စူပါကော်ဖီမစ်ရုံးတွင် အားသွင်းထားသည့် ဖုန်း ၂၆ လုံး ခိုးယူခံရ

စစ်ကိုင်းတိုင်း ကလေး မြို့ အောင်မြင်သာရပ်ကွက်ရှိ စူပါကော်ဖီမစ်ရုံးအတွင်း ၀န်ထမ်း များအသုံးပြုသည့် ဟန်းဆက် ၂၆ လုံးသည် အားသွင်းထားရာမှ ခိုးယူခံရကြောင်း သတင်းရရှိသည်။

ကလေးမြို့ ဘုရားကြီးလမ်း ရှိ စူပါကော်ဖီမစ်ရုံးမှ မန်နေဂျာ သည် ဇန်န၀ါရီ ၆ ရက် နံနက် ၁ နာရီအထိ တီဗီကြည့်ကာ ၀န် ထမ်းများ အသုံးပြုသည့် ဟန်း ဆက် ၂၆ လုံးကို အားသွင်းပြီး အိပ်ရာဝင်ခဲ့ရာ ခိုးယူခံရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆို သည်။


‘‘ရုံးက အပေါ်ထပ်၊ အောက် ထပ်ရှိတာ။ ညစောင့်က မန်နေ ဂျာရယ်၊ သူ့ညီရယ်ပေါ့။ သူတို့ အိပ်ရာဝင်တော့ ပြတင်းပေါက် တံခါးတွေ ဖွင့်ထားမိတယ်ပြော တယ်။ မနက်လင်းတော့ အား သွင်းထားတဲ့ဖုန်းတွေမရှိတော့လို့ အမှုလာဖွင့်တာပါ။ တရားခံကက တော့ စုံစမ်းတုန်းပါပဲ’’ဟု ကလေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

စူပါကော်ဖီမစ်ရုံးအတွင်းရှိ စားပွဲခုံပေါ်တွင် အားသွင်းထား သည့် ဟန်းဆက်များမှာ Y3C ဟွာဝေးအမျိုးအစား ဟန်းဆက် ၂၃ လုံး၊ T1 ဟွာဝေး Tablet အ မျိုးအစား သုံးလုံးဖြစ်ပြီး အချို့ ဟန်းစက်များထဲတွင် ငွေဖြည့်ငွေ လွှဲစနစ် ထည့်သွင်းထားသည့် ငွေ သားများ ပါဝင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဖုန်းများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း  သိ ရသည်။

Top News