စီးရီးအေ၌ အင်တာမီလန်အသင်း လေးပွဲဆက်နိုင်ပွဲရ

မီလန် - အီတလီစီးရီးအေတွင် အင်တာမီလန်က အူဒီးနီးစ်ကို နောက်မှ လိုက်ကစားပြီး ၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အီဗန်ပရီ ဆစ်က နှစ်ဂိုးစလုံး သွင်းယူခဲ့ သည်။

အိမ်ရှင် အူဒီးနီးစ်၏ ၁၇ မိနစ်ဦးဆောင်ဂိုးကို ပီရီဆစ်က ပထမ ပိုင်းပြီးခါနီးတွင် ချေပခဲ့ပြီး ပွဲပြီး ခါနီး ၈၇ မိနစ်တွင် ၎င်းကပင် အနိုင်ဂိုး သွင်းယူခဲ့သည်။

၂၀၁၅ တွင် ၀ုဖ်ဘတ်မှ အင် တာမီလန်သို့ ရောက်ရှိလာသော ခရိုအေးရှားလက်ရွေးစင်၏ ပွဲ တစ်ပွဲတွင် ပထမဆုံးနှစ်ဂိုးသွင်း ယူနိုင်မှုလည်းဖြစ်သည်။ အူဒီး နီးစ်၏ ဦးဆောင်ဂိုးကို ချက်နိုင်ငံမှအသက် (၂၀) အရွယ် ကွင်းလယ် လူဂျန့်တိုက သွင်းယူခဲ့သည်။

နည်းပြသစ် စတီဖာနိုအိုလီ ၏ ထိန်းကျောင်းမှုအောက်တွင် လေးပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး နောက် အင်တာမီလန်အသင်း သည် အေစီမီလန်နှင့် ရမှတ်တူ နံပါတ် (၆) နေရာ ရောက်ရှိ လာသည်။

စပိန်လာလီဂါတွင် အက်သ လက်တီကိုမက်ဒရစ်က အီဘာကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဆောလ် နီဂွက်ဇ်နှင့် ဂရစ်ဇ်မန်းတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ မိမိတို့ အသင်းသည် ယခင်ကဲ့သို့ ပြန် ကစားနေပြီဟု အက်သလက်တီ ကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားသည်။ ယင်းနိုင်ပွဲနှင့်အတူ အက်သလက်တီကိုသည် လာလီဂါနံပါတ် (၄)နေရာသို့ရောက်ရှိ လာသည်။ ဆီဗီလာသည် အဝေးကွင်းတွင် ဆိုစီဒက်ကို လေးဂိုးပြတ်နိုင်ပြီး ဘာစီလိုနာကို ကျော် ဖြတ်၍ ဒုတိယနေရာရောက်လာခဲ့ သည်။       —Ref:Reuters

Top News