ကျပ်သိန်း ၃၀၀ ခန့်တန်ဖိုးရှိ ကျောက်မျက်ရတနာအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသူများ ဖမ်းမိ

ရွှေသာဦး၊ ဝသုန်စိုး၊ လှိုင်မျိုးထွန်း၊ အောင်ဇော်မိုးတို့နှင့် သက်သေခံပစ္စည်းများ (ဓာတ်ပုံ − Yangon Police)

 ကျောက်မျက်ရတနာ အ ရောင်းအ၀ယ်လုပ်ကိုင်သူ အမျိုး သမီးတစ်ဦးထံမှ ကျပ်သိန်း ၃၀၀ ခန့်ရှိ ကျောက်မျက်ရတနာအိတ် ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေး သွားသူများကို ဇန်န၀ါရီ ၆ ရက် က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။


ဒလမြို့နယ်နေ ကျောက်အ ရောင်းအ၀ယ်လုပ်ကိုင်သူ မဒေ၀ီ (ခ) မတင်တင်နွယ်သည် ၂၀၁၅ ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီခွဲ ခန့်က ဒလသင်္ဘောဆိပ်မှ နေအိမ် သို့ စက်ဘီးဖြင့်ပြန်လာစဉ် စက် ဘီးရှေ့ခြင်းထဲမှ အိတ်ကို ဆိုင်ကယ်ဖြင့် ကျော်တက်ကာ လုယူသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။ ကျောက်မျက်ရတနာအိတ် လုယူသွားခဲ့သည့် ဆိုင်ကယ်ကို လူငယ်သုံးဦး စီးနင်းလာခြင်းဖြစ်ပြီး အဆိုပါအိတ် အတွင်း ကျောက်မျက်ရတနာ များအပြင် လက်ကိုင်ဖုန်းနှစ်လုံး၊ ဘဏ်စာအုပ်၊ မှတ်ပုံတင်နှင့် ကျပ်ခုနစ်သောင်း အပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ် ၃၀၅ သိန်းဖိုးခန့်ရှိကြောင်း ဒလမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းရာ ဇန်န၀ါရီ ၆ ရက် နံနက် ၁ နာရီခန့်တွင် မသင်္ကာသူ ကရင် (ခ) လှိုင်မျိုးထွန်းကို ကမာကဆစ် ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တွင် ကျောက်နီ၊ ဂါးနက်၊ ကျောက်စိမ်း၊ ဂေါ်မိတ်၊ နီလာကျောက်များ နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေး ရာမှ ပေါ်ပေါက်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့နောက် လုယက်မှုကျူး လွန်ရာတွင် ပါဝင်သည့် ရွှေသာဦး (ခ) ဘောသွပ်၊ အောင်ဇော်မိုး(ခ) ကုလားနှင့် ၀သုန်စိုးတို့ သုံးဦးကို နေအိမ်အသီးသီး၌ ဖမ်းမိခဲ့ပြီး လုယက်ခံရသည့် ကျောက်မျက် ရတနာများလည်း ပြန်လည်ရရှိခဲ့ ကြောင်း ၎င်းကဆိုသည်။

ကျောက်များ လုယက်ထွက် ပြေးခဲ့သည့် လူငယ်လေးဦးကို ဒလမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ အခြားခိုးမှု၊ လုယက်မှုများ ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

Top News