Seo Bok ဇာတ်ကားသစ်မှာပါဝင်သရုပ်ဆောင်ဖို့ အလားအလာများတဲ့ မင်းသား ပက်ခ်ဘိုဂမ်

 အသက် (၂၃)နှစ်အရွယ် တောင်ကိုရီးယားမင်းသား ပက်ခ် ဘိုဂမ်သည် မကြာမီ ဖြန့်ချိမည့် ‘Seo Bok’ အမည်ရ ရုပ်ရှင်ကား သစ်တစ်ခုတွင် ပါဝင်သရုပ် ဆောင်မည်ဖြစ်ကြောင်း သတင်း များအရ သိရသည်။

ပက်ခ်ဘိုဂမ်၏ ကုမ္ပဏီ Blossom Entertainment က ‘‘မင်းသား ပက်ခ်ဘိုဂမ်က ‘Seo Bok’ ဇာတ်ကားအတွက် ဇာတ် ညွှန်းတွေကို မကြာသေးခင်ကပဲ ရရှိခဲ့တယ်။ ပါဝင်သရုပ်ဆောင် မယ်ဆိုတာကတော့ ဘာမှ အ တည်မပြုသေးဘူး’’ဟု ပြောကြား သည်။

‘Seo Bok’ ဇာတ်ကားသစ် ကို ဒါရိုက်တာ လီယောက်ဂျူးက ရိုက်ကူးမည်ဖြစ်ပြီး ထိုဇာတ်ကား သည် အသက်ရှည်ဆေးလိုက်ရှာ ရန် ပင်လယ်ပြင်အနှံ့ ခရီးဆန့်သူ အကြောင်းကို ဒဏ္ဍာရီဆန်ဆန် အခြေခံပုံဖော်ထားခြင်းဖြစ်သည်။

Ref:Allkpop

Top News