ရနံ့ကြိုင်လန်း စာအုပ်ဈေးတန်း

မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့ တော် ရန်ကုန်မြို့လယ်ကောင်မှာ စာအုပ်ဈေးတန်းလေး ဒီနှစ်ထဲမှာ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင် ခဲ့ပါပြီ။ ဒီသတင်းက ရန်ကုန်မြို့ က စာချစ်သူတွေအတွက် အလွန် မင်္ဂလာရှိတဲ့ သတင်းဖြစ်ခဲ့ပြီး စာ ချစ်သူတွေ ဝမ်းပန်းတသာဂုဏ်ယူ ခဲ့ကြတယ်။ ရန်ကုန်သူ၊ ရန်ကုန် သားမဟုတ်တဲ့ အဝေးမြို့က စာ ပေဝါသနာအိုးတွေလည်း ဒီလုပ် ရပ်အပေါ် ပီတိသောမနဿ ဖြစ်ခဲ့ကြရတယ်။

ဒီနှစ်က မြန်မာစာပေလော ကအတွက် အလွန်ထူးခြားတဲ့နှစ် လို့ ဆိုနိုင်တယ်။ မြန်မာဝတ္ထု နှစ် (၁၀၀)တင်းတင်းပြည့်တဲ့နှစ်ဖြစ် သလို ခေတ်စမ်းစာပေရဲ့ ဖခင်ကြီးသိပ္ပံမောင်ဝ ကွယ်လွန်ခြင်း (၇၅) နှစ်ပြည့်မြောက်တဲ့ နှစ်နဲ့လည်း တိုက်ဆိုင်နေပြန်တယ်။ မြန်မာ စာပေလောကမှာ ချန်လှပ်ထား လို့မရတဲ့ အထက်ဗမာနိုင်ငံ စာ ရေးဆရာအသင်း (မူရင်းသတ်ပုံ အတိုင်း) ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး မန္တလေးမြို့တော်ခန်းမမှာ ပထမ ဆုံးအကြိမ် စာတမ်းဖတ်နိုင်ခဲ့တဲ့ နှစ်ဆိုလည်း မမှားဘူး။

 စာအုပ် ဈေးတန်းလေးမှာ စာချစ်သူတွေ စာအုပ်ထုတ်ဝေ ရောင်းချသူတွေ၊ စာရေးဆရာ တွေ ကူးသန်းယှက်နွှယ်ကြတော့ မှာ မြင်ယောင်မိပါတယ်။ စာအုပ် ဆိုင်တွေများလာတာ ဘယ်လိုပဲ ဖြစ်ဖြစ် မင်္ဂလာရှိတဲ့ကိစ္စပဲမဟုတ် လား။ ဘီယာဆိုင်တွေများလာ တာ၊ လောင်းကစားရုံတွေ ပေါ လာတာထက်စာရင် စာအုပ်ဈေး တန်းလေး ပေါ်လာတာ လူသာဓု ခေါ်၊ နတ်သာဓုခေါ်စရာ ကောင်း တဲ့ကိစ္စပေပဲ။ ကျွန်တော်တို့ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် စာ အုပ်တွေ ကျန်းမာရေးချူချာခဲ့တာ ကာလရှည်ကြာရှိခဲ့ပြီ။ Best Seller ဆိုတာတွေသည်ပင် အုပ် ရေ ထောင်ဂဏန်း ဖျစ်ဖျစ်မည် အောင် ရောင်းနေရချိန်၊ စာအုပ် အငှားဆိုင်လုပ်ငန်းတွေ မျိုးသုဉ်း ပျောက်ကွယ်လုမတတ်ရှိနေချိန် မဟုတ်လား။ ဒီလိုအခြေအနေမျိုး မှာ ရန်ကုန်စာအုပ်ဈေးတန်းလေး ဖွင့်လှစ်ဖြစ်တယ်ဆိုတဲ့ သတင်း က စာချစ်သူတွေကြားမှာ မွှေး ကြိုင်သင်းပျံ့လှတယ်။

ရန်ကုန်မြို့ကြီးမှာ အခန်းနေ ရာ ငှားရမ်းခ ဈေးကြီးမြင့်မှု ကြောင့် စာအုပ်အရောင်းဆိုင်နဲ့ အငှားဆိုင်တွေ တဖြည်းဖြည်း ပြုတ်ကုန်တဲ့ သတင်းတွေ ပြီးခဲ့တဲ့ နှစ်တွေကတည်းက နားမဆံ့ အောင် ကြားခဲ့ရပြီးပြီ။ စာအုပ် ဆိုင်တွေ ပိတ်သွားတယ်ဆိုတဲ့ သတင်းဆိုးတွေ ကြားရတိုင်း စာ ချစ်သူတွေမချိတင်ကဲ ဖြစ်ကြရ တယ်။ အခုတော့ ရန်ကုန်မြို့မှာ လည်စရာပတ်စရာ တစ်နေရာ တိုးလာခဲ့ပြီ။ လက်ရှိ စာအုပ်ဈေး တန်းဖွင့်ထားတဲ့နေရာက မြို့တွင်းဘတ်စ်ကားလိုင်းတွေ ဥဒဟိုသွား လာနေတဲ့ နေရာဖြစ်လို့ အဆင် ပြေတယ်။ သွားလမ်း၊ လာလမ်း သာတယ်။ ကောက်ရိုးမီးလို ဟုန်း ခနဲတောက်ပြီး ဟုတ်ခနဲပြန်ငြိမ်း မသွားဖို့လိုတာပါပဲ။

 စာအုပ်ဈေးတန်းလေးက တော့ အောင်အောင်မြင်မြင်ဖွင့် လှစ်နိုင်ခဲ့ပါပြီ။ စာအုပ်ဈေးတန်း လေး အဓွန့်ရှည်အောင် ဘယ်လို လုပ်ကြမလဲ။ စာအုပ်ဈေးတန်းအ ပါအဝင် ဘယ်ကိစ္စမဆို ရေရှည် တည်တံ့ဖွံ့ဖြိုးရေးက အရေးပါ တယ်။ မြန်မြန်ဖွင့်ပြီး စောစော ပိတ်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ တော့ စာအုပ်ဈေးတန်းလေးလည်း အဲဒီလိုအဖြစ်မျိုးကြုံမှာ စာချစ်သူ တွေ စိုးရိမ်ကြတယ်။ စာအုပ်ဈေး တန်းလေး ရေရှည်တည်တံ့ဖို့ စာ ချစ်သူ၊ စာအုပ်ထုတ်ဝေရောင်းချ သူ၊ စာရေးဆရာ၊ ဆရာမတွေ ဝိုင်းကြဝန်းကြရမယ့်အပြင် အာ ဏာပိုင်တွေဘက်ကလည်း တတ် နိုင်သလောက် ပူးပေါင်းဆောင် ရွက်ပေးကြစေလိုပါတယ်။

စာအုပ်ဈေးတန်းလေး အ သက်ရှည်လာရင် စာချစ်သူတွေ ပေါလာမယ်။ လူတွေ စာပိုဖတ် လာနိုင်တော့မယ်။ ထုတ်ဝေရေး တိုက်တွေကလည်း အသစ်အ ဟောင်းစာအုပ်မျိုးစုံ ထုတ်ဝေကြ တော့မယ်။ စာရေးဆရာတွေ လည်း အသစ်တွေဖန်တီးထုတ် လုပ်လာနိုင်တော့မယ်။ တွေး ကြည့်တာနဲ့တင် ပျော်စရာကောင်း နေပြီ။ စာဖတ်တဲ့လူတွေများတဲ့ တိုင်းပြည် ခေတ်နောက်မကျနိုင် တော့ဘူးပေါ့။ အခုတော့ ဖန်တီးသူတွေကလည်း အသစ်မဖန်တီး နိုင်၊ ဖန်တီးတဲ့ အသစ်တွေက လည်း စာချစ်သူ (အများစု)ကိုမဆွဲဆောင်နိုင်၊ ထုတ်ဝေရေး တိုက်တွေကလည်း ရောင်းတန်း ဝင်မှာ သေချာတဲ့အဟောင်းတွေ ကိုပဲ ထပ်တလဲလဲ ရိုက်ထုတ်နေ ရ၊ ဈေးကွက်ဝေစု မသေချာတဲ့ အသစ်ကို စင်တင်ပေးဖို့ တော်ရုံ တိုက်တွေက မစဉ်းစားရဲတဲ့အခြေ အနေ။ ဒီမှာတင် အဟောင်းသံသ ရာမှာ မြန်မာစာပေ လည်ပတ်ဖို့ ဖြစ်လာတော့တာပါပဲ။ အခုတော့ အားလုံးမျှော်လင့်တောင့်တနေ တဲ့ အခြေအနေလေးတစ်ခု ဖန်တီးနိုင်ခဲ့ပါပြီ။

 စာအုပ်ဈေးတန်းလေးမှာ စာရေးဆရာ၊ ဆရာမတွေနဲ့ ရေး သူ၊ ဖတ်သူ ဆွေးနွေးပွဲတွေ၊ အခါ အားလျော်စွာ စာအုပ်ဈေးပွဲတော် ကျင်းပပေးတာတွေ လုပ်ပေးနိုင် ရင် စာချစ်သူတွေ ဝမ်းမြောက်ဝမ်း သာရှိကြမှာပဲ။ ရှေးက ဆရာကြီး၊ ဆရာမကြီးတွေရဲ့ လက်ရေးမူပြ ပွဲတွေ၊ ရှေးဟောင်းမဂ္ဂဇင်းတွေရဲ့ သရုပ်ဖော်ပန်းချီတွေ ပြသပေးနိုင် ပြီး စာချစ်သူတွေကို ဆွဲဆောင်လို့ ရနိုင်ကောင်းရဲ့။ ဖြစ်နိုင်ရင် ဆရာ ကြီး၊ ဆရာမကြီးတွေရဲ့ ရာပြည့် ဂုဏ်ပြုပွဲတွေ လုပ်ပေးနိုင်ရင် ပိုလို့တောင် ကောင်းသေးတယ်။ ဒါ တွေကို လုပ်မကြည့်ဘဲ ခက်တယ် လို့ အလွယ်တကူကောက်ချက်ချ ခဲ့ရင် ခက်မှာပဲ။ ပူးပေါင်းဆောင် ရွက်ကြရင် မဖြစ်နိုင်စရာမရှိဘူး။ စာပေမြင့်မှ လူမျိုးတင့်တယ်လို့ ဆိုထားတယ်မဟုတ်လား။

 အခုလို ပွင့်လင်းလာတဲ့ ခေတ်မှာ စာအုပ်ဈေးတန်းလေး ပေါ်လာတာ အချိန်အခါကောင်း ပါပဲ။ အာဏာရှင်ခေတ်မှာတော့ ရန်-ငါ စည်းကြီးနဲ့ ခြားထားတော့ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး မှာ တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ သူလည်း ရန်စည်းဘက်မှာရောက် နေရင် ကလောင်ဖော်ပြခွင့် တောင် ပိတ်ပင်ခံခဲ့ရတာမဟုတ် လား။ အခုတော့ ဒါတွေပြီးခဲ့ပြီလို့  ထင်ရတာပါပဲ။ ဘာပဲဖြစ်ဖြစ် မပေါ်ခဲ့တာထက်စာရင် အခုလို နောက်ကျမှ ပေါ်လာတော့လည်း ကောင်းတာပဲ မဟုတ်လား။ အ ဝေးနယ်ကလူတွေ ရန်ကုန်မြို့ကို အလုပ်ကိစ္စနဲ့ဖြစ်စေ၊ အလည်အ ပတ်ဖြစ်စေ ရောက်တဲ့အခါ သွား ရောက်လည်ပတ်ရမယ့် နေရာအ ဖြစ် တစ်နေ့မှာ ရောက်လာရမှာ ပေါ့။ ပြည်ပခရီးသွားတွေရဲ့ ခရီး စဉ်ထဲမှာ ထည့်ဆွဲရတဲ့ နေရာလေး အထိ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ စာအုပ်ဈေးတန်း လေး အဓွန့်ရှည်ချင်တဲ့သူတွေထဲ မှာ ရန်ကုန်သူ၊ ရန်ကုန်သားတွေ တင်မကဘူး။ အဝေးမြို့က စာ ချစ်သူတွေလည်း ပါဝင်တယ်။ အ ဝေးမြို့က လူတွေလည်း ရန်ကုန် သူ၊ ရန်ကုန်သားတွေထက် မလျော့တဲ့ ချစ်ခြင်းနဲ့ စာအုပ်ဈေး တန်းလေးအပေါ် ချစ်ကြတယ်ဆို တာ ယုံကြည်ကြစေလိုပါတယ်။ ရန်ကုန်ကိုရောက်ဖြစ်တဲ့အခါ စာ အုပ်ဈေးတန်းလေးကို မရောက် ရောက်အောင် သွားမယ်လို့ အားခဲထားတဲ့ စာချစ်သူတွေ ရှိနေပါ တယ်။

 ရန်ကုန် စာအုပ်ဈေးတန်း လေး အဓွန့်ရှည်ပါစေ။ စာရေး ဆရာ၊ ဆရာမတွေ ကျန်းမာပါ စေ။ စာအုပ်ထုတ်ဝေရေးတွေ စဉ် ဆက်မပြတ် ထုတ်ဝေနိုင်ပါစေ။

Top News