လူမှုရေးလုပ်ကိုင်သော ကရင်အမျိုးသမီး အသတ်ခံရမှု သံသယရှိသူ ၃၀ ကို စစ်ဆေးပြီးသော်လည်း တရားခံ မမိသေး

 လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကရင်အမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်၍ နှစ် လအတွင်း သံသယရှိသူ ၃၀ ကိုစစ်ဆေးခဲ့သော်လည်း လူသတ်မှု တရားခံကို ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

‘‘အမှုမှန်မပေါ်မချင်း စစ် ဆေးနေမှာ ဖြစ်တဲ့အတွက် နှစ်လ လောက်လည်း ကြာချင်ကြာမယ်။ ဒီထက်လည်း ပိုကြာချင် ကြာနိုင် တာပဲ။ ကျွန်တော်တို့ဘက်က တော့ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံး လိုက်လုပ်တာပဲ။ အခု လည်း လုပ်နေတာပဲ’’ဟု တနင်္သာ ရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကပြောသည်။


သံသယရှိသူနှင့် သေဆုံးသူ ၏ ဆက်စပ်သူများကို စစ်ဆေး မေးမြန်းခဲ့သော်လည်း တရားခံမမိ သေးခြင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းကွင်းဆက်တည် ဆောက်နေဆဲဖြစ်၍ ပြောဆိုနိုင် ခြင်း မရှိသေးကြောင်း ငြင်းဆိုခဲ့ သည်။

အသတ်ခံရသူ ကရင်အမျိုး သမီးသည် ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေ သူဖြစ်ပြီး မြန်မာနိုင်ငံ ဂီတအ စည်းအရုံး ရန်ပုံငွေအဆိုပြိုင်ပွဲသို့ ဝါသနာအရ သီချင်းဆိုပြိုင်ခဲ့ပြီး နောက် နိုဝင်ဘာ ၁၉ ရက် ညက အသတ်ခံရခြင်းဖြစ်သည်။

အရပ်ဘက် အဖွဲ့အစည်း ၂၃ ဖွဲ့က အဆိုပါအမျိုးသမီး သေ ဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရေး၊ လူနေထူထပ်သော နေရာများတွင် ပွဲစီစဉ်သူများကို လုံခြုံရေးအပြည့်အဝပေးရေး နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ သည်။

သေဆုံးသူသည် အသက်(၂၂)နှစ်အရွယ်ခန့်ရှိပြီး မသေဆုံးမီ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန်အ ရေး၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဆုံးရှုံးခဲ့သောဒေသခံတို့၏ အရေးတို့တွင် ဆောင်ရွက်ခဲ့ပြီး မြေမြှုပ်မိုင်းအန္တရာယ် အကြံပေးအဖွဲ့၌လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။