အက်ဖ်အေဖလားမှ ထွက်ရပြီးနောက် ကစားသမားသစ် ခေါ်ယူရန် အဲဗာတန်နည်းပြတောင်းဆို

လက်စတာကို ၂-၁ ဂိုး ဖြင့် ရှုံးနိမ့်ကာ အက်ဖ်အေဖလား ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အဲ ဗာတန်ကို ကိုင်တွယ်သည့် ပထမ ဆုံးရာသီအတွင်း ဖလားတစ်လုံး စိန်ခေါ်ခွင့်အဆုံးသတ်သွားခဲ့ပြီ ဖြစ်၍ အဲဗာတန်နည်းပြ ကိုးမန်း က ၎င်း၏ကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ကာ ကစားသမားအသစ်များ ခေါ်ယူ ရန် တောင်းဆိုလိုက်သည်။


‘‘ပြောင်းလဲဖို့ ဘာလိုအပ် လဲဆိုတာ ကျွန်တော်သိတယ်။ လူတိုင်းမျက်စိဖွင့်ထားကြမယ်ဆို ရင်တော့ ကျွန်တော်တို့ နောက် ထပ်တိုးတက်နိုင်တယ်။ အဲဒါဟာ အသင်းအတွက် လိုအပ်နေတဲ့ အရာဖြစ်လို့ပါ’’ဟု နယ်သာလန် နိုင်ငံသား ကိုးမန်း (၅၃)နှစ်က ပြောကြားသည်။

ယင်းပွဲမတိုင်မီ အဲဗာတန် က အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး လု့ခ်မန်းကို ပေါင် ၁၁ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း မန်ယူကွင်းလယ်လူ ရှနိုက်ဒါလင်း ကို ခေါ်ယူရန် ဆက်လက်ညှိနှိုင်း နေဆဲဖြစ်သည်။

လူကာလူ၏ အဖွင့်ဂိုးကို လက်စတာမှ လူစားဝင်လာသူ မူဆာက နှစ်ဂိုးသွင်းကာ ခြေဖျက်ခဲ့ပြီးနောက် အက်ဖ်အေဖလားမှ ထွက်ရခြင်းမှာ ကံမကောင်း၍ မဟုတ်ဟု ကိုးမန်းက ပြောသည်။

ပရီးမီးယားလိဂ်တွင် လာ မည့်ပွဲစဉ်၌ မန်စီးတီးနှင့် ရင်ဆိုင် ရန်ရှိနေစဉ် ကိုးမန်းက ကစားသမားများအနေဖြင့် လက်စတာနှင့် ကစားပုံကဲ့သို့ ကစားမည်ဆိုပါက ၀က်စ်ဟမ်းက မန်စီးတီးကို ရှုံး သလို ဂိုးပြတ်ရှုံးနိုင်သည်ဟု ပြော ကြားသည်။

—Ref:Goal

Top News