မန်ယူမှ မထွက်ခွာပါက ဒီပေးအတွက် အနာဂတ်ရှိသေးသည်ဟု မော်ရင်ဟိုပြောကြား

 နယ်သာလန်လက်ရွေး စင်ဒီပေးသည် ယခုရာသီပရီးမီး ယားလိဂ် လေးပွဲသာကစားခဲ့ရ သော်လည်း ယခုလအတွင်း မန်ယူမှ မထွက်ခွာပါက ၎င်းတွင် အနာ ဂတ်ရှိနေဆဲဖြစ်ကြောင်း မန်ယူ နည်းပြ မော်ရင်ဟိုက ပြောသည်။


ဒီပေးကို အဲဗာတန်က ခေါ် ယူရန် ကြိုးစားနေသည်ဟုဆိုပြီး မန်ယူမှ ထွက်ခွာသွားနိုင်ကြောင်းသတင်းများထွက်ပေါ်နေသည်။

ဒီပေးအတွက် တရားဝင် ကမ်းလှမ်းမှု လက်ခံရရှိခြင်းမရှိ သေးသော်လည်း ၎င်းမန်ယူမှထွက်သွားပါက ကိစ္စမရှိဟု မော်ရင်ဟိုက ရှင်းရှင်းလင်းလင်းပြော ကြားထားသည်။

‘‘ဒီပေးရဲ့ နေရာမှာ ကစား မယ့် ကစားသမားတွေ ကျွန်တော် တို့မှာ အများကြီးရှိပါတယ်’’ဟု မော်ရင်ဟိုက ပြောကြားသည်။

ယင်းနေရာတွင် ကစားရန် ဒီပေးအပြင် လင်းဂတ်၊ မစ်တာ ယန်၊မာတာ၊ ရက်ခ်ျဖို့ဒ်နှင့် ရွန်းနေတို့ရှိသည်ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ ကစားသမားအများအ ပြားရှိနေသော နေရာတစ်ခုတွင် ကစားခွင့်ရရန် မလွယ်ကူဟု မော် ရင်ဟိုက ပြောသည်။

ဒီပေးထွက်ခွာသွားနိုင်သည် ဆိုခြင်းကို အသင်းတာဝန်ရှိသူ များက မိမိကို အသိပေးထားပြီး လူသားတစ်ဦး၏ အမြင်မျိုးဖြင့် မိမိ၏ လက်ထက်တွင် ၎င်းကစား ခွင့်မရသည့် အချိန်မျိုး၌ အသင်းမှ ထွက်ခွာမည်ဆိုပါက တားဆီးနိုင် မည်မဟုတ်ဟု မော်ရင်ဟိုက ပြောသည်။

‘‘သူ့အသက်အရွယ်လိုမျိုး ကစားသမားတစ်ယောက်ဟာ ပွဲတွေ ကစားဖို့ လိုပါတယ်’’ဟု မော်ရင်ဟိုက ပြောကြားပြီး ဒီပေး (၂၂) နှစ်ကို မိမိနှင့်အတူရှိနေစေလိုသည်ဟု ၎င်းကပြောသည်။  —Ref:Goal

Top News