ရိုးမ-ရန်ကုန် မာရသွန်လမ်းကြောင်းပေါ်ရှိ လမ်း ၂၀ ကျော်ကို ယနေ့ခေတ္တပိတ်မည်

၂၀၁၇ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင် ပွဲကျင်းပမည့် ဇန်နဝါရီ ၈ ရက် တွင် ပြိုင်ပွဲလမ်းကြောင်းပေါ်ရှိ လမ်းမကြီးများအပါအဝင် လမ်း ၂၀ ကျော်ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအ ဖွဲ့က သတင်းထုတ်ပြန်သည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင် ပွဲ၏ အပြေးပြိုင်ပွဲအားလုံးမှ တာ ထွက်နှင့် တာဝင်အမှတ်များကို သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အမျိုးသားအားကစားရုံအတွင်း သတ်မှတ်ထားပြီး ပြိုင်ပွဲအမျိုးအ စားအလိုက် လမ်းပေါင်း ၂၈ လမ်းကို ပြေးလမ်းကြောင်းများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ပြေးလမ်းကြောင်းနှင့် လမ်းအချို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ခေတ္တပိတ်ထားမည်ဖြစ်ကာ ယာဉ်ထိန်းရဲများက အချက်ပြအမှတ်အသားများဖြင့် စီမံခန့်ခွဲပေးမည်ဖြစ်သည်။

  ပြိုင်ပွဲကျင်းပနေစဉ် လမ်းခေတ္တပိတ်မည့်အချိန်သည် ဇန်နဝါရီ ၈ ရက် နံနက် ၂ နာရီမှ နံနက်၁၁ နာရီခွဲအထိဖြစ်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အထက်/အောက် ပုဇွန်တောင်လမ်း၊ ရာဇာဓိရာဇ်လမ်း၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်နှင့် လမ်းဟောင်း၊ ကျောင်းကြီးလမ်း၊ အထက်ကြည့်မြင်တိုင် လမ်း၊ ဗဟိုလမ်း၊ ဦးထောင်ဘို လမ်း၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ မင်းဓမ္မလမ်း၊လှိုင်တက္ကသိုလ် ကျောင်းဝင်း အ တွင်းလမ်း၊ တက္ကသိုလ်ရိပ်သာ လမ်း၊ သစ္စာလမ်း၊ ကန်ပတ်လမ်း၊ စက်မှုဆေးဝါးလမ်း၊ အင်းစိန် လမ်း၊ ပြည်လမ်း၊ အင်းလျားလမ်း၊ အောင်သိဒ္ဓိလမ်း၊ ကျိုက္ကဆံလမ်း၊ လေးဒေါင့်ကန်လမ်း၊ ဗညားဒလ လမ်းနှင့် ပင်ရွှေညောင်လမ်းစသည့်လမ်းမများကို လမ်းအပြည့် (သို့)လမ်းတစ်ဝက်ပိတ်ထားမည်ဖြစ်သည်။  ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် သုံးကီလိုမီတာ၊ ၁၀ ကီလိုမီတာ၊ ၂၁ ကီ လိုမီတာနှင့် ၄၂ ကီလိုမီတာပြိုင်ပွဲ အမျိုးအစား လေးခုခွဲထားပြီး ရိုးမ Strategic (YOMA), First Myanmar Investment (FMI) က ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီနှင့် ပူးပေါင်း၍ လမ်းကြောင်းများ ရေးဆွဲကာ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် သံတမန်အဆိုတော် အမွန်းနှင့်အတူ ဖြိုးကြီးနှင့် ဂျက်ဆန်ထွန်းတို့ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

More in News Section

Top News