တာချီလိတ်တွင် လက်ထိတ်ခတ်လျက် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မယ်ဟုတ်ချောင်းတွင် လက်ထိတ်နောက်ပြန်ခတ်လျက်ဖြင့် သေဆုံးနေ သည့် အမျိုးသားတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့နယ် ဖန်မင် ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းအစပ်တွင် ဇန်နဝါရီ ၅ ရက် နံနက်က အဆိုပါအလောင်းကို ဒေသခံများက စတင်တွေ့ရှိပြီး တာချီ လိတ်ရဲစခန်းသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။


‘‘အသတ်ခံရတဲ့သူက ဘယ် ကလူလဲဆိုတာကို မသိရသေး ဘူး။ အသက် (၄၀)ဝန်းကျင် လောက်ရှိပြီ။ သေဆုံးချိန်ကတော့ ငါးရက်လောက်ရှိပြီလို့ ခန့်မှန်းရ တယ်။ ဘာကြောင့်သတ်ရတာလဲ တော့ မသိသေးဘူး’’ဟု တာချီ လိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူ အမျိုးသား၏ ဦးခေါင်းငယ်ထိပ်တွင် ဆံပင်ကို အနည်းငယ်ရိတ်ထားပြီး ငယ် ထိပ်တည့်တည့်အား ဓားဖြင့်ထိုး ကာ သတ်ဖြတ်ခဲ့ပြီးနောက် ဦး ခေါင်းတစ်ခြမ်းကို မာကျောသည့် အရာဝတ္ထုဖြင့်ရိုက်ခဲ့၍ ခေါင်းတစ်ခြမ်းကြေနေကြောင်း အလောင်း ကို သယ်ယူပေးရာတွင် ကူညီလုပ်ကိုင်ပေးသည့် ဒေသခံ ဦးလှမိုးကပြောကြားသည်။

 ‘‘တာချီလိတ်မြို့နယ်မှာ တော့ ၂၀၁၇ အတွင်း လူသတ်မှု ပထမဆုံးပြောလို့ရတယ်။ ဒီနှစ် ထဲမှာ ကြိုးဆွဲချသေတာ နှစ်မှု၊ ပြီးရင် လူသတ်မှုကတော့ ပထမ ဆုံးပါ။ မျက်နှာက ပျက်နေပြီဖြစ် လို့ ဘယ်သူလဲဆိုတာကို စုံစမ်း နေတယ်။ အခုချိန်ထိတော့ သေ ဆုံးသူက ဘယ်သူလဲဆိုတာကို မသိရသေးပါဘူး’’ဟု ၎င်းက ပြောသည်။

 အဆိုပါ အမျိုးသား အ လောင်းကို စစ်ဆေးရာတွင် လက်ထိတ်နောက်ပြန်ခတ်ထားပြီး တီရှပ်အင်္ကျီနက်ပြာရောင်နှင့် ဂျင်းဘောင်းဘီအရှည်ကို ဝတ်ဆင် ထားကာ မှောက်လျက်အနေအ ထားဖြင့် သေဆုံးနေခြင်းဖြစ် သည်။

Top News