ဟီဂူအင်၏ သွင်းဂိုးနှင့်အတူ ဂျူဗင်တပ်အိမ်ကွင်း နိုင်ပွဲစံချိန်သစ်တင်

တိုက်စစ်မှူး ဂွန်ဇာလိုဟီ ဂူအင်၏ ယခုရာသီသွင်းယူသော  စတုတ္ထသွင်းဂိုးနှင့်အတူ ဂျူဗင် တပ်က ဘိုလော့ဂ်နာကို ၃-၀ ဂိုး ဖြင့် အနိုင်ရခဲ့ပြီးနောက် ဂျူဗင်တပ်သည် အိမ်ကွင်းပွဲ ၂၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့သည်။


ဂျူဗင်တပ်သည် ၂၀၁၃ နှင့် ၂၀၁၅ ကြားကာလက အိမ်ကွင်း ၂၅ ပွဲဆက်တိုက်အနိုင်ရသည့် စံ ချိန်တစ်ရပ်တင်နိုင်ခဲ့သည်။

လက်ကျန်တစ်ပွဲကစားရန် ကျန်နေသေးသော ဂျူဗင်တပ် သည် ဂျီနိုအာကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ရိုးမားကို လေးမှတ် ဖြတ်ထားနိုင်သည်။

သို့သော်ရိုးမားသည် ဂျီနိုအာမှ အာမန်ဒိုအစ်ဇို၏ ကိုယ့်ဂိုး ကိုယ်သွင်းမိသော ဂိုးကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရိုးမားသည် ၎င်းတို့အိမ် ကွင်းပွဲ ကိုးပွဲစလုံး အနိုင်ရထားပြီး အဝေးကွင်းရလဒ်မှာ လေးပွဲနိုင်၊ နှစ်ပွဲသရေနှင့် လေးပွဲရှုံးရလဒ် ထွက်နေသည်။

‘‘အဲဒါက ကြီးမားတဲ့ အနိုင် ပွဲပါ။ ဒါကခက်ခဲတဲ့ လိဂ်တစ်ခုပါ။ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ပြိုင် ဘက် တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်’’ဟု ရိုးမားကွင်းလယ်လူ ဒီရော့စီ က ပြောကြားသည်။

‘‘ကျွန်တော်တို့အဝေးကွင်း ပွဲတွေအားလုံး အနိုင်ရခဲ့မယ်ဆို ရင် ခုလောက်ဆို ကျွန်တော်တို့ အီတလီချန်ပီယံဖြစ်နေလောက် ပါပြီ’’ဟု ၎င်းကပြောကြားသည်။

ဂျူဗင်တပ်ကို နိုင်ပြီး အီတ လီစူပါဖလား လတ်လတ်ဆတ် ဆတ်ရရှိထားသော ပဉ္စမနေရာမှ အေစီမီလန်အသင်းက ဂက်ဂ လီယာရီကို နောက်ကျသွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့သည်။

အေစီမီလန်အတွက် တစ် လုံးတည်းသော ဂိုးကို ပွဲပြီးရန် နှစ်မိနစ်အလိုတွင် ကားလို့စ်ဘက် ကာက အနီးကပ်ပိတ်သွင်းယူခဲ့ ခြင်းဖြစ်သည်။—Ref:AP

Top News