ကြည့်ရှုသူ ပရိသတ် စံချိန်တင်များလာတဲ့ 'Goblin' ဇာတ်လမ်းတွဲ

 tvN ရုပ်သံလိုင်းက ထုတ် လွှင့်ပြသလျက်ရှိသော 'Goblin' ဇာတ်လမ်းတွဲသည် ကြည့်ရှုသူ အရေအတွက် စံချိန်တင်များပြား လာသည်။

Nielsen Korea ၏ လေ့လာ မှုအရ ဇန်နဝါရီ ၆ ရက်တွင် 'Globlin' ဇာတ်လမ်းတွဲအပိုင်း များကို ထုတ်လွှင့်ခဲ့ရာ ပုံမှန်ကြည့် ရှုမှုနှုန်း ၁၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုး မြင့်လာကြောင်း သိရသည်။ ယင်းအရေအတွက်သည် ပြီးခဲ့သည့် သီတင်းပတ်က ကြည့်ရှုနှုန်းထက် ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာ ခြင်းဖြစ်သည်။

tvN ရုပ်သံလိုင်းက ထုတ်လွှင့် ခဲ့သော ဒရာမာဇာတ်ကားများ အနက် ၁၈ ဒသမ ၆ ရာခိုင်နှုန်း ဖြင့် ပရိသတ်ကြည့်ရှုမှုနှုန်း အမြင့် ဆုံးမှတ်တမ်းဝင်ခဲ့သော 'Reply 1988' ဇာတ်လမ်းတွဲကို အမီ လိုက်ရန် 'Goblin'ဇာတ်လမ်းတွဲ သည် ကြည့်ရှုနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်း ကွာဟနေသေးသည်။

သို့သော်လည်း 'Goblin' ဇာတ်လမ်းတွဲသည် စတင်ထုတ် လွှင့်ခဲ့ကတည်းက ပရိသတ်ကြည့် ရှုမှုနှုန်း အလျင်အမြန်မြင့်တက်ပြီး လူကြိုက်များလျက်ရှိသည်။

စုစုပေါင်း အပိုင်း ၁၆ ပိုင်း ပါဝင်သော 'Goblin' ဇာတ်လမ်း တွဲကို ၂၀၁၆ ဒီဇင်ဘာ ၂ ရက် ကတည်းက tvN ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

—Ref: allkpop

Top News