မော်လမြိုင်မြို့ ကော့ခနိကျေးရွာ အဝင်တွင် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး အလောင်း တွေ့ရှိ

 မော်လမြိုင်မြို့ ကော့ခနိကျေးရွာအဝင်အဝတွင် အသက်(၃၀)ခန့်အရွယ် အမျိုးသားတစ်ဦး ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကော့ခနိကျေးရွာအဝင်တွင် အဆိုပါအမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဇန်န၀ါရီ ၉ ရက် နံနက် ၈ နာရီခန့်က ရွာသားတစ်ဦးက စတင်တွေ့ရှိခဲ့ ပြီး နံနက် ၃ နာရီခန့်က အသတ်ခံ ထားရဖွယ်ရှိသည်ဟု မုပွန်နယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကဆိုသည်။


 သေဆုံးနေသည့် အမျိုး သားသည် မည်သူဖြစ်ခြင်းကို စုံ စမ်းနေဆဲဖြစ်ပြီး အလောင်း၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုး သွင်းဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာ များဖြင့် ရှိနေကြောင်း​ ၎င်းက ဆက်လက်ရှင်းပြသည်။

ယင်းအမျိုးသားအလောင်း ၏ အနီးတွင် ဓားမတစ်ချောင်းနှင့် အလောင်း၏အောက်တွင် ဓား မြှောင်တစ်ချောင်းတို့ကို စတင် တွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးတွင် ဆိုင်ကယ်ဒူးကာတစ်ခုနှင့် ဂွေးကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးမှူးရုံးအနီးတွင်လည်း ဆိုင်ကယ်နံပါတ်ပြား တစ်ခုနှင့် သွေးစွန်းနေသော အ၀တ်အစား များကို တွေ့ရှိခဲ့ကြောင်း မော်လမြိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။

 အမျိုးသားအလောင်းကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အဆိုပါအမှုနှင့် ပတ်သက်၍ မုပွန်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မုပွန်နယ်မြေရဲစခန်းက သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၅ ရက် နှင့် ၆ ရက်ကလည်း တာချီလိတ် မြို့နယ်အတွင်းရှိ မယ်ဟုတ် ချောင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် ပုပ်ပွအမျိုးသား အလောင်းနှစ်လောင်းကို နှစ်ရက် ဆက်တိုက်တွေ့ရှိခဲ့သည်။

Top News