ကလေးတွေကို လျစ်လျူမရှုပါနဲ့

ပြီးခဲ့သောရက်များက ဧရာ ဝတီတိုင်းဒေသကြီး အတွင်းရှိ ကျုံ ပျော်မြို့နယ်နှင့် ရေကြည်မြို့နယ် တို့ရှိ အခြေခံပညာကျောင်းများသို့ ဟောပြောပွဲ သွားရောက်ခဲ့သည်။ လွတ်လပ်ရေးနေ့နှင့် စာဖတ်ရှိန် မြှင့်တင်ရေး ခေါင်းစဉ်
များဖြင့် ဖြစ်၏။ ကဗျာဆရာသော်ဇင်အုန်း နှင့် စာကြည့်တိုက်များ ကွန်ရက် (Save the Livrary) မှ ကဗျာဆရာ ညီဇေတို့လည်းပါသည်။


ကဗျာဆရာက ဆရာမင်း သုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ရသကဗျာများအကြောင်း ပြောပြီး စာကြည့်တိုက်ကျွမ်းကျင်သူညီဇေကတော့ စာဖတ်ဖို့အကြောင်းတွေပြောကြမှာဖြစ်သည့်အတွက် စာရေးသူအနေနှင့် လွတ်လပ်ရေးနေ့နှင့်လည်း မလွတ်ရ၊ စာဖတ်ဖို့လည်းပြောနိုင်ရန် စဉ်းစားရသည်။

 လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေက ကလေးတွေ၏ကျောင်းသင်ခန်းစာ စာအုပ်ထဲတွင်ရှိပြီး သားဖြစ်၍ သူတို့ကို အထူးအထွေပြောစရာမလိုသလို လွတ်လပ်ရေး ကြိုးပမ်းသူများ၏ အကြောင်းမှာလည်း ဗိုလ်မင်းရောင်က
အစ ဆရာစံအလယ် ဗိုလ်ချုပ်အောင်ဆန်းအထိ လုံးစေ့ပတ်စေ့ သိထားကြသဖြင့်ထပ်မံပြောကြားဖို့လည်း မလိုဟုထင်ပါသည်။

ကိုယ်ဟောပြောရမည့် ကလေးတွေအရွယ်မှာ (၁၄)နှစ်၊ (၁၅)နှစ်၊ (၁၆)နှစ်သားများဖြစ်ပြီး ကလေးဘဝမှ လူငယ်ဘဝသို့ မကြာမီကူးပြောင်းတော့မည့် အ ရွယ်တွေဖြစ်သည်။ သည်အရွယ် တွေက မိဘအရပ်မှထွက်ကာ
အပျံသင်ချင်သည့်အရွယ်တွေဖြစ် သည်။

 ပတ်ဝန်းကျင်ကို စူးစမ်း လေ့လာနေသောအရွယ်တွင် သူ တို့အားကျအတုယူနေသော Idol တွေက အများကြီးရှိနေသည်။ အ တန်းထဲက ရုပ်ချောဥစ္စာပေါတွေ ကလည်း သူတို့အတွက် Idol ဖြစ် တတ်သလို စာတော်သော၊
အဆင့်ကောင်းကောင်းရသော သူ ကလည်း သူတို့အတွက် Idol ဖြစ်ချင်ဖြစ်နေ၏။ ထိုစိတ်အခြေအနေ အထိကတော့ ပြဿနာမရှိ။ အ ကယ်၍ ရည်းစားများသူ၊ ရန်ပွဲ များသူ၊ မူးယစ်ဆေးဝါးလက် တည့်စမ်းသူများကို သူတို့၏ သူရဲ ကောင်းသဖွယ် Idol တင်မိလျှင် ဖြင့် အမှားကြီးမှားသွားနိုင်သည်။ လက်တည့်စမ်းတတ်သော အ ရွယ်တွင် အပေါင်းအသင်းမှားပါ က ပန်းကောင်းအညွန့်ကျိုးဖြစ် သွားနိုင်သည်။

ထို့ကြောင့် ဟောပြောပွဲနား ထောင်ရသည်မှာလည်း မပျင်းရ စေရန်၊ ဆုံးမစကားပြောနေသည် နှင့်လည်း မတူရန် ရည်ရွယ်ပြီး တကယ့်အဖြစ်အပျက်လူငယ် ဘဝဇာတ်လမ်းတစ်ပုဒ်ကို ရှေးဦး စွာပြောပြရန် အားထုတ်လိုက် သည်။ ကလေးတွေကလည်း ဇာတ်လမ်းပြောပြမည်ဆို၍ စိတ် ဝင်စားကြသည်။

 ဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင်မှာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် သခင်နု၏ က လေးဘဝ၊ လူငယ်ဘဝတွေဖြစ် သည်။ သခင်နုသည် တာတေ စနေသားစာအုပ်တွင် သူ၏ ငယ်စဉ်ဘဝ
ကို ပွင့်လင်းစွာဖွင့်ဟခဲ့ သည်။ မြန်မာနိုင်ငံရှိ အတ္ထုပ္ပတ္တိ ရေးသားသူများတွင် ဖတ်ဖူးသ လောက် သခင်နုလောက် ပွင့်လင်းသူမရှိဟုလည်း ထင်သည်။ ထို့ကြောင့် သူ့အကြောင်းကို ရွေး ချယ် ပြောကြားရခြင်းလည်း ဖြစ် ၏။ ကလေးတွေကိုတော့ သခင်နု အကြောင်းဟူ၍တော့ စောစီးစွာ ပြောပြမထား။ ဇာတ်လမ်းမှာ လိုက်ပါစီးမျောစေရန်နှင့် လူငယ် တစ်ယောက် မိုက်ခဲ့၊ ဆိုးခဲ့ရာမှ နောင်တရပြုပြင်ကာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာခဲ့ပုံကို သင်ခန်းစာ ယူနိုင်ရန်ဖြစ်သည်။

သခင်နု၏ ငယ်စဉ်ဘဝ မိုက် ခဲ့၊ ဆိုးခဲ့ပုံများကို တာတေ စနေ သားဖတ်ဖူးသူများအတွက် အထူး အထွေပြောစရာမရှိပါ။ မဖတ်ဖူး သူများအတွက်တော့ အမြည်းအ နည်းငယ်ပေးလိုပါသည်။ မောင်နု ကို ငယ်စဉ်ကတည်းက အဘိုးဖြစ် သူနှင့် မိဘများက အလိုလိုက် မြှောက်စားထားခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မြင်းတစ်ကောင်က သောရထားလုံးစီးရသည်။ လေး တန်းနှစ်မှာ အရက်ကို စသောက် တတ်သည်။ ဝါးခယ်မဈေးထဲမှ သူနှစ်သက်ရာကို ခိုးတတ်သည်။ ကြက်ကို ကျော့ကွင်းနှင့်ထောင် ကာ သတ်စားသည်။ အိမ်မှ ပိုက် ဆံခိုးကာ အရက်သောက်၊ ကုတ် ကင်းပွတ်၊ ဘိန်းခန်းသွား လက် တည့်စမ်းသည့် ရှစ်တန်းနှစ်တွင် ပြည့်တန်ဆာခန်းသွားသည်။

ရှစ်တန်းအောင်ပြီး ရန်ကုန် သရက်တော ကျောင်းတိုက် အ တွင်း ကျောင်းတက်နေစဉ် ပိုက် ဆံကလေးရွှင်သည်နှင့် တရုတ် စားသောက်ဆိုင်သွားကာ အရက် သောက်သည်။ အရက်မူးလာ သည်နှင့် ပြည့်တန်ဆာခန်းသွား သည်။ နောက်ပိုင်း ကာလသား ရောဂါဖြစ်ပြီး အကျိတ်တွေထွက် လာသဖြင့် ဆေးကုရသည်။ ယခု ခေတ်လိုသာ AIDS ရောဂါရှိပါက မောင်နုမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားနိုင်သည်ဟုပါ ထည့် သွင်းပြောကြားသည်။

မောင်နု၏ မိန်းမရှုပ်ပွေ သည့်အခန်း ပြောကြားချိန်တွင် စာရေးသူက မိန်းကလေးကျောင်း သူတွေ၏ မျက်လုံးများကို ဖျတ် ခနဲအကဲခတ်ကြည့်မိသည်။ သက်သောင့်သက်သာရှိသည့်ပုံမပေါ်။ နားရှက်စရာတွေ ပြောနေသည် ထင်သလားမသိ။ အချို့က မျက် လွှာချထားပြီး အချို့က မျက်နှာ လွှဲနေသည်။ စာရေးသူအနေဖြင့် မောင်နု ၁၀ တန်းအောင်ပြီး IA အငယ်တန်းတက်ချိန်တွင် သူငယ်ချင်း တင်ထွန်းနှင့် ပြည့်တန်ဆာ ခန်းသွားကာ တိုက်ကြီးဘက်မှ မခင်မြင့်ဆိုသူနှင့်တွေ့ကာ သနား ပြီး အတင်းလက်ထပ်ယူမည်လုပ် သောအခန်းကို ကျော်ဖို့ရန်သာရှိ တော့သည်။

စာရေးသူတို့နိုင်ငံတွင် ဘာ သာရေးနှင့် ယဉ်ကျေးမှု၏ အဆုံး အမတို့ကြောင့် လိင်ကိစ္စနှင့်ပတ် သက်လျှင် ပွင့်လင်းစွာ အသိပညာပေးမှု အားနည်းသဖြင့် လိင်အ ကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု များကို ရင်ဆိုင်နေကြရသည်။ အခြားဖွံ့ဖြိုးပြီးနိုင်ငံများမှာကဲ့သို့ အရွယ်ရောက်သော ကလေးများ အား လိင်ပညာပေးသင်ခန်းစာ များ သင်ကြားနိုင်မှုမရှိသေးသည် ကလည်း အားနည်းချက်တစ်ခု ပင်။

 လူဟူသည်မှာ ဇီဝကမ္မဖြစ် စဉ်အရ အချိန်တန်သည်နှင့် ရုပ် ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ပါ ဖွံ့ဖြိုးလာတတ်သည်။ ထိုအ ချိန်တွင် ကလေးများနှင့် အနီးစပ် ဆုံးနေသည့် မိဘ၊ ဘိုးဘွား၊ ဆရာ၊ ဆရာမများက သိသင့်သိ ထိုက်၊ စောင့်ထိန်းအပ်၊ ရှောင် ကြဉ်အပ်သည့်အရာများကို ပြော ဆိုဆုံးမထားသင့်သည်။ ထိုသို့ အသိမပေးဘဲ ရှက်ရွံ့စရာသဖွယ် ထိမ်ချန်ထားပါက မလိုလားအပ် သော အဖြစ်အပျက်များကို ဖြစ် ပေါ်စေသည်။ ခန္ဓာ၏ ဖွံ့ဖြိုးမှုကို မည်သည့်အရာကမှ တားဆီး၍ ရသည်မဟုတ်။

ကလေးသူငယ်များအား မ တော်မတရားပြုမှုခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ကလေးများအား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ၍ ထိခိုက်နာကျင်စေခြင်းများ (သို့မဟုတ်) လူကြီးဘဝသို့ ဝင် ရောက်ချိန်တွင် ၎င်းတို့အတွက် စိတ်ချလုံခြုံမှုနှင့် ကျန်းမာဖွံ့ဖြိုး တိုးတက်မှု အလားအလာကို ပျက်စီးစေခြင်းတို့ကို တစ်ဦးတစ် ယောက်ချင်းအနေနှင့်သော်လည်း ကောင်း၊ အဖွဲ့အစည်းများအနေ နှင့်သော်လည်းကောင်း၊ လုပ်ငန်း စဉ်များအနေနှင့်သော်လည်း ကောင်း ကာကွယ်ရန် ပျက်ကွက် ခြင်းများ ပါဝင်ပါသည်။

 ကလေးသူငယ်များအား မတော်မတရားပြုမူခြင်းတွင် (၁) ကိုယ်ကာယပိုင်းဆိုင်ရာ မတော် မတရားပြုမူခြင်း (၂) လိင်မှုဆိုင် ရာ မတော်မတရားပြုမူခြင်း (၃) စိတ်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း (၄) လျစ်လျူရှုခြင်း (၅) လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်အ မြတ်ထုတ်ခြင်းတို့ ပါဝင်သည်။ ထိုအထဲမှ လျစ်လျူရှုခြင်းတွင် ကလေး၏ ကိုယ်ကာယပိုင်းဆိုင် ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ဆောင်ရွက် ပေးရန် ဆက်တိုက်ပျက်ကွက်ခြင်း
ကြောင့် ကလေး၏ ကျန်းမာရေး (သို့မဟုတ်) ဖွံ့ဖြိုးတိုးတက်ရေး ကို ပြင်းထန်စွာ ထိခိုက်ခြင်းကို ဖြစ် ပေါ်စေခြင်း၊ အစားအသောက်၊ နေထိုင်စရာနေရာ၊ အဝတ်အ ထည်တို့ကို သင့်တင့်လျောက်ပတ် စွာ ပံ့ပိုးပေးရန် ပျက်ကွက်ခြင်း (သို့မဟုတ်) ကလေး၏ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်များကို လျစ်လျူရှုခြင်း (သို့မဟုတ်) တုံ့ပြန် ဆောင်ရွက်ပေးမှုမရှိခြင်းတို့ ပါဝင်ပါသည်။

 မြန်မာ့လူမှု ဝန်းကျင်တွင် ကလေးသူငယ်များနှင့်ပတ်သက် ၍ အရွယ်ရောက်လျှင် ကျောင်း ထား၊ ကျူရှင်ပို့၊ အဝတ်အစား ဆင်၊ အစားအသောက်ကျွေး၊ နေ ထိုင်စရာပေးရုံနှင့် တာဝန်ကျေပြီ ဟု ယူဆထားသော မိဘများကို
မြင်တွေ့နေရသည်။ ရုပ်ပိုင်းဆိုင် ရာ လိုအပ်ချက်ဖြည့်ဆည်းပေးရုံ မက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးရန် တာဝန်ရှိနေသေးသည်။ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတိုကို မကြည့်ဘဲ
ရေရှည်ကို ကြည့်မည်ဆိုလျှင် ကလေးများကို လျစ်လျူမရှုသင့်ဟု ထင်သည်။

Top News