ပေါင်းတည်မြို့၌ လူငယ်တစ်ဦး သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်ခံရ

 ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကြိုးဆွဲချ သေ ကြောင်းကြံစည်သူ အသက်(၂၀)အရွယ် လူငယ်တစ်ဦးသည် အသက်မသေဘဲ သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်အရေးယူခံရကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သတင်းရရှိသည်။


ဇန်နဝါရီ ၇ ရက်က ပေါင်း တည်မြို့ ဆောင်းမင်းဝန်ရေကန် အနီးရှိ သစ်ပင်သစ်ကိုင်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေ ကြောင်းကြံစည်ရာ ရပ်ကွက်နေ သူများတွေ့မြင်ပြီး ကယ်တင်ခြင်း ကြောင့် အသက်ရှင်ခဲ့သည်ဟု ပေါင်းတည်မြို့မရဲစခန်းမှ ရဲအုပ် ဇော်ဝင်းနိုင်ကပြောသည်။

‘‘သေကြောင်းကြံတဲ့လူငယ် ဟာ အရက်စွဲမြဲစွာသောက်သူလို့ သိရတယ်။ အရက်ကြောင်ပြီး ကြိုးဆွဲချသေကြောင်းကြံတာ ဖြစ် မယ်။ အသက်မသေသော်လည်း သေကြောင်းကြံစည်ခဲ့တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားတယ်’’ဟု ရဲအုပ်ဇော်ဝင်းနိုင်ကဆိုသည်။

 သေကြောင်းကြံစည်သော လူငယ်သည် လည်ပင်းကြိုးကွင်း ပွန်းဒဏ်ရာ၊ ဒူးခေါင်းပွန်းပဲ့ဒဏ် ရာများရရှိပြီး ပေါင်းတည်ဆေးရုံ တွင် အတွင်းလူနာအဖြစ် တက် ရောက်ကုနေသည်။

‘‘သေကြောင်းကြံတဲ့လူငယ် က မနက်ပိုင်းကတည်းက ရေကန် ထဲဆင်းတယ်။ အနားကလူတွေ က ဝိုင်းဆွဲခဲ့ရတယ်။ အဲဒီနောက် ရထားသံလမ်း သွားအိပ်ပြန် တယ်။ ရထားသံလမ်းက အပြန် ရေကန်ဘေးက သစ်ပင်မှာ ကြိုးဆွဲချတယ်။ သူ့ဖခင်ဖြစ်သူက မသင်္ကာတာနဲ့ လိုက်ကြည့်တဲ့အ ခါ ကြိုးကွင်းတန်းလန်းနဲ့ ပြုတ်ကျ ပြီးသွားပြီ။ အဲဒီအခါမှာ ဒေသခံ တွေပါ ရောက်လာပြီး ဝိုင်းဝန်းထူ မကြတယ်’’ဟု မင်းကွက်(၃)ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးကျော် မင်းက ပြောသည်။