သီချင်းသစ်နှစ်ပုဒ်နဲ့ ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အက်ဒ်ရှာရန်

 အသက် (၂၅)နှစ်အရွယ် ဗြိတိန်အဆိုတော်၊ သီချင်းရေး ဆရာ အက်ဒ်ရှာရန်သည် ၂ နှစ် နီးပါး အနုပညာအလုပ်များ ရပ် နားထားပြီးနောက် ယခုအခါ ဇန်နဝါရီ ၆ ရက်တွင် 'Shape of You' နှင့် 'Castle on the Hill' စသည့် သီချင်းသစ်နှစ်ပုဒ်ကို ထုတ်ဝေခြင်းဖြင့် ဂီတလောကသို့ ပြန်လည်ဝင်ရောက်လာသည်။

အနုပညာအလုပ်များနှင့် အနည်းငယ်ဝေးကွာခဲ့သဖြင့် သီချင်းတစ်ပုဒ်တည်း မဟုတ်ဘဲ နှစ်ပုဒ် ထုတ်ဝေခဲ့ကြောင်း အက်ဒ်ရှာရန်က ၎င်း၏ တွစ်တာစာမျက် နှာတွင် ဖော်ပြခဲ့သည်။

'Shape of You'သီချင်းကို ကနဦးက အဆိုတော်ရီဟားနား အတွက် ရေးစပ်ပေးခဲ့သော်လည်း သီချင်းရေးစပ်စဉ် စိတ်ပြောင်း သွား၍ ကိုယ်တိုင်သီဆိုခဲ့ကြောင်း အက်ဒ်ရှာရန်က ပြောသည်။

ရှာရန်သည် မကြာသေးမီနှစ် များက ဗြိတိန်၏ အရောင်းရဆုံး အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး နာမည်ကျော်အဆိုတော်များဖြစ် ကြသော One Direction၊ တေ လာဆွစ်ဖ်နှင့် ဂျပ်စတင်ဘီဘာ တို့အတွက်လည်း သီချင်းများ ရေးစပ်ပေးခဲ့သည်။

၎င်းသည် အနုပညာအလုပ် များ ရပ်နားထားစဉ်အတွင်း ခရီးထွက်ခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့ကြောင်း ဘီဘီစီသတင်းဌာန အား ပြောသည်။

ဂရမ်မီဆုနှင့် BRIT Award ဆုများ ချီးမြှင့်ခံရသော ရှာရန်၏ 'Photograph'နှင့် 'Thinking Out Loud'သီချင်းတို့သည် လူသိများ ကျော်ကြားခဲ့သည်။

—Ref: Reuters