ဒုတိယအခွေအတွက် အချိန်ပေးစီစဉ်နေတဲ့ ဝိုင်းလေး

ဓာတ်ပုံ-စိုင်းဇော်

ဒုတိယတစ်ကိုယ်တော် အခွေအတွက် ပရိသတ်ရင်ထဲသို့ ရောက်နိုင်မည့် သီချင်းများကို ရွေးချယ်နေသောကြောင့် အချိန် ပေးရဦးမည်ဖြစ်ကြောင်း ဝိုင်းလေးက ပြောသည်။

‘‘သီချင်းတွေကတော့ ဒုတိ ယအခွေကျ ပိုပြီးလောဘကြီးလာ တယ်။ ရွေးချယ်ရတာ အခက်အခဲ ဖြစ်တယ်။ သီချင်းတွေက ရတယ်။ဒါပေမဲ့ အားမရတော့ ပြန်ရှာရ တာမျိုးရှိတယ်။ အခုလောလော ဆယ်က တစ်ဝက်လောက်ပဲရှိ သေးတယ်ဆိုတော့ ပရိသတ်တွေ ကို အချိန်လေးနည်းနည်းစောင့်ပြီး အားပေးစေချင်တယ်’’ဟု ၎င်းက ပြောသည်။

ပထမတစ်ကိုယ်တော်အခွေ တွင် မိန်းကလေးပရိသတ်များအ ကြိုက် အဆွေးသီချင်းများသော ကြောင့် ဖျော်ဖြေပွဲများ၌ သီဆိုရာ တွင် အဆင်ပြေမည့် သီချင်းအ မြူးများကို ဒုတိယအခွေတွင် ထည့်သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘ဒုတိယအခွေမှာ လူသား အားလုံးအတွက် အကျိုးရှိမယ့် သီချင်းတွေ၊ ဘဝနဲ့ဆိုင်တဲ့ သီချင်းတွေလည်းပါမယ်။ နောက်ပြီး ပထမအခွေနဲ့ တော်တော်ကြီးကို ကွဲထွက်ချင်တော့ တော်တော်ကို စဉ်းစားရွေးချယ်နေရတယ်’’ဟု ဝိုင်းလေးက ပြောသည်။

ဒုတိယတစ်ကိုယ်တော်အ ခွေ၏ အမည်ကိုလည်း ပထမတစ် ကိုယ်တော်အခွေကဲ့သို့ပင် ၎င်း၏ ပုံရိပ်တစ်ခုနှင့်တွဲ၍ မှတ်မိစေမည့် အမည်တစ်ခုကို စဉ်းစားထား ကြောင်း ၎င်းက ဆိုသည်။

‘‘ညီမက Miss Myanmar World ဆုလည်းရထားတယ်။ ဂီတပိုင်းမှာလည်း လှုပ်ရှားနေတာ ဆိုတော့ ညီမကို ထင်ဟပ်စေမယ့် ပုံစံနဲ့ပတ်သက်တာတွေပါမယ်။ သီချင်းနဲ့ ဝိုင်းလေးတွဲသိသလိုမျိုး ဖြစ်စေချင်တယ်’’ဟု ဒုတိယတစ် ကိုယ်တော်အခွေအတွက် အမည် ပေးရန် စဉ်းစားထားသည့်အ ကြောင်း ဝိုင်းလေးက ပြောသည်။

ဝိုင်းလေးသည် ၂၀၁၅ အ တွင်းက ၎င်း၏ ပထမဆုံးတစ် ကိုယ်တော်အခွေ Selfie စီးရီး ထွက်ရှိခဲ့သည်။

Top News