သမ္မတသစ်ဒေါ်နယ်ထရန့်ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဆန္ဒပြသူများကြိုတင်ပြင်ဆင်

MARK LYONS/EPA

ဒီဇင်ဘာလတုန်းက သိပ်မအေးခဲ့သော အမေရိကန်နိုင်ငံ၏မြို့တော်ဝါရှင်တန်ဒီစီမြို့သည် ၂၀၁၇ ဇန်နဝါရီလဆန်းကတည်း ကစပြီး အအေးမှတ်ရေခဲအောက် မှာ နေ့စဉ်ရောက်နေသည်။ ရေခဲ မှတ်အောက်ရောက်နေသောအ အေးဓာတ်အပြင်နှင်းရော၊ ရေခဲ မိုးကပါ တစ်လှည့်စီ ရွာနေသည့် အတွက် တော်ရုံလူအပြင် မထွက် ချင်လှသော ရာသီဥတုဖြစ်၏။ သို့ သော် သည်ရာသီမိုးများ၊ နှင်းများ အောက်မှာပင် အအေးဒဏ်ကို အမှုမထား၊ အလုပ်များနေသူများ လည်း ရှိသည်။ သူတို့ကား ရွေး ကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ၏ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်အလုပ်များနေသူများဖြစ် သည်။

ထိုသူများမှာ အလုပ်များနေ တာချင်းတူသော်လည်း ရည်ရွယ်ချက်ကမူ ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်စုက သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲလုံခြုံရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက်ဆောင်ရွက်နေသူအစိုးရတာဝန်ရှိသူများဖြစ်ပြီး ကျန်အုပ်စုတစ်စုက သမ္မတသစ်ထရန့်ကို ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်ဆောင်ရွက်နေသူများဖြစ်သည်။


 အမေရိကန်သမ္မတရွေး ကောက်ပွဲအခမ်းအနားကို ကက် ပီတယ်ဟေးလ်ခေါ် အမေရိကန် လွှတ်တော်အဆောက်အအုံ၏ အနောက်ဘက် မျက်နှာစာမှာ စင်ထိုးပြီး ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ခံသမ္မတ၊ သမ္မတက တော်၊ ဒုသမ္မတ၊ ဒုသမ္မတကတော်တို့က ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ် ၏။ သည်အခမ်းအနားကို သက်ရှိ ထင်ရှားရှိ အမေရိကန်သမ္မတ ဟောင်းများနှင့် သမ္မတကတော် များလည်း တက်ရောက်မည်ဖြစ် သည်။

 ထို့ပြင် သမ္မတ၏ ကျမ်း သစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်လိုသူ ပြည်သူလူထုကလည်း အင်တာနက်စာမျက်နှာ ကနေ လက်မှတ်ရယူကာ တက်ခွင့်ရှိသည်။ သည်အခမ်းအနားကို အမေရိကန်နိုင်ငံတစ်ဝန်းက သမ္မတသစ်ကို ထောက်ခံသူများ က တကူးတက တက်ရောက် လေ့ရှိပြီး ဝါရှင်တန်ဒီစီမြို့က အခမ်းအနားကို လက်ခံကျင်းပ ပေးရသည်။ ကျမ်းသစ္စာကျိန်ဆို ပြီးသည်နှင့် သမ္မတနှင့် ဒုတိယ သမ္မတများသည် အိမ်ဖြူတော်သို့ ကားဖြင့် လမ်းဘေးဝဲယာလူထုကို နှုတ်ဆက်ပြီး အောင်ပွဲခံချီတက် ကြသည်။ ထိုအချိန်မှာ ကမ္ဘာကျော်အဆိုတော်များကလည်း လမ်းဘေးဝဲယာမှ ဗလာပွဲဖြင့် တက်ရောက်လာသူပရိသတ်ကို ဖျော်ဖြေကြသည်။ ပြည်သူတွေ ကလည်း သမ္မတသစ်ကို ကောင်းချီးသြဘာပေး နှုတ်ဆက်လေ့ရှိ ကြသည်။ ထို့ကြောင့် ထိုနေ့ သည် ဝါရှင်တန်ဒီစီတစ်မြို့လုံး လမ်းများပိတ်ထားပြီး ခြိမ့်ခြိမ့်သဲ အောင်ပွဲခံသည့်နေ့ဖြစ်သည်။

သို့သော် သည်နှစ်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲက ခါတိုင်း နှင့်မတူ တစ်မူဆန်းသစ်နေသည်။ စင်မြင့်ဆောက်သူ၊ လမ်းပြင်သူ များ အလုပ်များနေသလို ကျမ်း သစ္စာကျိန်ဆိုပွဲမှာ ဆန္ဒပြမည့်သူ များကလည်း ယခုကတည်းက စတင်ပြီး လမ်းတွေတစ်လျှောက် အနေအထားရယူ ပြင်ဆင်ရန် အလုပ်များနေကြသည်။

နံနက်ပိုင်းမြို့စွန်ကနေ မြို့ ထဲဝင်မည့် မြေအောက်ရထားများ မှာ ပိုစတာများ ကိုင်ဆောင်လာ သော သူတို့အုပ်စုများကို မြင်ရ သည်။ အချို့က ကလေးများပင် ခေါ်လာကြပြီး မိသားစုတစုတ ဝေးလာရောက် ပြင်ဆင်ကြခြင်း ဖြစ်သည်။

သူတို့ကိုင်လာသည့် ထိုပိုစ တာကြီးများမှာ ကျမ်းသစ္စာကျိန် ဆိုပွဲမှာ ထရန့်ကို ဆန္ဒပြရန် ဖိတ်

ခေါ်သည့် စာများရေးသားထား သည်။ ဒီစီမြို့ထဲ အဓိကလမ်းမများဘေးမှာ သူတို့က ပိုစတာကြီး များကို လူအများမြင်အောင် ကိုင်ဆောင်ကာ အအေးတောထဲမှာ ရပ်နေကြ၏။ ထိုပိုစတာများက လက်မ ၃၀ ခန့် ကြီးမားပြီး သူတို့ နားဖြတ်မောင်းသွားသည့် ကားပေါ်က လူတွေက ထင်ထင်ရှား ရှားတွေ့မြင်ရသည်။

‘‘ကျွန်မတို့က အသင်းနဲ့လုပ် တာပါ။ တစ်သင်းကို ကားတစ် စီးစီ။ ကားတစ်စီးမှာ လူသုံးဦး ပါတယ်။ သူတို့က လူတွေများတဲ့ လမ်းတွေကျရင် ကားကိုရပ်ပြီး ပိုစတာတွေကို ကိုင်မြှောက်ပြကြ တယ်။ အဲဒီနေ့ကျရင် ထရန့်ကို ဆန္ဒပြမယ်။ လာကြပါပေါ့၊ ပူးပေါင်းကြပါပေါ့’’ဟု ဆန္ဒပြပွဲလုပ်ရန် ဦးဆောင်စီစဉ်သည့် ဆာရာဆို သည့် အမျိုးသမီးတစ်ဦးက မေးလာသူတွေကို ရှင်းပြနေသည်။ သူတို့သည် ဒေါ်နယ်ထရန့်ကျမ်း သစ္စာကျိန်ဆိုရာ သွားမည့် လမ်းဘေးဝဲယာမှာ ဆန္ဒပြရန် ခွင့်ပြု ချက်ရယူထားပြီးဖြစ်သည်။ ထို့ပြင် ထရန့်ဆန့်ကျင်ရေးစာသား များပါသည့် အမည်းရောင်နှင့်အဝါရောင်ပိုစတာများကိုလည်း လမ်းဘေးမီးတိုင်များမှာ ကပ်ထားသည်ကို တွေ့ရသည်။ သည်ပိုစ တာများကလည်း တရားဝင်ခွင့်ပြု  ချက်ရယူကာ ကပ်ထားခြင်းဖြစ် သည်။ သို့ရာတွင် ဇန်နဝါရီ ၂၀ ရက်နေ့ကျော်လျှင် သည်ပိုစတာများကို ပြန်ခွာပေးရမည်ဖြစ်၏။

သည်မျှသာမကသေး။ အင် တာနက်မှာလည်း တွစ်တာ၊ ဖေ့စ် ဘွတ်ခ်စာမျက်နှာများမှ ဆန္ဒပြ ရန် လှုံ့ဆော်မှုများကလည်း ရှောင်လို့ မလွတ်အောင်ဖြစ်နေပါသည်။ ထို့အတူ လက်ကမ်းစာရွက်များကို လည်း မြေအောက်ဘူတာရုံတွေ မှာ ဖြန့်ချိကြ၏။

 ‘‘ဆိုရှယ်မီဒီယာကတော့ အတော်ထိရောက်တယ်။ မြန်မြန် ပျံ့နှံ့လွယ်တယ်။ ရွေးကောက်ပွဲ ရလဒ်ကတော့ ပြောင်းမယ်၊ မ ပြောင်းဘူးလို့တော့ အဓိကမထား ပါဘူး။ ဒါပေမဲ့ ကြောက်စရာ ကောင်းတဲ့ ထရန့်က ပြည်သူတွေ ကို မတရားမလုပ်နိုင်အောင် တတ်နိုင်သလောက်တော့ ကျွန်မတို့ လုပ်မှာပဲ’’

 သမ္မတအိုဘားမားလက် ထက်  ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်ရောက်သူက သန်းချီရှိခဲ့ သော်လည်း ဒီစီမြို့သူမြို့သားအ တော်များများက သည်ပွဲကို ရှောင်ဖို့ ပြင်နေကြသည်။ အဓိကအချက်က ထရန့်ကို ထောက်ခံသူနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်လာမည်ကို စိုးရိမ်ကြ ခြင်းဖြစ်သည်။

သို့သော်လည်း ထရန့်ဆန့် ကျင်ရေးအုပ်စုများက သူတို့အနေ ဖြင့် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမည် ဟု ကတိပေးထားကြသည်။ သူတို့သည် လမ်းဘေးဝဲယာမှာ ဆန္ဒပြ ခွင့်အတွက်လည်း အာဏာပိုင် များဆီက တရားဝင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

ထို့ကြောင့် နှင်းများဖုံးပြီး ရေခဲမှတ်အောက် ရောက်နေ သော ဝါရှင်တန်ဒီစီမြို့လမ်းများ ပေါ်မှာ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ပြင်ဆင်သူ အစိုးရတာဝန်ရှိသူများနှင့်အတူ အခမ်းအနားကို ဆန္ဒပြရန် ပြင် ဆင်နေသည့် ထရန့်ဆန့်ကျင်သူ များကလည်း အလုပ်များနေကြ သည်။

Top News