သမ္မတအိုဘားမားရဲ့ နှုတ်ဆက်ပွဲပါတီကို တက်ရောက်လာကြတဲ့ အနုပညာရှင်များ

မကြာမီ သမ္မတ ရာထူးသက်တမ်းကုန်ဆုံးမည့် အို ဘားမားနှင့် သမ္မတကတော် မီ ရှဲလ်အိုဘားမားတို့သည် ဇန်နဝါရီ ၆ ရက်ညတွင် အိမ်ဖြူတော်၌ နှုတ်ဆက်ပွဲပါတီ ကျင်းပခဲ့သည်။

ယင်းပါတီပွဲသို့ နာမည် ကျော် အနုပညာများစွာလည်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရုပ်ရှင်လောကမှ မင်းသား ကြီး တွမ်ဟန့်စ်၊ မင်းသမီး ရီတာ ဝီလ်ဆင်၊ မင်းသား ဘရက်ဒလေကူးပါး၊ နာမည်ကျော် ဒါရိုက်တာစတီဗင်စပီးဘက်နှင့် ဂီတလောကမှလည်း အဆိုတော်အာရှာ၊ နစ်ခ် ဂျုံးနှင့် ဂျော်ဒင်စပါ့ခ်တို့ တက် ရောက်ပြီး အခြားနာမည်ကျော် ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ သည်။

ထို့အပြင် အမေရိကန်မင်း သမီး ဒီဇိုင်နာ ဆာရာဂျက်စီကာ ပါကာ၊ အဆိုတော်မက်အန်တိုနီ တို့လည်း တက်ရောက်ပြီး The Washington Post သတင်းဌာန က ဒါရိုက်တာဂျက်ဖရီဂျေ ကော့ပ်၊ ဘီယွန်းစေးနှင့် ခင်ပွန်း ဖြစ်သူ ဂျေးဇီးတို့ တက်ရောက်ခဲ့ ကြောင်း ဖော်ပြသည်။

—Ref: EONLINE

Top News