ကာဘယ်လိုနုတ်ထွက်ပြီး အဖွဲ့ဝင်လေးဦးပါဝင်သော ပထမဆုံး တရားဝင်ဓာတ်ပုံကို ဖြန့်ချိခဲ့တဲ့ Fifth Harmony

မကြာသေးမီက အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ပြီး နောက် Fifth Harmony အဖွဲ့ သည် ကျန်အဖွဲ့ဝင်လေးဦးသာ ပါဝင်သော ပထမဆုံး တရားဝင် ဓာတ်ပုံကို တွစ်တာစာမျက်နှာ တွင် ဖော်ပြခဲ့သည်။

ထိုဓာတ်ပုံတွင် အဖွဲ့ဝင် အယ်လီဘရိုကီ၊ နော်မန်နီကိုဒီ၊ ဒီနာဂျိန်းနှင့် လူရန်ဂျူရီဂူတို့က အနီရောင်ဝတ်စုံများကို ဆင်မြန်း ရိုက်ကူးထားသည်ကို တွေ့ရ သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ် က ပေါ့ပ်အမျိုးသမီး အဆိုတော် အဖွဲ့ Fifth Harmony က အဖွဲ့ ၀င် ကာဘယ်လိုနုတ်ထွက်မည့်အ ကြောင်းကို ၎င်းတို့၏ အင်စတာ ဂရမ်အကောင့်တွင် ဖော်ပြခဲ့ သည်။

‘‘ကျွန်မတို့ လေးနှစ်ခွဲကာလ အတူတူရှိခဲ့ပြီးတဲ့နောက်မှာ အဖွဲ့ ၀င် ကာဘယ်လိုက Fifth Harmonyကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက် တဲ့အကြောင်းကို သူ့ကိုယ်စား ပြောပြလိုက်ပါတယ်။ ကျွန်မတို့ သူ့အတွက် ဆုတောင်းပေးပါ တယ်’’ဟု ၎င်းတို့က ဖော်ပြခဲ့ သည်။

Fifth Harmony အဖွဲ့ကို ၂၀၁၂ တွင် အမေရိကန် အမျိုး သမီးအဆိုတော်အဖွဲ့ဝင် ငါးဦး ဖြင့် စတင်ဖွဲ့စည်းပြီး ၎င်းတို့၏ ‘Worth It’ နှင့် ‘Work Form Home’ သီချင်းတို့မှာ လူငယ်များ အကြား အလွန်ရေပန်းစားခဲ့ သည်။                  Ref:eonline