ကျားအင်္ဂါဖြတ်ခံရပြီး သေဆုံးသူနှင့်ပတ်သက်၍ သံသယရှိသူကို ဖမ်းမိထား

ကလေးမြို့ တောင်ဇ လပ်ရပ်ကွက်ရှိ ရေမြောင်းတစ်ခု တွင် ကျားအင်္ဂါအဖြတ်ခံထားရ သည့် ဒဏ်ရာအပါအဝင် ဓားဒဏ် ရာများဖြင့် သေဆုံးနေသော အ မျိုးသားကို သတ်ဖြတ်ခဲ့သူသည် ထောင်ထွက်တစ်ဦးဖြစ်ပြီး ၎င်းကို ဇန်နဝါရီ ၇ ရက်က ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။


ကလေးမြို့ တောင်ဇလပ် ရပ်ကွက် နယ်မြေ(၉)နေ အသက်(၅၈)နှစ်အရွယ် ဦးတဲလ်ခွဆိုသူ သည် ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီခန့်က နယ်မြေ(၆)တွင် နေထိုင်သည့် ဆွေမျိုးတော်စပ်သူ၏ နေအိမ်၌ ပြုလုပ်သည့် ဆုတောင်း ပွဲသို့ သွားရောက်ပြီး အပြန်၌ အသတ်ခံရခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘သတ်တဲ့သူက ခိုးမှုနဲ့ထောင်တစ်နှစ်ခွဲကျနေတာ။ ဇန်နဝါရီ ၂ ရက်ကမှ ထောင်က လွတ်လာ တာ။ ၃ ရက်နေ့မှာ လူသတ်မှု ကျူးလွန်တာပဲ။ အဲဒီနေ့က နှစ် ယောက်စလုံးက အရက်မူးနေ တာ။ လူသတ်မှုမဖြစ်ခင် တရားခံ က ဆိုင်ကယ်တစ်စီး ဝင်ခိုးသေး တယ်။ စက်နှိုးလို့မရလို့ ထားခဲ့ပြီး လမ်းလျှောက်လာတုန်း သေတဲ့ သူနဲ့တွေ့တော့ သေတဲ့သူက မေး တာ။ အဲဒီမှာ သူက သူ့ဆိုင်ကယ် ခိုးတာမြင်လို့ မေးတယ်ထင်တာ က တစ်ကြောင်း၊ ခိုးရမလို့ ဒေါသကလည်းဖြစ်၊ အရက်ကလည်းမူး နေတော့ ပါလာတဲ့ ဓားမြှောင်နဲ့ လည်ပင်းကို ထိုးလိုက်တာ’’ဟု ၎င်းကဆိုသည်။

စွပ်စွဲခံရသူသည် လူသတ်မှု ကျူးလွန်ပြီး အလောင်းကို ရေ မြောင်းအတွင်းသို့ ပစ်ချကာ အ နော်ရထာလမ်းမပေါ်ရှိ ဆည် မြောင်းရုံးဝင်းအတွင်းမှ ဆိုင်ကယ် တစ်စီးကို ခိုးယူကာ မောင်းနှင် ထွက်လာခဲ့ပြီး မီးရထားဘူတာရုံ ၌ ညအိပ်ခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီ ၄ ရက် နံနက်တွင် လေ ဆိပ်အနီး ယာဉ်တိုက်မှုဖြစ်ကာ ဆေးရုံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။

‘‘ဆေးရုံကို ရောက်နေတဲ့သူ ကို သွားစစ်တော့ သူ့အိတ်ထဲမှာ ဓားမြှောင်တစ်ချောင်း တွေ့ တယ်။ နောက်ပြီး သူစီးလာတဲ့ ဆိုင်ကယ်ကလည်း အထောက် အထားမပြနိုင်ဘူး။ ညကလည်း ဆည်မြောင်းထဲမှာ ဆိုင်ကယ် ပျောက်တယ်ဆိုတော့ အဲဒါတွေ ဆက်စပ်စစ်ရင်းနဲ့မှ လူသတ်မှု ပေါ်သွားတာ။ အင်္ဂါဖြတ်တဲ့ဟာ ကတော့ သူ ရည်ရွယ်ချက်တော့ မရှိဘူး။ မူးမူးနဲ့ထိုးပြီး ဓားနဲ့မွှန်း ရင်း ထိသွားတာဖြစ်နိုင်တယ်’’ဟု အမှုကို ကိုယ်တိုင်စစ်ဆေးခဲ့သည့် ရဲအရာရှိကဆိုသည်။

ရေမြောင်းအတွင်း သေဆုံး နေသည့် အသက်(၅၈)နှစ်အရွယ် ဦးတဲလ်ခွသည် လည်ပင်းထက်ဝက်ခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ မေးရိုးအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပါးတွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ကျားအင်္ဂါအရင်းမှ ဖြတ်ထားသည့် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ယင်းအမျိုးသားကို ကလေးမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ ခိုးမှုပုဒ်မ ၃၈၀ အပြင် ယာဉ်တိုက် မှုပုဒ်မ ၃၃၈ ဖြင့်ပါ အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း သိရသည်။

More in Crime Section

Top News