ဂီတပွဲတွေမှာ ပါဝင်ဖျော်ဖြေဖြစ်တဲ့အကြောင်း ပြောပြတဲ့ ထွန်းကိုကို

ဂီတဖျော်ဖြေပွဲများတွင် သီချင်းပါဝင်သီဆိုဖြစ်သော်လည်း အဆိုတော်အနေဖြင့် တစ်ကိုယ် တော်အခွေထုတ်ရန် အစီအစဉ် မရှိသေးကြောင်း ထွန်းကိုကိုက ပြောသည်။

‘‘ဂီတပိုင်းမှာ ပိုတွေ့လာရ တာက ကျွန်တော့်ကို ကမ်းလှမ်း တာတွေကြောင့် ပွဲတွေဆိုဖြစ်နေ တာပါ။ အဆိုတော်လုပ်ဖို့တော့ မဟုတ်ပါဘူး’’ဟု ထွန်းကိုကိုက ပြောသည်။

ထွန်းကိုကိုသည် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သော အဆို တော် နီနီဝင်းရွှေ၏ ဖျော်ဖြေပွဲ၊ မေရွက်ဝါ၏ အမှတ်တရ ဖျော် ဖြေပွဲများတွင် ပါဝင်သီဆိုသည်။

‘‘မြန်မာသံစဉ်သီချင်းတွေကို ဆိုရတာဆိုတော့ စိုးရိမ်စိတ်ပိုရှိ တယ်။ ပိုပြီးလည်း အလေးထားရ တယ်။ ဆိုရတာကလည်း တကယ့်ကို နိုင်ငံကျော်အဆိုတော်တွေနဲ့ ဆိုရတာ။ ဒီပွဲမှာပါတာကလည်း တကယ့်ဂန္ထဝင်အဆိုတော်ကြီး တွေ၊ ကိုယ့်ဘက်ကလည်း အ ကောင်းဆုံးဖြစ်အောင်တော့ ဆိုပါတယ်။ နောက်ပြီး Live ဆိုရတာ ဆိုတော့ ကိုယ့်ဘက်က ပြင်ဆင်  မှုတွေ အများကြီးလုပ်ရပါတယ်’’ ဟု နီနီဝင်းရွှေနှင့် ဂန္ထဝင်အဆို တော်ကြီးများ၏ ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုရသည့် ခံစားချက်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်က နာရေးကူညီမှုအသင်း ရန်ကုန်၌ ပြုလုပ်သော ဂျပန်-မြန်မာပရ ဟိတဈေးရောင်းပွဲတော်နှင့် ချစ် ကြည်ရေး တေးဂီတဖျော်ဖြေပွဲ တွင်လည်း ဂျပန်အဆိုတော် Junko Suwa နှင့်အတူ သီချင်းများဖျော်ဖြေခဲ့ကြောင်း ၎င်းက ဆို သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ရတနာပုံ ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံထား ကြောင်း ၎င်းက ဆိုသည်။

‘‘ရတနာပုံ ဇာတ်လမ်းတွဲက မပြီးသေးဘူး။ နောက်လမှ ဆက် ရိုက်မှာ။ ဒီကားလေးကတော့ မန္တလေးမှာ ကျောင်းတက်ကြတဲ့ လူငယ်အဖွဲ့ရဲ့ ဇာတ်လမ်းလေး ပါ။ ပေါ့ပေါ့ပါးပါးလေးပါပဲ’’ဟု ထွန်းကိုကိုက ပြောသည်။