လောက်ကိုင်တွင် ကားဖြင့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

ဗုံးပေါက်ကွဲပြီးနောက် မီးလောင်ပျက်စီးသွားသောကား (ဓာတ်ပုံ − ရှမ်းပြည်နယ်ရဲတပ်ဖွဲ့)

 လောက်ကိုင်မြို့တွင် ကားဖြင့် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။

လောက်ကိုင်မြို့ တုံချိန်ရပ် ကွက်ရှိ ဟိုတယ်တစ်ခုအနီးတွင် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ခန့်က ကားတစ်စီးပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။ ဖောက်ခွဲသူက ကားနံပါတ်တပ်မထားသော မတ်တူး အမျိုးအစား အဖြူရောင်ကားတစ် စီးကို လမ်းပေါ်တွင်ရပ်၍ ဆင်းသွားပြီး နာရီဝက်ခန့်အကြာ၌ ပေါက်ကွဲမှုပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူဒေသ ခံအချို့က ပြောသည်။


ကား၏နောက်ခန်းမှ ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။ ဖောက်ခွဲမှုကျူး လွန်သူကို လိုက်လံစုံစမ်းနေပြီး ဒေသတွင်းလုံခြုံရေး ဂရုစိုက်နေ ကြောင်း ပြောသည်။ ပေါက်ကွဲမှု ကြောင့် ကားတစ်စီးလုံးမီးလောင် ခဲ့ပြီး မီးသတ်ကားလေးစီးဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့တွင် ၂၀၁၅ ဒီဇင် ဘာနှင့် ၂၀၁၆ စက်တင်ဘာအ တွင်း ကားဗုံးပေါက်ကွဲမှု အပါအ ဝင် ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွား ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖောက်ခွဲမှု ကျူးလွန်သူများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး နောက် အမျိုးသားခြောက်ဦးကို ၂၀၁၆ နိုဝင်ဘာ ၃ ရက်က ဖမ်းဆီး နိုင်ခဲ့သည်။