျခဲ့သည်။

ဘီလ်ဘာအိုအနေဖြင့် ကို ပါဒယ်ရေးဖလား ကွာတားဖိုင် နယ်သို့ တက်ရောက်ရေး ဗုဒ္ဓဟူး နေ့တွင် ဘာစီလိုနာကွင်း၌ အနည်းဆုံး သရေကစားရန်လို သည်။—Ref:AP

Top News