မန်စီးတီးတွင် အမှားအချို့ ပြုလုပ်မိခဲ့ဟု ဂွါဒီယိုလာဝန်ခံ

မန်စီးတီးသို့ရောက်လာပြီး နောက်ပိုင်း အမှားအချို့ပြုလုပ်မိ ခဲ့သည်ဟု နည်းပြ ပက်ဂွါဒီယိုလာက ပြောကြားပြီး အင်္ဂလန်ဘော လုံးကစားပုံကို လက်ခံသည်ဟု ပြောကြားသည်။


မန်စီးတီးသည် ၀က်စ်ဟမ်း ကို ငါးဂိုးပြတ်နိုင်ကာ အက်ဖ် အေဖလားစတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ပရီးမီး ယားလိဂ်တွင် ထိပ်ဆုံးမှ ချယ်လ် ဆီးထက် ခုနစ်မှတ်လျှော့ဖြင့် နံပါတ် (၄) နေရာ၌ရှိနေကာ ယခုရာသီရလဒ်ပိုင်းမတည်ငြိမ်မှုအ တွက် အကြိမ်များစွာ ဝေဖန်ခံနေ ရသည်။

ဂွါဒီယိုလာသည် ရာသီအစ တွင် မန်စီးတီးကို ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲ ဆက်တိုက်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ရာ သီထက်ဝက်၌ ရလဒ်ပိုင်း မတည် ငြိမ်ဖြစ်နေသည်။

သို့သော်ဂွါဒီယိုလာက ၎င်း ၏ ကစားသမားများအပေါ် အ ပြစ်တင်ခြင်းမရှိဘဲ တစ်ခါတစ်ရံ ၎င်း၏ အတွေးများ မှားယွင်းခဲ့ သည်ဟု ပြောသည်။

‘‘ဒီရာသီပထမထက်ဝက် မှာ ကျွန်တော်တို့ဟာ အရမ်းအ ရမ်းကောင်းတဲ့ စွမ်းဆောင်မှုမျိုး၊ ရလဒ်မျိုးရှိခဲ့ပေမယ့် အထူးသဖြင့် ခံစစ်ပိုင်းမှာ မှားယွင်းမှုရှိတယ်လို့ ခံစားမိခဲ့ပါတယ်’’ဟု ဂွါဒီယိုလာ ကပြောသည်။

မိမိတို့အနေဖြင့် ယှဉ်ပြိုင်ရာ တွင် ယုံကြည်မှုအနည်းငယ်ဆုံး ရှုံးသွားသည်ဟု ၎င်းကပြော သည်။တစ်ခါတစ်ရံတွင် မိမိအနေဖြင့် နောက်တန်း သုံးဦးထားကစားရန် အကြံပေါ်မိသော်လည်း တစ်ခါ တစ်ရံအဆင်မပြေဖြစ်ရသည်ဟု ၎င်းကပြောသည်။

‘‘အချိန်တွေအများစုမှာ ကျွန်တော်တို့ ကစားပုံမကောင်းခဲ့ တာဟာ ကျွန်တော့်မှာ တာဝန် ရှိပါတယ်’’ဟု ဂွါဒီယိုလာက ပြော သည်။           —Ref:Goal

Top News