မြန်မာယူ-၁၄ ဘောလုံးအသင်းအတွက် ပြင်သစ်နိုင်ငံသား လက်ထောက်နည်းပြတစ်ဦး ခန့်အပ်

မြန်မာယူ-၁၄ အသင်း လက်ထောက်နည်းပြ ပြင်သစ်နိုင်ငံသား အယ်လ်နီကင်ဖက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုအပြီး တွေ့ရစဉ် (ဓာတ်ပုံ − MFF)

 အမေရိကန်၊ ပြင်သစ် နှင့် အင်္ဂလန်နိုင်ငံရှိ ဘောလုံးအ ကယ်ဒမီများတွင် လုပ်ကိုင်ဖူးသူ ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ်ကို မြန်မာယူ-၁၄ လက် ရွေးစင် အမျိုးသားဘောလုံးအ သင်း ဂိုးနည်းပြနှင့် လက်ထောက် နည်းပြအဖြစ် တစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခေါ်ယူခဲ့ကြောင်း သတင်း ရရှိသည်။


မြန်မာယူ-၁၄ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် ဒီဇင်ဘာအတွင်း က ပြင်သစ်နိုင်ငံသား ရာဘာရှ် ဘန်လာဘီကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူပြီး ၎င်း၏ လက်ထောက် နည်းပြနှင့် ဂိုးနည်းပြအဖြစ် တာ ၀န်ယူဆောင်ရွက်ရန် အယ်လ်နီ ကင်အား ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူ ကပြောသည်။ အယ်လ်နီကင်ဖက် ဒရစ်သည် (ဥရောပဘောလုံးအ ဖွဲ့ချုပ်) UEFA ဘီလိုင်စင်ရ ဂိုး နည်းပြတစ်ဦးဖြစ်သည်။

 ‘‘ပြင်သစ်နည်းပြချုပ်ရဲ့ လက်ထောက်နည်းပြနဲ့ ဂိုးနည်းပြတာဝန်ကို ဆောင်ရွက်ဖို့အ တွက် အယ်လ်နီကင်ကို ခေါ်ယူ ခဲ့တာပါ။ ဒီအသင်းကို ယူ-၁၇ ကမ္ဘာ့ဖလားအထိရောက်ဖို့ မျှော်မှန်းထားတာကြောင့် အချိန်ယူပြီး ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိပြီး လူငယ်တွေကို ပြုစုပျိုးထောင်နိုင် မယ့် နည်းပြတွေကို ခန့်အပ်ခဲ့ တာပါ’’ဟု တာဝန်ရှိသူကပြော သည်။

မြန်မာယူ-၁၄ အသင်းသည် ဇန်န၀ါရီနောက်ဆုံးပတ်အတွင်း မလေးရှားနိုင်ငံက လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၄ အမျိုးသား ဘောလုံးပွဲတော်သို့ ၀င် ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် ၂၀၁၉ တွင် ကျင်းပ မည့် အသက်(၁၇)နှစ်အောက် လူငယ်ကမ္ဘာ့ဖလားဘောလုံးပြိုင် ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကာ အသက်(၁၄)နှစ်အောက် မြန်မာ့လက်ရွေးစင်အ  သင်းကို ဖွဲ့စည်းထားခြင်းဖြစ် သည်။

Top News