ဒီမိုကရေစီ နိဒါန်း

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြားပါတီများကို အပြတ်အသတ် အနိုင်ရရှိကာ ၈၀ ရာခိုင် နှုန်းကျော် လွှတ်တော်အမတ်နေ ရာများ ရရှိခဲ့ပြီး အစိုးရတစ်ရပ်ဖွဲ့ နိုင်ခဲ့သည်။ ခေါင်းစဉ်အမျိုးမျိုးတပ် ထားသော အာဏာရှင်စစ်အုပ် ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၅၀ ခန့် အသားကျနေခဲ့သော မြန်မာပြည် သည် ၂၀၁၁ ရွေးကောက်ပွဲတွင် ဦးသိန်းစိန်သမ္မတအဖြစ် အုပ်ချုပ် ခဲ့သော အရပ်သားအုပ်ချုပ်ရေးဖြင့် စတင်ရင်းနှီးခွင့်ရခဲ့သည်။ ဦးသိန်း စိန်အစိုးရလက်ထက်တွင် နိုင်ငံ ရေးအကျဉ်းသားများကို လွှတ်ပေး ခြင်း၊ စာပေလွတ်လပ်ခွင့်ပေးခြင်း နှင့် အရေးပါဆုံးပြုပြင် ပြောင်းလဲ မှုအဖြစ် အတိုက်အခံပါတီမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ် မှ လွှတ်ပေးခဲ့ပြီး ကြားဖြတ်ရွေး ကောက်ပွဲဝင်ခွင့်ပေးကာ နိုင်ငံရေး ရင်ကြားစေ့ရေးကို စတင်အကောင်အထည်ဖော်ဆောင်ပေးခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု စိုးရိမ်သလို မဲမသ မာသူများဖြစ်မလာဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုကို အသိအမှတ်ပြုပြီး ဦးသိန်းစိန်အစိုး ရက ငြိမ်းချမ်းစွာအာဏာလွှဲပေးခဲ့ သည်။

လူလားမြောက်ချိန်မှစ၍ လူ့သက်တမ်းတစ်ခု နည်းပါးတမျှ နှစ်ပေါင်းများစွာ အာဏာရှင်အုပ် ချုပ်ရေးဖြင့်သာ အကျွမ်းတ၀င် ရင်းနှီးလာသော ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတစ်ရပ် တက်လာ သောအခါ အောင်ပွဲတစ်ခုအဖြစ် ၀မ်းပန်းတသာ ဖြစ်ခဲ့ကြသည်။ ဒီမိုကရေစီဆိုသည်မှာ အရာရာပြီး မြောက်အောင်မြင်သည့် ပန်းတိုင်တစ်ခုအဖြစ် ချက်ချင်းလက်ငင်း နိုင်ငံတိုးတက်မှု၊ စီးပွားရေး အ ဆင်ပြေမှုနှင့် လူမှုရေးတိုးတက်မြင့်မားမှုတို့ကို မျှော်လင့်ထားကြသည်။

အစိုးရအသစ်တက်လာပြီး ရှစ်လကျော်ကျော်အကြာအထိ သိသာထင်ရှားသော ပြောင်းလဲမှု မျိုးမမြင်တွေ့ကြရဘဲ ငွေတန်ဖိုး ကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အမှုအခင်းများနှင့် တရားဥပဒေကို စိန်ခေါ်သော ရာဇ၀တ်မှုများ များ ပြားလာမှု၊ တိုင်းရင်းသားလက် နက်ကိုင်တိုက်ပွဲများနှင့် ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ  အကြမ်းဖက်မှုများကြောင့် ပြည် သူအများအပြားက အစိုးရသစ်နှင့် ဒီမိုကရေစီအပေါ်တွင် မေးခွန်း ထုတ်ခြင်းများရှိလာကြသည်။ ယခင်ဦးသိန်းစိန်အစိုးရနှင့် နှိုင်း ယှဉ်ပြောဆိုမှုများကို အဖွဲ့အစည်း အုပ်စုတစ်ခုက သိသိသာသာလုပ် လာသည်ကိုလည်း တွေ့ရသည်။

ဒီမိုကရေစီသည် ပန်းတိုင်မဟုတ် လမ်းခရီးတစ်ခုသာ ဖြစ်သည်

တကယ်တော့ ဒီမိုကရေစီ ဆိုသည်မှာ လမ်းခရီးတစ်ခုဖြစ်ပြီး ပန်းတိုင်မဟုတ်ကြောင်း မြန်မာ ပြည်သူများ နားလည်မှုလွဲခဲ့ခြင်း ကြောင့် ထိုကဲ့သို့သော မေးခွန်း များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရခေတ်က တိုင်းပြည်ကို တိုးတက်လိုစိတ်ဖြင့် လူမမာကိုဆေးမြီးတိုများ တိုက် ကာ တာဝေးအပြေးပြိုင်ပွဲဝင်ခိုင်း သလို လုပ်မိခဲ့သည်။ ပြိုင်ပွဲအစ တွင် ငေါက်ခနဲ ထပြေးသွားသဖြင့်ပရိသတ်များ လက်ခုပ်ဝိုင်းတီးကြ

သည်။ သို့သော် လမ်းခုလတ်တွင် အမောဖောက်ကာ လဲသွားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် လူနာကို ဆေးအရင်ကုပြီးမှ တာဝေးပြေး ခိုင်းဖို့ ကြိုးစားနေပုံရသည်။ အိပ် ရာထဲတွင် ပက်လက်လဲနေသောလူမမာကို ဘေးကပရိသတ်ကအားမရ၊ အတင်းထပြေးခိုင်းသည်။ ယခင်သမားတော် လက်ထက်က ဒီလိုပဲ ပြေးထွက်သွားတာပဲလို့ ၀ိုင်းပြောသည်။ ဒီသမားတော်က တော့ ခေါင်းမာသည်။ မည်သူ့စ ကားကိုမျှ နားမထောင်။ နာတာ ရှည်ရောဂါကို အမြစ်ပြတ်အောင် ကုမည်ဟု စိတ်တုံးတုံးချထားပုံရ သည်။

တကယ်တော့ မြန်မာ့ဒီမိုက ရေစီ လမ်းခရီးသည် ယခုမှ တာ ထွက်ရုံပင်ရှိသေးသည်။ မြန်မာ နိုင်ငံဒီမိုကရေစီနိဒါန်းကို လေ့လာ ရသလောက် တင်ပြပေးရလျှင် ..

ခြင်းတောင်းကို စောင်အုပ်ထား တဲ့ ဒီမိုကရေစီ

တစ်ခါက ဟောပြောပွဲတစ် ခုတွင် ကာတွန်းဆရာအော်ပီ ကျယ်ဟောပြောခဲ့ဖူးသည်ကို အ မှတ်ရမိသည်။ ၁၉၈၈ အရေးအ ခင်းကာလက တကယ်ဖြစ်ခဲ့သည် ဟု ဆိုသည်။ အရေးအခင်းကာလ တွင် တစ်နိုင်ငံလုံးဒီမိုကရေစီ ရရှိ ရေးဆိုပြီး တောရော မြို့ပါမကျန် ဆန္ဒပြကြသည်။ ရွာတစ်ရွာတွင် လည်း ရပ်ကွက်ကောင်စီဥက္ကဋ္ဌ အိမ်ရှေ့သို့ ရွာသားတွေ သွားဆန္ဒ ပြကြသည်။ အများဆန္ဒပြသလို ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုပြီး အိမ်ရှေ့မှ ကြွေးကြော်ကြသည်။ မြို့ပေါ်တွင် ခေါင်းဖြတ်ခံရမှု၊ ရဲစခန်းဝင်စီးမှုတွေကိုကြားပြီး ကောင် စီဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌကတော်တို့ လန့် ဖျပ်နေကြသည်။ ကောင်စီဥက္ကဋ္ဌ ကို သူ့မိန်းမကနေပြီး ရွာသားတွေ  တောင်းနေတဲ့ ဒီမိုကရေစီကိုအ မြန်ပေးလိုက်ရန်နှင့် လူကိုအန္တ ရာယ်ပြုလျှင် ဒုက္ခရောက်မည်ဖြစ် ကြောင်း ပြောလိုက်ရာ ကောင်စီ ဥက္ကဋ္ဌကလည်း ငါကပေးတော့ ပေးချင်ပါရဲ့ ဒါပေမဲ့ သူတို့ပြောနေ တဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းငါ မသိဘူးဟု ပြန်ပြောလိုက်သည်။ ဒီလိုနှင့် ဥက္ကဋ္ဌကတော်လည်း အ ပြင်ထွက်ရွာသားတွေနှင့်တွေ့ပြီး ဘာကိုပေးရမည်နည်းဟု မေး သည်။ ရွာသားတွေကလည်း ဒီမို ကရေစီဆိုတာ ဘာမှန်းမသိ။ ဒါ နှင့် ဒီမိုကရေစီရရှိရေး ဒို့အရေးပဲ ဆက်အော်နေသည်။ နောက် တော့ ရရင်ရ၊ မရရင်ချတွေပါ ပါ လာသည်။ ဒါနဲ့ကြံရာမရတဲ့အဆုံး ခြင်းတောင်းတစ်လုံးကို စောင်အုပ် ပြီး ကဲ မင်းတို့တောင်းနေတဲ့ ဒီမိုက ရေစီယူသွားပေတော့ဆိုပြီး ဥက္ကဋ္ဌ က ပေးလိုက်သည်။ သည်တော့မှ  ရွာသားများလည်း ကျေနပ်ပြီးပြန် သွားကြတော့သည်။

မြန်မာပြည်လက်ရှိအစိုးရ ရင်ဆိုင်နေရသော ပြဿနာသည် ပြည်သူများ၏ ဒီမိုကရေစီအပေါ် နားလည်မှုဖြစ်သည်။ ဖြစ်ပေါ်နေ သော မကျေနပ်ချက်များသည် ဒီမို ကရေစီဆိုသည်မှာ ဆုလာဘ်တစ် ခု၊ ပန်းတိုင်တစ်ခုဟု ထင်နေသော စိတ်ဖြစ်သည်။

တကယ်တော့ ဒီမိုကရေစီဆို သည်မှာ ခြင်းတောင်းကိုစောင် အုပ်ထားသလိုမျိုး ပစ္စည်းတစ်ခု၊ ရယူရမည့်အရာတစ်ခု မဟုတ်ပေ။ဒီမိုကရေစီဆိုသည်မှာ တိုင်းပြည် အုပ်ချုပ်မှု နည်းစနစ်တစ်ခုဖြစ်ပြီး အမေရိကန်၏ ၁၆ ယောက်မြောက် သမ္မတအေဗရာဟင်လင်ကွန်းက ‘‘ဒီမိုကရေစီစနစ်သည် ပြည်သူ များ ရွေးကောက်တင်မြှောက် သော ပြည်သူ့အစိုးရမှ ပြည်သူများ အတွက် အုပ်ချုပ်ခြင်းဖြစ်သည်’’ ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ပြည်သူ့အတွက် ပြည်သူ့အစိုးရ

ယခုလက်ရှိအစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော ပြည်သူ့အစိုးရဖြစ် သည်ဆိုသည်မှာ မည်သူမျှငြင်း၍ မရပေ။ သို့သော် ပြည်သူအများ ထင်နေသလို ချက်ချင်းလက်ငင်း ကြီး တိုင်းပြည်တိုးတက်သွားအောင်တော့ ဒီမိုကရေစီစနစ်ဖြင့် မျက်လှည့်ပြလိုက်သလို လုပ်၍တော့ မရနိုင်ပေ။

 အဓိက အရေးပါသော အ ချက်က အစိုးရသည် မည်သူ့အ တွက် အလုပ်လုပ်နေသနည်းဟူ သည့် အချက်ဖြစ်သည်။ ဒီမိုကရေ စီအစိုးရမှန်လျှင် ပြည်သူအတွက် အလုပ်လုပ်ရမည်ဖြစ်သည်။

လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဦးဆောင်သော အစိုး ရ၏ လုပ်ရပ်များကိုကြည့်လျှင် မည်သူ့အတွက် အလုပ်လုပ်နေ သည်ကို အထင်းသားတွေ့နိုင်ပေ မည်။ လူအများက အစိုးရသစ် တက်လာချိန် လအနည်းငယ်အ တွင်း လျှပ်စစ်မီးမှန်မှန်မလာမှုကို ဝေဖန်ကြသည်။ ထိုလျှပ်စစ်မီးမှန် မှန်မလာခြင်းသည် မီးအားပိုလျှံ နေပါသည်ပြောပြီး ထွက်သမျှ သဘာဝဓာတ်ငွေ့တွေကို တိုင်း တစ်ပါးသို့ ရောင်းစားခြင်းကြောင့် လား၊ ခေတ်အဆက်ဆက်က ပြု ပြင်ထိန်းသိမ်းမှု သေသေချာချာ မလုပ်ခဲ့သည့်အတွက်နှင့် ထွက်သ မျှ စွမ်းအင်အကုန်လုံး ယခင်အစိုး ရလက်ထက်က တိုင်းတစ်ပါးကို ရောင်းခဲ့သည့် အတွက်ကြောင့် လားဆိုသည်ကို ကွဲကွဲပြားပြားသိဖို့လိုပေမည်။

ငွေတန်ဖိုးလျော့ကျမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့သည် လည်း ဒီမိုကရေစီနိုင်ငံတိုင်း ဖြစ် လေ့ဖြစ်ထရှိသော အလေ့အထ များဖြစ်သည်။ အစိုးရအနေဖြင့် ဈေးကွက်ကို တည့်မတ်မှုသာ ပေး နိုင်သည်။ ထိန်းချုပ်မှုလုပ်၍ မရ ပေ။ ယခင်အာဏာရှင်အစိုးရများ လုပ်သလို ဒေါ်လာအရောင်းအ ၀ယ် လုပ်သူတွေကို အချုပ်ထဲဖမ်း ထည့် ဈေးကြီးကြီးရောင်းသူတွေ ကို အရေးယူသကဲ့သို့ ဆေးမြီးတို များဖြင့် ကုစား၍မရပေ။ ထိုဆေး မြီးတိုများကလည်း မည်သည့်အခါ ကမှ အရာရောက်ခဲ့ခြင်း မရှိပေ။

 လက်ရှိ အစိုးရ အနေဖြင့် ပြည်သူ့အတွက်ဟူသော ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်နေသမျှ ရေ ရှည်တွင် ပြည်သူများအကျိုးဖြစ် ထွန်းပြီး တိုင်းပြည်တိုးတက်လာ မည် ဖြစ်သည်။

ဒီမိုကရေစီဘိုးအေ အမေရိကန် ပြည်ထောင်စုတွင်လည်း ပြည်တွင်းစစ်မကင်းခဲ့

လက်ရှိအစိုးရအတွက် အဓိ ကစိန်ခေါ်မှုသည် တိုင်းရင်းသား များအားလုံးနှင့် ငြိမ်းချမ်းရေးရယူ ရန် ဖြစ်သည်။ မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့ အများဆုံးဟု စံတင်လောက်အောင် အဓိကလူ မျိုးစုအားလုံးနီးပါးတွင် လက်နက် ကိုင်တပ်များရှိကြပြီး အခွင့်အရေး များ တောင်းနေကြသည်။ ထိုပြ ဿနာသည် တိုင်းရင်းသားလူမျိုး စု ပြဿနာဖြစ်နေသောကြောင့် အခြားနိုင်ငံများမှာလို ပုန်ကန်သူ များကို ချေမှုန်းရုံဖြင့် တိုင်းရင်းသား လက်နက်ကိုင်ပြဿနာများ ပြေ လည်သွားမည်မဟုတ်ပေ။

ခေတ်သစ်ဒီမိုကရေစီ၏ ဘိုး အေဟု တင်စားနိုင်သည့် အမေရိ ကန်ပြည်ထောင်စုသည်ပင်လျှင် ပြည်တွင်းစစ်ဖြင့် မကင်းခဲ့ပေ။

၁၈၆၁ မှ ၁၈၆၅ အထိ လေးနှစ် ကြာစစ်ပွဲအတွင်း လူပေါင်း ခြောက်သိန်းမှ ခုနစ်သိန်းအထိ အသက် ဆုံးရှုံးခဲ့ရသည်။ စစ်ပွဲဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းသည် ကျွန်ပြုမှုစနစ်ကို လက်ခံသည်၊ လက်မခံသည်မှ စတင်ပြီးအခြား ကွဲပြားသော အယူဝါဒများကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် တောင်နဲ့မြောက် ပြည်ထောင်စု များ ပြန်ပေါင်းစုကာ ကမ္ဘာ့အင် အားကြီး ဒီမိုကရေစီ၏ ဦးဆောင် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း စစ် မှန်သော ဒီမိုကရေစီလမ်းစဉ်ဖြင့် တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး ယုံ ကြည်ရိုင်းပင်းမှု တည်ဆောက်နိုင် လျှင် ငြိမ်းချမ်းရေးလမ်းအလိုလို ပွင့်လာမည် ဖြစ်သည်။

ဒီမိုကရေစီတွင် ခေါင်းဆောင်က အဓိကမဟုတ်

မြန်မာလူမျိုးအများအပြား စိုးရိမ်နေကြသော အချက်တစ် ချက်ရှိသည်။ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေးမှ အနားယူသွား လျှင် နောက်ဆက်ခံမည့် ခေါင်း ဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ရှာမတွေ့ခြင်း ဖြစ်သည်။ တကယ်တမ်း ဒီမိုကရေစီနိုင်ငံတွင် ခေါင်းဆောင်သည် အရေးမပါ တော့ပေ။ အမေရိကန်နိုင်ငံတွင် မည်သူသမ္မတဖြစ်ဖြစ် အရေးမ ကြီး။ အရေးကြီးသည်မှာ သင့်လျော်သည့် သမ္မတကိုရွေးချယ်မိဖို့ဖြစ် သည်။ လေးနှစ်တစ်ကြိမ်ပြုလုပ် သော ရွေးကောက်ပွဲတွင် ကိုယ်အ လိုမရှိသည့် သမ္မတကိုဖြုတ်ချခွင့် ရှိသည်။ ထိုသမ္မတ၏ လုပ်ပိုင်ခွင့် များကို လွှတ်တော်မှ ပြန်လည် ထိန်းချုပ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေနှင့်လည်း နောင်ပေါ်မလာနိုင် သည့် သူလိုလူမျိုးတစ်ယောက်ကို ပါတီအတွက် မွေးထုတ်မနေတော့ ဘဲ တိုင်းပြည်ဒီမိုကရေစီအခြေခံ အဆောက်အအုံ တည်တံ့ခိုင်မြဲမှု အတွက် ပိုပြီး ဂရုစိုက်လုပ်နေပုံရ သည်။

ဒေါ်အောင်ဆန်းစုကြည် မရှိ တော့သည့်နောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အ စိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်။ သို့သော် ဒီမိုကရေစီစနစ်အမြစ် တွယ်သွားလျှင် ထိုအချက်သည် လွန်စွာစိုးရိမ်ဖွယ် အချက်တစ်ခု မဟုတ်တော့။ မြန်မာနိုင်ငံလွတ် လပ်ရေးရပြီးနောက်ပိုင်း တိုင်း ပြည်မွဲသွားခြင်းသည် ဖဆပလ အဖွဲ့နှစ်ခြမ်းကွဲသွားခြင်းကြောင့် မဟုတ်ပေ။ စစ်တပ်မှ အာဏာ သိမ်းပြီး အာဏာရှင်စနစ်ဖြင့် အုပ် ချုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။

ဒီမိုကရေစီနိဒါန်း

တကယ်တမ်း ၇၅ ရာခိုင်နှုန်း သာရရှိထားသော အရပ်သားအ စိုးရအုပ်ချုပ်သော ဒီမိုကရေစီကို ရရှိခြင်းသည် လပိုင်းလောက်သာ ရှိသေးသည်ကို မမေ့သင့်ပေ။ အခြားအောင်မြင်သော ဒီမိုကရေ စီနိုင်ငံများမှာလည်း လပိုင်းဖြင့် တိုင်းပြည်ကို တည်ထောင်လာကြ သည်မဟုတ်။ မြန်မာပြည်လို အဘက်ဘက်မှ ယိုယွင်းနေသော တိုင်းပြည်အတွက် ဒီမိုကရေစီ လမ်းကြောင်းသည် ပိုမိုခက်ခဲမည် ဖြစ်သည်။ ဒီအချိန်တွင် စောင်အုပ် ထားသော ခြင်းတောင်းကိုဒီမိုက ရေစီအဖြစ် မှတ်ယူနေသူများ ဒီမို ကရေစီအနှစ်သာရကို နားလည် လာပြီး အတူတကွ ခရီးလမ်းကို လျှောက်လှမ်းကြဖို့ ပိုအရေးကြီး သည်။