၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲအတွက် အဓိကစပွန်ဆာမရရှိသေး

 ၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရန် ရက်ပိုင်းသာလိုတော့ သည့်အချိန်အထိ ပြိုင်ပွဲ၏ အဓိ က စပွန်ဆာ ရရှိသေးခြင်း မရှိ ကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၇ မြန်မာ လိဂ်(၁) ပြိုင်ပွဲကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ် သည်။


ပြိုင်ပွဲကျင်းပမည့်ရက် နီး ကပ်လာသော်လည်း လက်ရှိအ ချိန်အထိ အဓိကစပွန်ဆာရရှိရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း မြန်မာ လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောသည်။

‘‘ကျွန်တော်တို့ စပွန်ဆာရရှိ ဖို့အတွက် ကုမ္ပဏီနှစ်ခုလောက်နဲ့ ညှိနေတယ်။ စပွန်ဆာရပြီဆိုရင် သတင်းထုတ်ပြန်ပေးပါ့မယ်’’ ဟု ဦးစိုးမိုးကျော်ကပြောသည်။

ထို့အပြင် မြန်မာလိဂ်ပြိုင်ပွဲ များကို ပြည်တွင်းရုပ်သံလိုင်းများ မှ ပြသနိုင်ရန်လည်း ညှိနှိုင်းလျက် ရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ဘောလုံး ရာသီက မြန်မာလိဂ်ပြိုင်ပွဲကို အ ဓိကစပွန်ဆာအဖြစ် ဆက်သွယ် ရေးအော်ပရေတာကုမ္ပဏီတစ်ခု ဖြစ်သည့် အူရီးဒူးက ပံ့ပိုးခဲ့သော် လည်း စပွန်ဆာသက်တမ်း ကုန် ဆုံးခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြန်မာလိဂ်မှာ စပွန်ဆာအခက် အခဲဖြင့် ကြုံတွေ့နေရသည်။

ဇန်န၀ါရီ ၁၃ ရက်၌ စတင် ကျင်းပမည့် ၂၀၁၇ မြန်မာလိဂ် ပွဲ စဉ်(၁)တွင် ရှမ်းနှင့်နေပြည်တော်၊ ရခိုင်နှင့်ဆောက်သမ်းမြန်မာ၊ ဟံ သာဝတီနှင့် ဇွဲကပင်၊ ရန်ကုန်နှင့် မကွေး၊ ဧရာဝတီနှင့် GFA ၊ ချင်း နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။