အောင်မင်္ဂလာယာဉ်ရပ်နားစခန်းတွင် အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

 မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာယာဉ်ရပ်နားစခန်းအတွင်း ရပ်ထားသည့် အငှားယာဉ်တစ်စီး အင်ဂျင်အပူလွန်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ် ချစ်တီး ကုန်းရပ်ကွက် စက်မှုလမ်းနေ ယာဉ်မောင်း ဦးဟိန်းမောင်ထွေး မောင်းနှင်သည့် ပရိုဘောက်စ်အ မျိုးအစား အငှားယာဉ်သည် ဇန်န ၀ါရီ ၇ ရက် ညနေ ၅ နာရီခွဲခန့်တွင်မင်္ဂလာဈေးမှ အောင်မင်္ဂလာအ ဝေးပြေးသို့ ခရီးသည်လိုက်ပို့ပြီး ရပ်နားထားစဉ် ဖြစ်ပွားခြင်းဖြစ် ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။


 အငှားယာဉ်မောင်းသည် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ခရီးသည်လိုက်ပို့ပြီး စက်ရပ်ထား စဉ် အင်ဂျင်အပူလွန်ကာ ၀ိုင်ယာ များသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကားကူရှင် များ၊ ၀ိုင်ယာကြိုး၊ ဒက်ရှ်ဘုတ်၊ စပယ်ယာဘီးတစ်ဘီးတို့  မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 အငှားယာဉ်မီးလောင်မှုကို မြောက်ဥက္ကလာပနယ်မြေ မီး သတ်စခန်းက မီးသတ်ကားတစ်စီး လာရောက်ငြှိမ်းသတ်ပေးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ အငှား ယာဉ်မောင်း ဦးဟိန်းမောင်ထွေး ကို မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း  သိရ သည်။

Top News