ဖေဖော်ဝါရီ ၇ ရက်မှာ အခွေသစ်ဖြန့်မယ့် တင်ဇာမော်

 ပြီးခဲ့သည့်နှစ်အတွင်းက မြို့အများအပြားတွင်   တစ်ကိုယ် တော်ဖျော်ဖြေပွဲများ     အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် တင်ဇာမော်က ၎င်း၏ တစ်ကိုယ်တော် အခွေသစ်ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဖြန့်ချိမည်ဟုပြောသည်။

‘‘အခွေက အကုန်လုံးနီးပါး ပြီးသွားပြီ။ လုပ်စရာရှိတာလေး တွေ အပြီးသတ်ဆက်လုပ်နေ တယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ ထွက်မယ်။ အခွေနာမည်ကတော့ Seven’’ ဟု တင်ဇာမော်က ပြော သည်။

ယင်းအခွေတွင် သီချင်းစုစု ပေါင်း ဆယ်ပုဒ်ပါဝင်မည်ဖြစ်ပြီး သီဆိုနေကျ သီချင်းပုံစံများသာ ပါဝင်မည်ဟု ၎င်းကဆိုသည်။

‘‘တေးရေးတွေကတော့ ကိုမြင့်မိုးအောင်၊ ကိုရွှေ (ရွှေဂျော် ဂျော်)၊ ကိုမောင်မောင်ဇော်လတ်၊ အသစ်ထဲကဆိုရင် မာတင်ဆိုတဲ့ ကလေးတစ်ယောက်ပါတယ်။ ကိုကောင်းဇော် Melody World က ပါတယ်။ ကိုအောင်ကိုမြင့်ပါ တယ်။ ကိုအယ်ဖြူရဲ့ သီချင်းတစ် ပုဒ်လည်း ပါမယ်’’ဟု ၎င်းက ပြောသည်။ယင်းအခွေတွင် အွန်လိုင်းမှ ဖြန့်ချိရာ၌ ပရိသတ်အားပေးမှုရရှိ ခဲ့သည့် ဧည့်သည်နှင့် ကိုယ့်မွေး နေ့ သီချင်းများကိုလည်း ပြန် လည်ထည့်သွင်းထားကြောင်း တင်ဇာမော်က ပြောသည်။

တစ်ကိုယ်တော်အခွေထွက် ရှိမည်ဖြစ်သကဲ့သို့ Myanmar Idol ပြိုင်ပွဲ၏ ဒိုင်အဖြစ်လည်း ဆောင်ရွက်နေသောကြောင့် မြန်မာနိုင်ငံတွင် မေလအထိ နေထိုင်မည်ဖြစ် ပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲပြု လုပ်ရန် အခွေသစ်ထွက်ပြီးချိန်မှသာ စီစဉ်မည်ဟု ၎င်းကဆိုသည်။

‘‘ရန်ကုန်တစ်ကိုယ်တော်ရှိုး ကိုတော့ ဒီနှစ် နှစ်လယ်လောက်မှ လုပ်ချင်တယ်။ ဘာဖြစ်လို့လဲဆို တော့ အခွေထွက်ပြီး ခြောက်လ လောက်နေမှပဲ ရှိုးဆိုမလားလို့ စဉ်းစားတယ်။ ပရိသတ်တွေ လည်း အသစ်တွေ နားထောင်လို့ အချိန်ရအောင်’’ဟု ဖျော်ဖြေပွဲ များပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ တင်ဇာမော်က ပြော သည်။

တင်ဇာမော်သည် ဇန်နဝါရီ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်ရက်က ဘားအံမြို့တွင် အိုင်းရင်းခရော့စ် အဖွဲ့နှင့်အတူ သွားရောက်ဖျော် ဖြေခဲ့သည်။

Top News